အပိုင်း (၁)
*စိတ်ဝိဉာဉ်နိုးထစေသော စွမ်းအား၊ တစ်ခါတရံ နာကျင်ရသော ပြန်လည်မွေးဖွားရခြင်းများ*
- တစ်ချိန်တုန်းက ကျွန်တော်က ကဗျာလင်္ကာတွေ ရေးစပ်သီကုံးပြီး လက်တန်းရွတ်ဆိုနိုင်တဲ့ ရသကဗျာရေးသူတစ်ယောက် ဖြစ်ချင်ခဲ့ဖူးတယ်။
ကျွန်တော် ငါးတန်းအရွယ်မှာ ဟစ်ဟော့ဂီတရဲ့ ဖမ်းစားခြင်းကို စတင်ခံခဲ့ရတယ်။ ဒီဂီတပုံစံကို ကျွန်တော်အရမ်းရူးသွပ်သွားမိပြီး တစ်နေ့လုံးနားထောင်တယ်။ အဲဒီမှာပါတဲ့ ရက်ပ်စာသားတွေကို သေချာလိုက်မှတ်တယ်။ ဟစ်ဟော့ဂီတအကြောင်း ပြောကြမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ အမေရိကန်ဟစ်ဟော့ရဲ့ ဇစ်မြစ်ကို အတိုချုံးပြောရပါလိမ့်မယ်။
ကျွန်တော် ဟစ်ဟော့ကို စနားထောင်တော့ အမေရိကန်မှာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း (East Coast & West Coast) ဆိုပြီး နှစ်ပိုင်းခွဲထားကြတယ်။ ဝူတန်ကလန် (Wu Tang Clan) နဲ့ နိုတိုးရီးယက်စ် ဘီအိုင်ဂျီ (Notorious B.I.G) တို့က အရှေ့ဘက်ကမ်းရိုးတန်း (နယူးယော့မြို့) ကို ကိုယ်စားပြုတယ်။ သူတို့ရဲ့ ရက်ပ်က ခံစားချက်အပြည့်ပါတဲ့ စာသားတွေကို ဗဟိုပြုတယ်။ အနောက်ကမ်းရိုးတန်း (လော့အိန်ဂျလိစ်မြို့) ကို ကိုယ်စားပြုတဲ့ တူးပက် (2Pac) တို့ကျ ကာရံသံစဉ်ကို အားပြုတယ်။ ကျွန်တော် မှတ်မိသလောက်ပြောရရင် ဟစ်ဟော့ကို ကျွန်တော် စပြီးစိတ်ဝင်စားခဲ့တဲ့ ကာလတွေမှာ ကိုးရီးယားနိုင်ငံကလူတွေက အနောက်ဘက်ခြမ်းရဲ့ ရက်ပ်တွေကို ပိုနားထောင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အရှေ့ဘက်ခြမ်းရဲ့ ရက်ပ်စတိုင်လ်ကို ပိုသဘောကျခဲ့ပါတယ်။
သူတို့ရဲ့ ရက်ပ်တွေကို နားထောင်တိုင်း "အာ.. ဒီလိုဂီတပုံစံဆိုတာ အနည်းဆုံး တစ်သက်မှာ တစ်ခါတော့ ကြံစည်အားထုတ်ပြီး စမ်းလုပ်ကြည့်ခဲ့သင့်တာမျိုးပဲ" ဆိုပြီး ကျွန်တော် တစ်ကိုယ်တည်းရေရွတ်မိတယ်။ ကျွန်တော် သူတို့လို ဖြစ်ချင်တယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ လူတွေအပေါ် ပြောချင်တဲ့စကားတွေကို ဖော်ပြနိုင်ချင်တယ်။
သူတို့ရဲ့စာသားတွေက များသောအားဖြင့် လူငယ်လေးတွေအကြောင်း ရေးကြတာပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ခံစားချက်ကို ခပ်တိုတိုရေးစပ်ပြရရင် "ငါ့မိသားစုက ဆင်းရဲခဲ့ပြီး ငါနေခဲ့ရတာကလည်း ဒုစရိုက်မှုတွေပြည့်နေတဲ့ လောကကြီး.. ခုတော့ ငါအောင်မြင်နေပြီ.. ငါ့မိဘတွေ ရေဆာရင်တောင် ရေမသောက်ကြ.. သူတို့သောက်တာ ရှန်ပိန်" အဲ့လိုမျိုးပေါ့။ စာသားတွေက ကြမ်းတမ်းပြီး အမှောင်ဘက်ကိုရောက်တယ်။ ဒါပေမဲ့ ဒီလိုစာသားတွေရေးစပ်ချင်မိတဲ့ လောဘက ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ အနည်းဆုံးတစ်ခါတော့ ဖြစ်တည်ခဲ့ပါလိမ့်မယ်။ ကျွန်တော့်အတွက်လည်း အဲဒီလို ရေးချင်တဲ့ ခံစားချက်က တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။
YOU ARE READING
ကမ္ဘာကြီးထံ ဟစ်ကြွေးသံ (Shouting out to the World)
Não FicçãoShouting out to the World: A Run for the Dream, BigBang's 13,140 Days Challenge (2009) တောင်ကိုးရီးယားနိုင်ငံမှ ဆယ်ကျော်သက်လူငယ်လေး (၅)ယောက်ရဲ့ အိပ်မက်။ သူတို့တစ်ဦးချင်းစီရဲ့ ကေပေါ့ပ်လောကထဲ စတင်ဝင်ရောက်လာပုံမှ အစပြုလို့ BIGBANG ဆိုတဲ့ နာမည်အောက်ကနေ...