part-1

1.4K 92 0
                                    

"ဟေ့ ငါမင်း အိမ်ရှေ့ ရောက်နေပြီ ထွက်ခဲ့"

"လာပြီ "
ဟူးး ပထမရက် ဆိုတော့ စိတ်လှုပ်ရှားလိုက်တာ

ကောင်လေးတစ်ယောက် တိုက်ခန်းအောက်သို့ ဆင်းသွားပြီး အလုပ်သွားရန် ပြင်သည်။

"မြန်မြန်လာ fourth!"

ထိုကောင်လေးမှာ fourthပင် ဖြစ်သည်။fourthက သွက်လက်ပြီး မဟုတ်ရင်မခံတတ် လူတိုင်းနဲ့လည်း ခင်မင်အောင်ပေါင်းတတ်သည်။အခုမှ second yearသာ ရှိသေးပေမယ့် မိသားစုအခြေအနေကြောင့် အလုပ်လုပ်ရသည်။
ယနေ့က အကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ goldenမှာ အလုပ်၀င်မည့် ပထမရက်ဖြစ်သည်။

"လာပါပြီ အော်ခေါ်နေလိုက်တာ ကြာရင် အိမ်ရှင်ဆီက သတ်ခံရတော့မယ် winnyရ"

Winnyဆိုသည်မှာ ဟိုးး နှပ်ချီးတွဲလောင်းကတည်းက ပေါင်းလာတဲ့ fourthရဲ့ အချစ်ဆုံး သူငယ်ချင်း။fourthက winnyထက် အသက်ငယ်တယ် ဆိုပေမယ့် မင်းနဲ့ငါသာ သုံးကြသည်။အခုလည်း အလုပ်သွားဖို့ fourth ကို ဆိုက်ကယ်နဲ့ လာကြိုတာပင်

"အရင်တက်ပြီးမှ ပြော"

"ဘာတွေ ဒီလောက်လောနေတာလည်း ရုံးတက်ဖို့ အဝေးကြီးလိုသေးတာကို"

"အဝေးကြီးလိုလည်း မရဘူးဟ 10မိနစ် နောက်ကျရင်တောင် ငါ 2လစာ ဖြတ်ခံရမှာကွ"

"ဘာ အဲ့လောက်ထိလား"

"အေးကွ ကုမ္ပဏီက ကြီးတော့ စည်းကမ်းကလည်း ကြီးလှပေါ့။ပြီး‌ေတာ့ bossက အသက်ငယ်သလောက် တအား တည်ငြိမ်ပြီး ကြောက်စရာကောင်းချက်က အလုပ်ကလူတွေ အကုန်လုံး သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်တာ ကွ"

"သွားပါပြီ ငါ့လို အငိုသန်တဲ့ကောင်နဲ့ ဒီbossနဲ့တော့"

"ဒါနဲ့ သတိပေးထားရအုံးမယ် မင်းကို"

''ဘာတုန်း"

"မင်းလို စွာစွာနဲ့ bossကို စကားအတင်း သွားပြောမနေနဲ့အုံး သူ့လိုလူက အလုပ်အကြောင်းက လွဲရင် စိတ်မ၀င်စားဘူး အလုပ်အကြောင်းပြောရင်တောင် လိုရင်းတိုရင်းဆို ရပြီ စကားကြောရှည်ရင် အလုပ်ထုတ်ခံရလိမ့်မယ်"

"သေပါပြီ ဘယ်တတ်နိုင်မလည်း လစာကကောင်းတော့ တခြား ကုမ္ပဏီပြောင်းဖို့ လည်းမဖြစ်နိုင်ဘူး"

Obsessed with him[Completed]Where stories live. Discover now