Unicode
.
.
.
.
.အကြောင်းစုံ သိပြီးနောက် ဟာယွန်းလဲ Shooky ၏ စကားအတိုင်း ဇာတ်လိုက်နှင့်မျက်နှာချင်းဆိုင်မည့်ကိစ္စများမလုပ်ဘဲ ရှောင်နေလိုက်သည်မှာ တစ်လနီးပါးရှိပြီးနောက် ညီဖြစ်သူ၏ဆက်သွယ်ခြင်းကို ဟာယွန်းလက်ခံလိုက်ရ၍ တွေ့ရန် ဟာယွန်း ဟန်ဆိုမင်း အား စောင့်နေလေသည်။
" ကိုကို ~ "
"ဆိုမင်းလေး~~ ငါ့ဆိုမင်းလေး ကိုကိုက သတိရနေတာ ကိုကိုပို့တဲ့ပိုက်ဆံတွေကော ရောက်ရဲ့လား? နေကောင်းလားအခုတလော ရာသီဥတုကအပြောင်းအလဲဆိုတော့ မဖျားအောင်ဂရုစိုက်နော၊စာကောလိုက်နိုင်လား၊မပေါ့ရဘူးနော၊အခု ထမင်းကော စားပြီးပြီလား! မစားရသေးရင် ကိုကို ဝယ်ကျွေးမယ်လေ ~~"
ဟာယွန်း မိမိစိတ်ကိုပင်မထိန်းနိုင်ဘဲ နှုတ်မှ မူလကိုယ်၏ဆန္ဒအတိုင်းပြောဆိုပြုမူနေလေသည်။
"ဟို ကိုကို ရေ ကျွန်တော်အားလုံးအဆင်ပြေပါတယ် ပိုက်ဆံလဲရောက်တယ်၊စာလဲလိုက်နိုင်တယ်၊နေလဲကောင်းတယ် ဒါမဲ့..."
အစ်ကိုဖြစ်သူ၏ ယုယကြင်နာစွာမျက်နှာကိုင်ခေါင်းကိုင်ကာ စိုးရိမ်နေသည်ကို မနှစ်မြို့ဟန်ဖြင့် ရှောင်ဖယ်သွားကာ စကားဆက်ပြောလာသည့် ဆိုမင်း~~~
"ဒါမဲ့ ဘာဖြစ်တုန်း ညီလေး ဘာအခက်အခဲရှိနေလဲ ကိုကို့ကိုပြော ကိုကို အကုန်လုပ်ပေးမယ်"
"အွန်း အခုတော့ ကျွန်တော်ဗိုက်ဆာလို့ တစ်ခုခု သွားစားကြရအောင် ကိုကို "
"ဟုပ်ပြီ အစားအစာက ပထမဘဲ ငါ့ဆိုမင်းေလးဗိုက်အဆာခံလို့မဖြစ်ပါဘူး ကဲကဲ သွားမယ် ကိုကို ဆိုမင်းလေးအကြိုက်ဆုံး ဆိုင်ကို ခေါ်သွားမယ် သွားစို့ အဆာခံလို့မဖြစ်ဘူး!"
******
စားပြီးသောက်ပြီးနောက် ဆိုမင်းတ၏်ယောက် စကားစလာတော့သည်။
"ဟို ကိုကို~~"
မူလကိုယ်၏ထိန်းချုပ်မှုအပြည့်အဝခံလိုက်ရသော ယွန်းဂီ လေးတော့ စိတ်ထဲယောက်ယက်ခတ်နေပင်မဲ့ ဟန်ဆိုမင်း စကားစလိုက်သည်နှင့် မူလကိုယ်၏ အပြုအမူမှာဆက်လက်ဖြစ်ပေါ်လာဆဲမို့ ထိန်းချုပ်ရန်မလွယ်နေပေ။
YOU ARE READING
System Shooky 🐱
Fanfiction/////Unicode ///// လျို့ဝှက်သော System Shooky နဲ့ ချိတ်ဆက်မိပြီးနောက် Min Yoon Gi တစ်ယောက် ဘာများဆက်ဖြစ်မလဲ ????? system ဖတ်ပြီးသကာလသဘောကျ၍ ရေးမိပြန်ပြီ ...