🌿 အခန်း ... ၃ 🌿

167 7 6
                                    

Unicode

" ဒေါ်ဒေါ်ဗျ "

မြူဆွေးလျာတို့ အိမ်၏ ခြံပေါက်ဝတွင် ဖြစ်သည်။ အရင်ဦးစွာ မြူဆွေးလျာကို ခေါ်ဖို့ရန် ဟန်ပြင်သော်လည်း မြူဆွေးလျာ အစား မြူဆွေးလျာ၏ မိခင်ကိုသာ တွေ့သောကြောင့် အော်ခေါ်မိပေသည်။ အိမ်ရှေ့ တံစက်မြိတ်အောက်တွင် ဆန်ပြာနေသော ဒေါ်ဆွေးမေမှာ ဆန္ဒမောင်၏ အသံကြောင့် ခြံပေါက်ဝသို့
ကြည့်လိုက်လေသည်။

ခြံထဲသို့ တန်းမဝင်လာပါဘဲ အပေါက်စပ်ကနေသာလျှင် လှမ်းပြီး အသံပြုသည်မှာ အိမ်ရှင်တွေအား ခွင့်တောင်း နေသည့် သဘောပင် ဖြစ်ချေသည်။

" ဝင်လာခဲ့လေ အမောင် "

ဒေါ်ဆွေးမေက မကောင်းတဲ့ ဆန်စိလေးတွေအား ရွေးရင်း လှမ်းပြောလိုက်သည်။ လှမ်းပြောပြီးသည်နှင့် စကောကို တစ်ချက် နှစ်ချက်လောက် အပေါ်မြှောက်လိုက်သည်။ ထိုအခါ အပေါ်သို့ လွင့်တတ်လာသော ခပ်ဖြူဖြူ ဆန်စိတို့မှာ ဖြူမှုန့်တို့ ကင်းစင်သွားချေသည်။

တစ်ရွာလုံးက အမောင် ဟုသာ ခေါ်ကြပါသော ထိုလူသားမှာ မြူဆွေးလျာ၏ မောင် ဟူသော ခေါ်သံကိုတော့ဖြင့် နားဝင်အချိုဆုံး ဖြစ်လေသည်။ သကာရည်လောင်းထားသကဲ့သို့ မျက်နှာဘေးဖြင့် ခြံဝန်းထဲသို့ ဝင်လာလေသည်။

ခြံထဲကို ဝင်ဝင်ချင်း ဦးစွာ ရလိုက်သည့် ရနံ့မှာ စံပယ်ပန်းရနံ့ကလေး ဖြစ်သည်။ ပန်းတွေ ကြိုက်သည်မှာ မြူဆွေးလျာပင် မဟုတ်။ မြူဆွေးလျာတို့ တစ်အိမ်သားလုံးပင် ဖြစ်ချေသည်။ ရနံ့တို့၏ လားရာကို ဝေ့ဝဲကြည့်မိသောအခါ အိမ်အပေါက်စပ်က စံပယ်ဖြူတွေကို ပြေးမြင်လိုက်သည်ပင်။

တစ်နေ့ မြူဆွေးလျာကို စံပယ်ပန်းတွေ ကြိုး
နှင့်သီကာ တယုတယ ပေးမည် ဟု တေးထားလိုက်သည်။ အိမ်က အစ်မကိုပင် တစ်ခါမှ ပန်းမပေးဖူးဘူး။ အစ်မကလည်း ပန်းကြိုက်ဖို့ နေနေသာသာ ပန်းရနံ့ရလျှင်ကို ခေါင်းမူးလွန်းလို့တဲ့။

" ဒေါ်ဒေါ် . . . မြူဆွေး ရှိသလား "

ဆန်စိတွေ ရွေးနေသော ဒေါ်ဆွေးမေ အနားသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်ရင်း ရိုသေစွာ မေးလိုက်လေသည်။ ပြီးနောက် ဒေါ်ဆွေးမေ ၏ အဖြေကို ကြားနာချင်သောကြောင့် အနားသို့ ကပ်သွားလိုက်တော့သည်။

~ မောင်သွားရာ ~Where stories live. Discover now