"သူဘာဖြစ်သွားလဲဘယ်လိုနေသေးလဲ "
"သတိမျောနေသေးလို့ပါ အရမ်းကြီးထိခိုက်မိသွားတာမျိုးမရှိပါဘူး ဒါမဲ့ သူ့ဝိညာဉ်တော့ အများကြီးထိခိုက်သွားသလိုဘဲ"
"သူ့ဝိညာဉ်အားကောင်းလာနိုင်သေးလား"
"သူဆန္ဒရှိရင်ရှိသလိုပေါ့ ဒါမဲ့ သူမင်းကို ပြန်မှတ်မိသွားတာဘာလို့လဲ ငါအဖြေရှာမရဘူး ငါတို့အတိတ်ပန်းဆေးရည်တိုက်ခဲ့တယ်မလား ဒါတောင်ပြန်မှတ်မိသွားတာဆိုတော့!"
"သူငါ့ကို အမုန်းကြီးမုန်းနေတာဖြစ်လိမ့်မယ် "
"မင်းဘာလုပ်လိုက်လို့သူသတိရသွားတာလဲ"
"သူငါ့ဝိညာဉ်ကိုခံစားမိသွားတာဖြစ်နိုင်တယ်!"
"အဲ့ဆို ဒီတစ်ခေါက် ငါ မင့်ဝိညာဉ်အငွေ့အသက် ဖျောက်ပေးမယ်"
"ဒါမဲ့ သူငါ့ကို ပြန်မှတ်မိနေရင်ကော ငါထပ်ပြီးရူးမိုက်တဲ့အလုပ်တွေပြန်မလုပ်ချင်ဘူး"
"သူ့ကို လဲ အတိတ်ပန်းဆေးရည် ပြန်တိုက်လိုက်မယ် ,ဒါမဲ့ မင်းသူနဲ့ပတ်သတ်တာတွေမေ့ပြီးကျရာဇာတ်ကောင်အတိာင်းစိတ်ကခံစားပြုမူလိမ့်မယ်။"
"ရတယ်ငါအဆင်ပြေတယ် ဘယ်လိုဖြစ်ဖြစ် ငါ့နုလုံးသားက သူ့ပိုင်ရှင်အမှန်ကိုသိတယ်။"
ဟုပြောပြီးနောက် အဝါရောင် ဝတ်ရုံနှင့် လူလေးက သက်ပြင်းလေးချကာ လက်ဝတ်ရုံထဲမှ ပုလင်းလေးထုတ်ပြီး အိပ်စက်နေဟန်ရှိနေတဲ့ ကောင်လေးနားသွားပြီး ဆေးရည်သွင်းလိုက်လေသည်။
"သူ သတိရလာတော့မဲ့အချိန်ရောက်ပြီ မင်းသွားသင့်ပြီ!"
"အွန်း သူ့ကို ဂရုစိုက်ပေးအုံး"
"စိတ်ချပါ!"
*****
"အာ့ Shooky ~~"
"Host သတိရလာပြီလား!!"
"ငါဘာဖြစ်သွားတာလဲ!ဘယ်လိုလုပ်ဒီရောက်နေတာလဲ"
"ဟွန်းးး host ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်လို့ဒီပြန်ရောက်ခဲ့ တာ Mission fail ပါတယ်!"
YOU ARE READING
System Shooky 🐱
Fanfiction/////Unicode ///// လျို့ဝှက်သော System Shooky နဲ့ ချိတ်ဆက်မိပြီးနောက် Min Yoon Gi တစ်ယောက် ဘာများဆက်ဖြစ်မလဲ ????? system ဖတ်ပြီးသကာလသဘောကျ၍ ရေးမိပြန်ပြီ ...