part-8

644 75 11
                                    

ဒီနေ့ဟာ fourthဧ။်အမေဖြစ်သူ ခွဲစိတ်ခန်းသို့ ၀င်မည့်နေပင် ဖြစ်သည်။
ဒီနေ့တစ်မနက်လုံး geminiနှင့်fourth စကားမပြောကြပေ။မနေ့ကတော့ ပျော်ပျော်ရွင်ရွင် နှစ်ယောက်သားစကားပြောနေကြပေမယ့် ဒီနေ့တော့ တိတ်ဆိတ်လျက်။ဒါကို fourth၏အမေဖြစ်သူလည်း သတိထားမိသည်။

"ဒီနေ့ကော အလုပ်မသွားကြဘူးလား သားတို့"

''ကိုယ့်အမေ ခွဲစိတ်ရမယ့်နေ့မှာ အတူတူရှိနေမှာဖြစ်မှာပေါ့ ပြီးတော့ ဒီနေ့က.....''

"ဒီနေ့ အလုပ်ပိတ်ပေးထားတယ် အန်တီခင်ဗျ"

"အော် ဟုတ်ပါပြီ....ဒါနဲ့ သား အန်တီ့ကို အမေလို့လည်းခေါ်လို့ရပါတယ်နော်"

အချိန်တော်တော်ကြာတိတ်ဆိတ်နေသည့်fourthမှာ အခုမှစကားစလာသည်။

"အာ....အမေကလည်း သူက အမေ့သားမှ မဟုတ်တာကို"

"အမေ့သားမဟုတ်ပေမယ့် နောက်ကြရင် အမေ့သမက််လည်း ဖြစ်လာနိုင်မှာပေါ့''

"အမေ!!! ဘာတွေပြောနေမှန်း မသိဘူး..။bossကကော ဘာလို့ရီနေတာ မရီနဲ့"

"‌အမေခင်ဗျ ခနနေ ခွဲခန်းထဲ ၀င်ရတော့မှာ စိတ်မလှုပ်ရှားဘူးလား''

"ဘာမှမဖြစ်ပါဘူး ရောဂါက သိပ်ပြီးအကြီးစားမဟုတ်တော့ အမေ သိပ်တွေးပြီးကြောက်စရာမလိုဘူး''

"ဟုတ်ကဲ့ပါ ခင်ဗျာ''

ဤအချိန်တွင် prom၀င်လာ၍

"ဆ၀ပ်ဒီခ ခွန်gemini နာမည်မှန်တယ်မလား''

"မှန်ပါတယ်"

"ဒ္ီနေ့ သားလည်း တစ်နေ့လုံးအတူလာနေပေးမယ်''

"အလုပ်ရှုပ်နေပါအုံးမယ် prom''

"ရပါတယ် ခင်ဗျ ပြီးတော့ အမေ့အတွက်လည်း ကော်ဖီ၀ယ်လာတယ် တည့်တယ်မလား ''

Promက ကော်ဖီခွက်ကိုကိုင်၍ အမေ့ဆီသို့ သွားနေချိန်မှာပဲ fourthဘေးမှာရှိသည့် ဘီရိုအသေး၏အောက်ခြေနဲ့ ခြေထောက်နဲ့ရိုက််မိကာ ချော်လဲတော့သည်။
ကိုင်လာတဲ့ ကော်ဖီခွက်ကလည်း အဖုံးမပိတ်ထားသဖြင့် ထိုကော်ဖီရည်ပူပူတို့မှာ fourthကို လွင့်စင်လာသည်။

"အားးးး!!''

"Fourth ရရဲ့လား ဘယ်နားထိမိတာလည်း''

Obsessed with him[Completed]Where stories live. Discover now