part-3

773 75 1
                                    

Fourth ဒီနေ့တော့ ၆နာရီလောက်ကတည်းက ထလာသည်။ အ၀တ်စား‌လဲပြီး တိုက်ခန်းရှေ့ရှိ ပန်းခြံထဲတွင် ပြေးရန် အားမာန်အပြည့် တိုက်အောက်သို့ ဆင်းလာသည်။promက မထသေးတော့ တစ်ယောက်တည်းသာ သွားသည်။
Fourth ပန်းခြံထဲ အချိန်ခဏကြာ ပတ်ပြေးပြီးနောက် မောလာပြီဖြစ်၍ သစ်ပင်ကြီးတစ်ပင်ဘေးက ထိုင်ခုံမှာ ထိုင်ပြီး အနားယူလေသည်။

''ဟူးးး အခုတလော ခနလေး ပြေးတာကို မောမောလာတယ် သီချင်းလေး နားထောင်ပြီးမှပဲ ဆက်ပြေးတော့မယ်"

Fourth သီချင်းလေးကို တညည်းညည်းနှင့် ဆိုနေတုန်း

"ဟေ့ ခန ထိုင်လို့ ရမလား ထိုင်ခုံတွေအကုန်ပြည့်နေလို့"

တစ်စုံတစ်ယောက်က အကူအညီတောင်းလာသံကို fourthမကြား

"ဟေ့ ဒီမှာ လူမရှိဘူးမလား"

ထိုလူက စိတ်မရှည်ဘဲ fourth နားကြပ်အား ဆွဲဖြုတ်လိုက်တော့

"ဟ ဘယ်ကောင် လာဖြုတ်...ဖြုတ်"
"Boss!!!"

အဖြူရောင် t-shirt အားကစားဘောင်းဘီတိုနှင့် ဉီးထုပ်ဆောင်းထားသည့် geminiအား တွေ့လိုက်ရသည်။

"ဒီမှာ လူမရှိဘူးမလား ခနထိုင်မလို့"

"ရ..ရပါတယ် ခင်ဗျ"

Geminiခပ်တည်တည်နှင့်သာ fourth ဘေးတွင် ထိုင်နေလိုက်ပြီး headphoneတပ်ပြီး သီချင်းသာ နားထောင်နေသည်။geminiက မျက်လုံးကိုလည်း ခနပိတ်ထားနေတော့

"Shiaa ဘယ်လို ကံဆိုးလိုက်တဲ့ ရေစက်‌လည်းကွာ  အလုပ်မသွားခင်ကတည်းက ကြိုတွေ့နေရတယ်လို့"

fourth geminiကိုကြည့်တော့လည်း အိပ်ပျော်နေသည့်လူအလားမို့ ကိုယ့်ဘာကိုယ်ပဲ သီချင်းဆက် နားထောင်နေလိုက်သည်။
Fourth ရှုခင်းတွေကို ကြည့်ရင်း ရုတ်တရက်

"ဆောရီး fourth"

Fourthရဲ့လက်ကလေး‌ေပါ်ကို geminiလက် ထပ်မိသွားသည်။

Fourth ကလည်း ထပ်ထားသည့် လက်တွေအား ကြည့်ပြီး gemini အားကြည့်လိုက်တော့ နှစ်ယောက်သား အတော်ကြာတဲ့ အထိ အကြည့်ချင်း ဆုံနေကြသည်။geminiက တောင်းပန်စကားပြောပြီးတာတောင် လက်ကို မဖယ်ဘဲ ထပ်ထားတုန်း

Obsessed with him[Completed]Where stories live. Discover now