Unicode
ယွင်လင်က ချန်းဟန်ကို ပြောလိုက်သည်။ "မွန်းစတားတွေက အများကြီးရှိနေတာ။ မြန်မြန်ဆန်ဆန် ရှင်းလင်းခံရဦးမှာ မဟုတ်ဘူး။"
ထို့ပြင် ၎င်းတို့က ရှင်းလင်းခံလိုက်ရလျှင်ပင် ဂိမ်းက ထပ်မံ၍ ပေါင်းထည့်ပေးလိမ့်ဦးမည် ဖြစ်သည်။
အနာဂတ်၌ ဘာဖြစ်လာမည်ကို မည်သူကမှ ကြိုတင်မသိနိုင်ကြပေ။
သတင်းဆိုးကို ကြားသည့်အခါ ချန်းဟန်က တခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့သည်။
"ကောင်မလေး မင်းမှာ သွားစရာနေရာရှိလား။ ကျုပ်တို့နဲ့အတူ ဒီမှာနေရင်ရော ဘယ်လိုလဲ။" ချန်းဟန်က ဖိတ်ခေါ်လိုက်သည်။"ပထမထပ်က ခေါက်ဆွဲဆိုင်လေ။ ဒုတိယထပ်မှာ အိပ်ခန်းတွေရှိတယ်။ စတိုခန်းထဲမှာ ဆန်နဲ့ဂျုံတွေလည်း အများကြီး ရှိတာမို့ ကျုပ်တို့ လအနည်းငယ်ကြာအောင် စားဖို့ လုံလောက်တယ်။"
ယွင်လင်က ခေါင်းယမ်းရင်း ငြင်းဆန်လိုက်သည်။ "ကျွန်မမှာ နေစရာနေရာရှိတယ်။ အခုက အစားအသောက် ထွက်ရှာရုံပဲ။"ထိုသည်ကို ကြားသည့်အခါ ချန်းဟန်က အဆောတလျင်ပြောလိုက်၏။ "ဒီမှာခဏစောင့်။ မင်းအတွက် ကျေးဇူးတင်လက်ဆောင်အနေနဲ့ ဆန်နဲ့ ဂျုံ တစ်အိတ်စီပေးဖို့ စတိုခန်းကို ခဏသွားလိုက်ဦးမယ်။"
ယွင်လင်က တစ်ခုခုပြောချင်သော်လည်း ချန်းဟန်က အပေါ်ထပ်သို့ တက်သွားခဲ့ပြီ ဖြစ်သည်။
"ယူလိုက်ပါ။" ချန်လင်းကလည်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "မင်းက အစ်မတို့ တစ်မိသားစုလုံးကို ကယ်ခဲ့တာ ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ဘူး။ ဆန်နဲ့ ခေါက်ဆွဲတွေက အစ်မတို့ရဲ့ ကျေးဇူးတင်မှုကို ပြသတာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
ယွင်လင်က တွေးလိုက်သည်။ အမှန်တကယ်၌ သူမက သူတို့ကို ဂျုံထက် ဆန်နှစ်အိတ်ပေးလို့ရနိုင်မလားဟု မေးချင်ခဲ့သည်။
သို့သော် ခဏမျှ တွေးကြည့်ပြီးနောက် တချို့တလေ ရှိထားသည်ကပင် ကောင်းနေပြီဖြစ်ကာ တစ်စုံတစ်ယောက်က အလွန် ကပ်သတ်မနေသင့်ပေ။ ထို့ကြောင့် သူမက ထိုအကြောင်းကို ထုတ်မပြောတော့ဘဲ နေလိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)
Fantasyယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)