Unicode
ယွင်လင်က မွန်းစတားများကို ရှောင်တိမ်းရင်း ကတ်များကို လေ့လာရန် လမ်းတလျှောက် မကြာခဏ ရပ်တန့်တတ်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်....
ယွင်လင်က ပိတ်ဖိနပ်ကို စီးထားပြီး ကျောပေါ်တွင် သစ်သားလေးတစ်လက်ကို သယ်ထားကာ ခါး၌ မြားကျည်တောက် ချိတ်ထား၍ ပန်းခြံအဝင်ဝသို့ ရောက်ရှိလာပေသည်။ရပ်ပြီး ကြည့်လိုက်သည့်အခါ သူမက အနီးတွင် မျောနေသည့် လိမ္မော်ရောင်ကတ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် နှစ်သက်ဖွယ် လိမ္မော်ရောင်အလင်းများဖြင့် တောက်ပနေပြီး လူအများကို မသိလိုက်မသိဘာသာနှင့် နီးကပ်ချင်လာအောင် ပြုလုပ်နေသည်။
သူမ၏ ပစ်မှတ်ကို မှင်စာငါးကောင်က စောင့်ကြပ်နေလေသည်။
".... အဲဒါက အသုံးအဆောင်ကတ်ဖြစ်မလား စကေးလ်ကတ်ဖြစ်မလား မသိဘူး။" ယွင်လင်က ရေရွတ်လိုက်သည်။
အသုံးအဆောင်နှင့် စကေးလ်နှစ်ခုလုံးတွင် အဆင့်လေးခုရှိပြီး အရောင်ဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။
သာမန် အသုံးအဆောင်နှင့် C အဆင့် စကေးလ်တို့တွင် အဖြူရောင်အလင်းများ တောက်ပနေမည် ဖြစ်သည်။အဆင့်မြင့်အသုံးအဆောင်နှင့် B အဆင့် စကေးလ်တို့က အပြာရောင်အလင်းတို့ တောက်ပသည်။
ရှားပါးအဆင့် အသုံးအဆောင်နှင့် A အဆင့်စကေးလ်တို့က ခရမ်းရောင် လင်းလက်ပေမည်။
ဒဏ္ဍာရီအဆင့် အသုံးအဆောင်နှင့် S အဆင့် စကေးလ်တို့က လိမ္မော်ရောင် လင်းလက်တောက်ပနေမည် ဖြစ်ပေသည်။
သူမက ကြိုးစားခဲ့ပြီး နောက်ဆုံး၌ သင့်တော်ခြင်းမရှိသည့် S အဆင့် စွမ်းရည်တစ်ခုခုသာ ဖြစ်နေလျှင် သူမသာလျှင် အကြီးအကျယ် ဆုံးရှုံးရမည် ဖြစ်သည်။
ယွင်လင် အတွေးနက်နေချိန် သူမက ရုတ်တရက် တစ်စုံတစ်ယောက် မေးလာသည်ကို ကြားလိုက်ရသည်။ "အတူတူကြိုးစားကြည့်မလား။"
YOU ARE READING
ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)
Fantasyယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)