Unicode
.
.
.
.
.ဟာယွန်း တစ်ယောက် ဂျန်ဆိုဂယောင်း အိမ်၌နေသည်မှာ 6 လလောက်ရှိနေလေပြီ။ဒီ 6 လအတွင်း သိသိသာသာ ဇာတ်အိမ်နှင့်ကွဲထွက်သွားခဲ့သလို ဇာတ်လိုက် ဂျန်ဆိုဂယောင်း ၏အပြုအမူလေးတွေကလဲ ဇာတ်အိမ်နှင့်မတူများစွာကွဲနေလေသည်။
[ Host ပြောသလို Shooky ဇာတ်လိုက်ကို ကြည့်နေတာ Host ပြောသလို နည်းနည်းထူးခြားနေတယ် ပြီးတော့ စုံစမ်းထားတာတွေမကြာခင်သတင်း Shooky ဆီရောက်တော့မယ်သိလား]
(မင်းသတင်းကလဲ ကြာလိုက်တာ ဘယ်တော့မှရောက်လာမလဲဘဲ ငါ့ ကို ဟို ညီ မမည်တဲ့ ညီ လာသတ်မှ ရောက်မှာလားဟမ်း)
[Host က လဲ ပြောဖို့ကြည့်ဘဲ]
( မင်းဟာက မပြောချင်စရာဟုပ်နေတော့ စုံစမ်းခိုင်းထားတာ ဟို ဘိုးဘေးဘီဘင်ကတည်းက လေ)
[ Host သာ အဆင့်မြှင့်ရင် Shooky လဲအဆင့်မြှင့်လာမှာ အဲ့ချိန်ကြမှ Host ဘာဖြစ်ချင်လဲ ဖြစ်စေရမယ် အခုတော့ မရသေးဘူး အခုမှအစကြီးကို ]
(ပြောလိုက်ရင် အဲ့တာဘဲ ထွက်)
[ အဆင့်မြှင့်ချင် Host ကို ဇာတ်လိုက်ချစ်တယ်ပြောလာအောင်လုပ်လေ အခု က side mission တစ်ခု အောင်ဖို့ အခြေအနေရှိနေတာကို နည်းလမ်းလဲ စဉ်းစားကူပေးပြီးပြီ သေချင်ယောင်ဆောင်လိုက်လို့ ]
(ငါ့ကို မလိုမုန်းများမုန်းနေတာလား Shooky သေဘဲသေခိုင်းနေတယ်)
[မလိုမုန်းမဟုပ်ပါဘူး တကယ်သေခိုင်းတာလဲမဟုပ်ဘဲနဲ့ အဲ့လိုမှမလုပ်ရင် Host ဇာတ်လိုက်လက်က လွှတ်မှာတဲ့လားပြီးတော့ Shooky က ဒီကမ္ဘာမှာ Host ကြာနေမှာစိုးလို့ စေတနာနဲ့ကို]
(တော်ပြီ မင်းနဲ့မပြောတော့ ဘူး)
:: တကယ်လဲ Shooky ပြောတာမှန်သည်။ညီဖြစ်သူမှာလဲ ဇာတ်အိမ်အတိုင်းစတင်လှုပ်ရှားခဲ့ပင်မဲ့ အမြဲဇာတ်လိုက်က ကယ်သွားသည်နှင့်သာကြုံရသည်။စစချင်းတော့ တိုက်ဆိုင်သည်ဟုထင်ရပင်မဲ့ တကယ်တော့ ထိုသို့မဟုပ်ခဲ့ ဇာတ်လိုက်က အမြဲတစ်ခုခုကို ကြိုသိနေသလို ဇာတ်အိမ်နှင့် တွေဖယ်သွားသည်။ချစ်လို့ အရိပ်တကြည်ကြည်ကြည့်ကာကယ်သလိုမျိုးဇာတ်ကွက်ဆိုပင်မဲ့ မိမိအားဇာတ်လိုက်ကချစ်သည်လားမချစ်သည်လားခွဲမရနိုင်အောင် ချစ်ခြင်းရာခိုင်နှုန်း ကမိမိအရင် ဂျန်အိမ်တော်ရောက်ခဲ့သည့်နေ့မှစ သိပ်မတိုးလာဘဲ 43% ၌သာရှိနေသည်က ခေါင်းကိုက်စရာပင်။
မချစ်ဘူးလာဆိုတော့မဟုပ်ဘူး ချစ်နေသည်။ဒါဆို ဘာလို့ ချစ်ခြင်းရာခိုင်နှုန်းက မတိုးလာသလဲ မပြောတတ်တော့ပေ။
ESTÁS LEYENDO
System Shooky 🐱
Fanfic/////Unicode ///// လျို့ဝှက်သော System Shooky နဲ့ ချိတ်ဆက်မိပြီးနောက် Min Yoon Gi တစ်ယောက် ဘာများဆက်ဖြစ်မလဲ ????? system ဖတ်ပြီးသကာလသဘောကျ၍ ရေးမိပြန်ပြီ ...