(၁၄) စူပါမားကတ်

283 15 2
                                    

Unicode

"စူပါမားကတ်က အရမ်းကြီးလွန်းပြီး ဘယ်သူမှ ဒီထဲက ပစ္စည်းတွေကို အကုန်မယူနိုင်ဘူး။ ဒါကြောင့် ငါတို့ မတိုက်ခိုက်သင့်ဘူးလို့ ထင်တယ်။ ငါတို့အားလုံး ကိုယ့်ဘာသာလှုပ်ရှားကြပြီး ဘယ်လောက်စုဆောင်းနိုင်မလဲဆိုတာ ကိုယ့်စွမ်းရည်ပေါ်မူတည်တယ်။" ကျန်းမင်ယွဲ့က ပြောလိုက်သည်။

သူ ပြောလိုက်သည့်အချိန်၌ ဝေ့ချင် ဦးဆောင်သည့် လူခြောက်​ယောက် နီးကပ်လာသည်။

ရှုပ်ထွေးသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ကို မြင်သောအခါ အဖွဲ့များက ပို၍ပင် သတိအနေအထား ဖြစ်သွားကြ၏။

"ငါတို့နောက်မှာ မရေတွက်နိုင်တဲ့ မျက်လုံးတွေက စောင့်ကြည့်နေကြတယ်။ ငါတို့ တိုက်ခိုက်ကြမယ်ဆိုရင် တခြားလူတွေ အကျိုးအမြတ် ရသွားလိမ့်မယ်။" ကျန်းမင်ယွဲ့က အဓိပ္ပါယ်ရှိစွာ သတိပေးလိုက်သည်။

"ကောင်းပြီ... လူတိုင်းပဲ ကိုယ့်ဘာသာသွားကြပြီး အချင်းချင်း ဝင်မစွက်ဖက်ဘဲ နေကြတာပေါ့။" မာရှစ်ယိက ပြောလိုက်သည်။

"ကန်းနေတဲ့ တစ်ယောက်ယောက်က ငါ့ဆီ တည့်တည့်ဝင်တိုးလာမယ်ဆိုရင်တော့ ငါ့လက်သီးတွေက အလကား မဟုတ်ဘူးနော်။" လူကောင်ကြီးကြီးတစ်ယောက်က လက်သီးကို ဝှေ့ယမ်းကာ သူ၏ ကြမ်းတမ်းသော သဘောထားအား ဖော်ပြလာသည်။

"... ငါတို့မှာ အထောက်အပံ့ပစ္စည်းတွေ သယ်ရွှေ့ဖို့ အချိန်တောင်မလောက်တာ။ မင်းကို လာရှုပ်ဖို့ ဘယ်က အချိန်ရှိမှာလဲ။" ကျန်းမင်ယွဲ့က ပြောပြီးနောက် သူ့ အဖွဲ့ကို စူပါမားကတ်အတွင်းသို့ ခေါ်ကာ အရင်ဆုံး ဝင်ရောက်သွားခဲ့သည်။

အခြားအဖွဲ့နှစ်ဖွဲ့ကလည်း နီးကပ်စွာ လိုက်ပါလာ၏။

ဝေ့ချင် ဦးဆောင်သည့် ခြောက်ယောက်အဖွဲ့က မရပ်တန့်ဘဲ ပြောင်ပြောင်တင်းတင်းပင် လိုက်ဝင်သွားခဲ့သည်။

ယွင်လင်က အကွယ်ထဲတွင် ပုန်းနေခဲ့ပြီး သူမ၏ အမူအရာက ချီတုံချတုံ ဖြစ်​နေခဲ့သည်။ အဆုံးတွင် သူမက အံကိုကြိတ်ကာ လိုက်ပါသွားခဲ့၏။

You've reached the end of published parts.

⏰ Last updated: Dec 19, 2023 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now