Unicode
တစ်ခါတစ်ရံ၌ စခန်း၏ အပြင်ဘက်မှနေ၍ ပြေးလွှားသံ၊ တိုက်ခိုက်သံနှင့် အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။
အစပိုင်းတွင် စခန်းအတွင်း နေထိုင်သူများမှာ သူတို့၏ ခေါင်းမွေးများ ထောင်ထလာသည်အထိ ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် သူတို့က ဆက်လက် နားထောင်နေရင်း အသားကျသွားခဲ့၏။
ဟောက်သံသဲ့သဲ့ထွက်ပေါ်လာသည်။
လူတိုင်း အိပ်ပျော်သွားကြပြီ ဖြစ်၏။
သိုလှောင်ရုံအတွင်းမှ ယွင်လင်က နယ်မြေ၏ ဝင်းဒိုးကို လေ့လာနေဆဲ ဖြစ်သည်။ သူမတွင် ဘဏ္ဍာရေးအကန့်အသတ်ရှိပြီး သော့ဖွင့်နိုင်သည့် အဆောက်အဦးကလည်း အကန့်အသတ်ရှိသည်။ သူမက ဆုံးဖြတ်ချက်တိုင်းကို ဂရုတစိုက်ချမှတ်ရမည် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် သူမက နောက်ဆုံး၌ ရွေးချယ်မှုကို ဆုံးဖြတ်လိုက်သည်။ သူမက 'တာဝန်ခန်းမ'ကို သော့ဖွင့်ရန် ရွေးချယ်လိုက်၏။သူမ 'Yes' နှိပ်လိုက်သည့်အချိန်၌ ကြေးနီပြား ၁၀၀ နှုတ်ယူခံလိုက်ရပေသည်။
တာဝန်ခန်းမက သိုလှောင်ရုံ၏ ဘေးတွင် နေရာယူသွားပြီး သုံးစက္ကန့်အတွင်း တည်ဆောက်ပြီးစီးသွားလေသည်။ထိုအရာအားလုံး ပြုလုပ်ပြီးနောက် ယွင်လင်က ဝန်ထုပ်ဝန်ပိုးအား လွှတ်ချလိုက်သလို စိတ်သက်သာသွားခဲ့သည်။ သူမက မြေပေါ်တွင် ဂွမ်းကပ်အလွှာလွှာခင်းလိုက်ပြီးမှ လှဲလျလိုက်၏။ သူမ မျက်လုံး မှိတ်လိုက်သည့်အခါ မိနစ်မဆိုင်းဘဲ ချက်ချင်း အိပ်ပျော်သွားလေသည်။
သိုလှောင်ရုံက ကောင်းမွန်သော အသံလုံစနစ်ရှိသည်။ သူမ တံခါးပိတ်ထားသည့်အခါ မည်သည့်အသံကိုမှ မကြားရတော့ပေ။
ဒီညတွင် သူမက ချိုမြိန်စွာ အိပ်စက်ခဲ့ရလေသည်။
**
မနက်စောစောတွင် ဝေ့ချင်က နှေးကွေးစွာ ထလာခဲ့၏။ သူက သမ်းဝေလိုက်ရင်း ရုတ်တရက် စခန်းအတွင်း၌ မရင်းနှီးသည့် အဆောက်အဦးတစ်ခုကို မြင်လိုက်ရသည်။ ထိုကဲ့သို့ ထိတ်လန့်စရာကောင်းသည့် အဖြစ်ကြောင့် သူက ကြောက်ကြောက်လန့်လန့်နှင့် နိုးကြားသွားလေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)
Fantasyယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)