အခုဆို 3နာရီခွဲလောက် ရှိနေပြီ။fourthကတော့ အခုမှသာ နိုးလာသည်။ေဆးေသာက်ပြီး အိပ်နေတာတော်တော်ကြာသွားပြီ ဆိုပေမယ့် ဘေးက ပြတင်းပေါက်ကို ကြည့်လိုက်တော့ မိုးကအခုထိ မတိတ်သေးပဲ ရွာလို့ကောင်းနေတုန်း"အား ခေါင်းကလည်း အိပ်လိုက််မှ ပိုကိုက်လာသလိုပဲ"
ဘေးကိုကြည့်တော့ geminiမရှိပေ။ထလာပြီး နေရာတိုင်းတွင် ရှာသော်လည်း gemini ကို မတွေ့သေး။
"အပြင် သွားနေတယ် ထင်ပါတယ် အပြင်သွားမယ်ဆိုတာလည်း ပြောတောင်မပြောသွားဘူး"
ပြောလို့မှမဆုံးသေး တံခါးဖွင့်သံတွေ ကြားနေရပြီ။တံခါးပွင့်သွားတော့လည်း ၀င်လာတဲ့လူက geminiအပြင် ဘယ်သူမှမရှိ။
"ဘယ်သွားခဲ့တာလည်း"
"အချစ်အတွက် ဆန်ပြုတ်သွား၀ယ်ပေးနေတာပါ ပြီးတော့ ခေါင်းကိုက်ပျောက်ဆေးကော"
"သွားမယ်ဆိုလည်း ပြောသွားပါလား"
"နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ကလေးလေးကို မနှိုးရက်ပါဘူး ခင်ဗျာ"
"ဘာကို ကလေးလည်း အရွယ်ရောက်နေပြီ"
"ကိုယ့်အတွက်တော့ ကလေးပေါက်စလေးပဲကို"
"ဘာကို ကလေးပေါက်စလည်း နေမကောင်းလည်း bossကိုရိုက်နိုင်တဲ့ အားတော့ရှိသေးတယ်နော်"
"ဟုတ်ပါပြီ ပြိုင်မငြင်းရဲပါဘူး အခုတော့ ၀ယ်လာတဲ့ဆန်ပြုတ်လေး စားပြီး ဆေးသောက်လိုက်အုံး ပြီးမှ ရိုက်ချင်သလောက် ရိုက်"
"အိုခေ"
ဆန်ပြုတ်ကို ပန်းကန်လုံးအဖြူထဲ ထည့်လိုက်ပြီး fourth အားရပါးရ စားနေသည်။ဘေးတွင် geminiကတော့ fourthကိုသာ ကြည့်လျက်။မျက်တောင်တောင် မခတ်သည့်အလားပင် gemini ကြည့်နေသည်။
"ဒီနေ့ ဘာသတင်းတွေ ရှိလည်းမသိဘူး ကြည့်လိုက်ပါအုံးမယ်"
စားနေရင်းတန်းလန်း ထိုင်ခုံပေါ်ကနေ ထလာကာ ဖုန်းရှိရာသို့ ပြေးသွားသည်။
" ဘာလို့ ဒီappကြီးက ပွင့်နေရတာလည်း ငါလည်း အဲ့ထဲ မ၀င်မိပါဘူး"
ဒီအချိန်မှသာ gemini အသိစိတ်ကပ်လာတော့သည်။
ထိုappထဲသို့ ၀င်ပြီး ပြန်မထွက်ပဲ ဒီအတိုင်းထားလျှင် ဖုန်းက သူ့အလိုလိုမပိတ်သွားပဲ ဒီအတိုင်းသာ ရှိနေသည်ကို gemini သတိမရ။