မနက်ဖြန်မနက်ပိုင်းပဲ မလေးရှားသွားရမှာဖြစ်တာကြောင့် ခက်တာ လန်းဆန်းသွားအောင်ရေအရင်ချိုးလိုက်တယ် မုန်တိုင်းဒဏ်ဆိုတဲ့အယုတ်တမာကိုလှည့်စားဖို့ သူ့ရှေ့မှာ အမေရိကားသွားမယ်လို့ပြောခဲ့ခြင်း တကယ်သွားမှာက မလေးရှားကို Daddyကလဲ အဲ့ဒီအယုတ်တမာကောင်အကြောင်းသိတော့ ခက်တာ အမေရိကားသွားမယ်ထင်အောင်တမင်ကြံစည်ခဲ့ခြင်းသာ မုန်တိုင်းဒဏ်ဆိုတဲ့ကောင်ကပြောရတာမဟုတ် ဘယ်သွားမယ်ဆိုတာသိရင် အဲ့ဒီနေရာအထိလိုက်လာပြီးအနိုင်ကျင့်မယ့်လူမျိုး ယုံရတာမဟုတ် ရေချိုးခန်းထဲ ငါးမိနစ်လောက်တွေဝေစဉ်းစားပြီးတာနဲ့ ဒီအယုတ်တမာအကြောင်းခက်တာခေါင်းထဲကထုတ်လိုက်တယ် စိတ်ငြိမ်သွားအောင်သက်ပြင်းတစ်ချက်ချပြီး ရေမြန်မြန်ချိုးပြီးတာနဲ့ ခါးမှာတဘက်တစ်ထည်ပက် ပြီးရေချိုးခန်းထဲကထွက်ဖို့တံခါးဆွဲဖွင့်လိုက်တော့
''ဟမ်!''
တံခါးရှေ့မှာ အယုတ်တမာကောင်က ခါးမှာတဘက်တစ်ထည်ထဲနဲ့ ခါးထောက်ပြီးကြည့်နေတယ် ခဏတာကြောင်အသွားပေမဲ့သတိပြန်ဝင်တာနဲ့တံခါးကိုပြန်ဆွဲပိတ်တော့ မမှီတော့ မုန်တိုင်းကလည်သည် ခက်တာလက်တံခါးဆီမရောက်ခင်သူအရင်ခက်တာလက်ကိုဆွဲပြီးသူ့ခြေထောက်နဲ့တံခါးကိုတွန်းဖွင့်လိုက်တယ်
''မုန်တိုင်း မင်း...မင်း ဘယ်လို မုန်တိုင်း!''
ခက်တာမျက်လုံးကိုစူးစိုက်ကြည့်ရင်း
ရေချိုးခန်းထဲတိုးတိုးဝင်လာတာကြောင့် ခက်တာနောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့ ရေပန်းအောက်ကနံရံနဲ့ကျောကပ်သွားသည်အထိ''ကျုပ်လက်ကလွတ်ပြီထင်နေတာလား ခက်တာလွန်း ''
နံရံကိုကျောကပ်ထားပြီး သူ့ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့လူက သူအခုဘာဖြစ်တော့မယ်ဆိုတာမတွေးမိတဲ့အထိတုံးလို့ ဒီလိုကြည့်ရဲတာလား အလိုမကျတဲ့မျက်လုံးနဲ့ကြည့် ခပ်မဲ့မဲ့တစ်ချက်ပြုံးပြီး ခက်တာခေါင်းနဲ့မလှမ်းမကမ်းအမြင့်မှာရှိတဲ့ရေပန်းကိုဖွင့်ချလိုက်တယ် ထိုလူကမထင်မှတ်ထားလို့ထင်တယ် ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားပြီး လက်ကလေးတွေအချင်းချင်းပူးယှက်ထားရင်း သူ့ခါးက တဘက်ကိုကျစ်နေအောင်လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားတယ် ထိုလူ့အနားကိုတိုးသထက်တိုးပြီး ဒေါသထွက်လို့နီရဲနေတဲ့နားလေးကိုလျှာနဲ့လျက်လိုက်ပြီးခပ်ဖွဖွကိုက်လိုက်တယ်
YOU ARE READING
Depending on the heart(On Going)
Romansaမုန်တိုင်းဒဏ် - ''ခဗျားကိုလဲမုန်းတယ် ခဗျားအဖေကိုလဲမုန်းတယ် ကျုပ်အဖေကိုလဲမုန်းတယ် ခဗျားကိုတော့ရအောင်ယူမှာ မုန်းလွန်းလို့'' ခက်တာလွန်း - ''ဖြစ်ပျက်ခဲ့တာတွေကမင်းအပေါ်မတရားဘူးဆိုတာသိပေမဲ့ ကံကြမ္မာရဲ့လှည့်စားမူတစ်ခုလို့ပဲသတ်မှတ်လိုက်ပါ အငြိုးအတေးတွေထားတာ...