Unicode
ယခုအချိန်၌ သူသည် လူများက အစားအစာကို စျေးကြီးကြီးနှင့် ရောင်းချခြင်းအား မကြောက်ရွံ့ဘဲ စျေးမည်မျှပေးပေး မရောင်းချပေးမည်ကိုသာ ကြောက်ရွံ့ပေသည်။
ဝေ့ချင်က ပိုးချည်မျှင်၊ လီနင်ပိတ်နှင့် ကြေးနီပြားတို့ကို လှမ်းပေးလိုက်သည်။ ယွင်လင်က အိတ်ထဲမှ မဖောက်ရသေးသည့် ရေတစ်ဘူးနှင့် ချောကလက်ဘီစကစ် တစ်အိတ်ကို ထုတ်ယူလိုက်သည်။
ဝေ့ချင်က ၎င်းတို့ကို လှမ်းယူလိုက်ပြီး ရေတစ်ဝက်ခန့် သောက်လိုက်ပြီးနောက် ဘီစကစ်တို့ကို ထုတ်ယူလိုက်သည်။ သူက ချက်ချင်း နေလို့ကောင်းသွားသလို ခံစားလိုက်ရသည်။
"ညီမလေး ဒါတွေကို ဘယ်ကရခဲ့တာလဲ။ ပြောပြပေးလို့ရမလား။" သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
ယွင်လင်က ပြန်ဖြေလိုက်သည်။ "ငါက ဒီနားလေးမှာ နေတာ။ ဒါတွေကို အိမ်ကနေ ယူလာခဲ့တာလေ။"
ဝေ့ချင်သည် ထိုအဖြေအတွင်းမှ ထူးဆန်းမှုကို ရှာတွေ့လိုက်၏။ "မွန်းစတားတွေ အများကြီး ထွက်လာနေတာ။ ဘာလို့အိမ်ထဲမှာပဲ ပုန်းမနေရတာလဲ။"
"သိုလှောင်ထားတဲ့ အစားအသောက်က မလုံလောက်ဘူး။ ငါ အစားအသောက်ရှာဖို့ ထွက်လာတာ။" ယွင်လင်က ပြောလိုက်သည်။ "ပြီးတော့ လက်ရှိအခြေအနေအရ အိမ်တွေက မလုံခြုံဘူး။ ဒါပေမယ့် ငါသာ စခန်းထဲမှာ ပုန်းနေရင် မွန်းစတားတွေ ဝင်လာမှာ မဟုတ်ဘူး။"အဲဒါဆို ဂိမ်းထဲမှာ စခန်းတွေက လုံခြုံရေးဇုန်တွေများလား။ ဝေ့ချင်က တွေးပြီးနောက် တက်ကြွလာသည်။
"နင်ကရော။ နင်က ဘယ်လိုဖြစ်ပြီး ဒီနေရာရောက်လာတာလဲ။" ယွင်လင်က မေးလိုက်သည်။
"မပြောချင်တော့ပါဘူး။" ဝေ့ချင်က အကူအညီမဲ့နေသည့် အမူအရာနှင့် ရှိနေခဲ့သည်။ "ဒီမနက်မှာ အင်တာဗျူးတစ်ခုရှိခဲ့လို့ အချိန် အများကြီး နှောင့်နှေးသွားတာ။ ငါ နေ့လယ်စားချင်ပေမယ့် မစားရသေးခင်မှာ မွန်းစတားအုပ်စုနဲ့ တွေ့တော့တာပဲ။"
YOU ARE READING
ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)
Fantasyယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)