part-11

665 69 7
                                    

"ငါ့ပုံစံက ဗေဒင်ဆရာပုံ ပေါက်နေလို့လား ဟမ်''

"မသိဘူးလေ''

"ငါပြောတာတွေ အကုန်မှန်တယ်မလား ၀န်ခံလိုက်''

"အင်း p' ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် winnyနဲ့ပြန်တွဲရင်လည်း သူ့ကို မပြောနဲ့အုံး "

Satang fourthအား ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆို p' ဒီကိစ္စကို ဘယ်လိုသိတာလည်း''

"ငါ boss မနက်က ဖုန်းပြောနေတာကို ‌ကြားခဲ့တာကွ ဘယ်သူနဲ့ပြောနေမှန်းတော့သေချာမသိဘူး ယောင်္ကျားလေးအသံပဲ bossက အစက "သူ"ဆိုတဲ့ စကားပဲ ထည့်သုံးတော့ အစက ငါလည်း မစပ်စုတော့ပါဘူးပေါ့ နောက်ကျတော့ မင်းနာမည်ပါလာရော bossက ဖုန်းထဲကလူကို မင်းကြောင့် ငါဖွင့်ပြောလိုက်တာ အခြေအနေပိုဆိုးသွားပြီ ဘာဆက်လုပ်ရမလည်းကွာ အဲ့လိုပုံစံပေါ့ တော်တော်ကြာကြာပြောနေတာ"

Fourth နားထောင်ရင်း ပြောစရာစကားမတွေ့တာကြောင့် တိတ်ဆိတ်သွားသည်။

"အဲ့တာကြောင့် *ဆိုတော့ မင်းကို  bossက ဘယ်လိုလုပ်ပြီး ကြိုက်သွားလည်း မင်းသိလား''

"မသိပါဘူး''

"ငါ အရင်တစ်ခေါက်ကတည်းက ထင်တော့ထင်နေတယ် winnyက မဟုတ်ဘူးဆိုပြီးတအားငြင်းနေတော့ ငါလည်း သူ့အတိုင်းပဲ မှတ်လိုက်တာ ဘယ်လိုကနေ ဇာတ်လမ်းစတာလည်း ငါ့ကို အကုန်ပြောပြ''

Fourthလည်း စဖြစ်ခဲ့တဲ့ အကြောင်းအရာတွေအကုန်လုံးကို satangအား ပြောပြလိုက်သည်။

"မင်းက ဘာလို့ငြင်းခဲ့တာလည်း မင်းနဲ့bossနဲ့ကို ‌နှစ်ယောက်တွဲ မြင်လိုက်ရင် လိုက်ဖက်လိုက်တာမှပဲ''

"မဖြစ်နိုင်ပါဘူး အစ်မdinaနဲ့မှ ပိုလိုက်တာ အရာအားလုံး"

"မင်းလည်း ချစ်နေတာပဲကို မင်းသာ သတ္တိရှိရှိ ချစ်ကြောင်းပြောလိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး''

"အိုခေ ငါဒီည‌ အချိန်ရှိရင် အကုန်သွားရှင်းတော့မယ်''

"ကောင်းတယ် bro ဒါနဲ့ မင်းက winnyကို ဘာလို့မပြောပြတာလည်း''

"သူက အစ်မdinaနဲ့bossကို တအားshipနေတော့ မပြောသေးဘူး ....ရည်းစားဖြစ်သွားမှပဲ သွားပြီး ကြွားလုံးထုတ်လိုက်တော့မယ်''

Obsessed with him[Completed]Where stories live. Discover now