5 ~ Closer

490 58 13
                                    

​ထမင်းစားခန်းထဲသို့ ဝင်လိုက်သည်နှင့် စားပွဲ၌ အသင့်ထိုင်​​စောင့်နေသူ​ကြောင့် ဂယူဘင်း မသိမသာပြုံးလိုက်မိသည်။

သူ ​နေမ​ကောင်းဖြစ်ပြီး​နောက် မယ်မယ်တို့၏ဆူပူမှု​ကြောင့် ဖြစ်ဟန်ထင်၊ ထိုက​လေးက သူ့ကားနှင့်အတူလိုက်၍ ​ကျောင်းသွား​ကျောင်းပြန်လုပ်​လာရုံသာမက မနက်စာစားချိန်များတွင်ပါ အတူရှိ​​နေတတ်သည်မှာ နှစ်ပတ်နီးပါးရှိပြီဖြစ်၍ ရံဖန်ရံခါ နှစ်​ယောက်လုံး နန်း​ဆောင်၌သာ ညစာစားဖြစ်သည့်အချိန်များတွင်လည်း ဆုံတတ်ကြ​သေးသည်။

ရက်အနည်းငယ် အတူရှိပြီး​နောက် သတိထားမိလာသည့် ထိုက​လေး၏ ချစ်စရာ​ကောင်းသည့်အကျင့်တစ်ခုမှာ မနက်စာစားချိန်တိုင်း သူ့အား အတူ​စောင့်ပြီးမှ စားတတ်ခြင်း။ ပါးစပ်ကထုတ်မ​ပြော​သော်လည်း သူ အတန်းအတွက် လိုအပ်သည့်စာရွက်စာတမ်းများ ပြင်ဆင်ရင်း နောက်ကျ​နေသည့်​အ​ခေါက်တိုင်း စားပွဲ​ပေါ်ရှိ စားစရာများကို လုံးဝမထိဘဲ ဖုန်းသုံးရင်းသာ ​ထိုင်​စောင့်​နေတတ်သည်။

ယခုလည်း သူ ထမင်းစားခန်းထဲသို့ ဝင်လာသည့်အခါမှသာ ​​စားပွဲ​ပေါ်တွင်ချထားသည့် ​များပြားလှသည့် မနက်စာအမယ်များထဲမှ ခေါက်ဆွဲပန်းကန်အား ​လှမ်းယူ၍ မွှေ​နေသည်။ သို့​သော် အိမ်​ရှေ့စံပြောဖူးသကဲ့သို့ ငယ်စဥ်ကတည်းက ဖူးဖူးမှုတ် အလိုလိုက်ခံထားရသည့် မင်းသား​လေးဖြစ်​သော​ကြောင့်ထင်၊ ​ခေါက်ဆွဲပန်းကန်အား တူဖြင့်မွှေရာ၌ပင် နှံ့စပ်​အောင် မ​မွှေတတ်ဘဲ အခက်​တွေ့​နေရာ ဒီအတိုင်းကြည့်မ​နေနိုင်​တော့သဖြင့် သောက်လက်စ ​ကော်ဖီခွက်ကိုချကာ ​ခေါက်ဆွဲပန်းကန်အား လှမ်းယူ၍ ​မွှေ​ပေးလိုက်သည်။ ထိုအခါ မာနခဲ​လေးက ခပ်တည်တည်ကြည့်လာ၍ "​ကျေးဇူး" ဟု နှုတ်ခမ်းလှုပ်သည်ဆိုရုံ ပြောလာသည်။

နှစ်ပတ်နီးပါး မနက်စာအတူစား၍ ​ကျောင်းသွား​ကျောင်းပြန် အတူရှိပြီး​နောက် သူတို့နှစ်​ယောက်၏ကြားရှိ ဆက်ဆံ​ရေးမှာ ယခင်ထက် ပို၍ရင်းနှီးလာ​သော်လည်း လုံးဝစကားမ​ပြောသည့်အဆင့်မှ ​မေးတစ်ခွန်း၊ ​ပြောတစ်ခွန်း​အဆင့်သို့သာ တိုးတက်လာခြင်း။ ​

You've reached the end of published parts.

⏰ Last updated: Dec 20, 2023 ⏰

Add this story to your Library to get notified about new parts!

Your Royal HighnessWhere stories live. Discover now