အပိုင်း (၅)
*ကနေတဲ့ ရက်ပ်ပါ??*
YGE ကို မဝင်ခင်ထိ အက ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်းမှ မတွေးကြည့်ဖူးဘူး။ ငယ်ငယ်တုန်းက ကလပ်တွေမှာ ဖျော်ဖြေဖူးတယ်ဆိုပေမယ့် ဟစ်ဟော့ကို ကြိုက်ပြီး ရက်ပ်ပါဖြစ်ချင်သူတစ်ယောက်အတွက်ဆို "ကခုန်ခြင်း" ဆိုတာကြီးက ဘယ်လိုမှထပ်တူကျမနေဘူးလေ။ ခုတော့ အဲဒါကြီးက ကျွန်တော့်ကို စောင့်ကြိုနေခဲ့ပြီ။
အရင်တုန်းက ရသကဗျာရေးသူတစ်ယောက်ဖြစ်ချင်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးဝာယ်နော်၊ အခု ရက်ပ်ပါဆိုတာကလည်း လူတွေဆီကို ပြောချင်တဲ့စာသားတွေ ဖွင့်အန်ချပြရတဲ့ အလုပ်ပါပဲ။ အမ်စီတစ်ယောက်ဟာ ရက်ပ်ပါတစ်ယောက်လည်း ဖြစ်လာနိုင်တာပဲ။ ပရိသတ်ကို သက်ဝင်လာအောင် လုပ်နိုင်ကြတာချင်းတူတူပဲလေ။ ဒီလိုမျိုး အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းသိသွားတော့ မိုက်လှချည်လားပေါ့။ ရက်ပ်ပါတွေမှာလည်း ကိုယ်ပိုင်ဟန်ပန်ရှိတယ်။ ပုံမှန်အဆိုတော်တစ်ယောက်ရဲ့ စင်ပေါ်မှာ ကျက်သရေရှိရှိသီဆိုနေပုံနဲ့တော့ ဘယ်တူမလဲ။ ရက်ပ်ပါတစ်ယောက်ရဲ့ အစွမ်းက သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေကို သူ့စိတ်ထဲရှိတဲ့အတိုင်း လွတ်လပ်စွာ ချပြနိုင်တာမျိုး။
နားထောင်သူတွေဆီကို ကျွန်တော့်ရက်ပ်တွေ ရွတ်ပြနေရတာကတင် ကျွန်တော့်အတွက် လုံလောက်တဲ့ ပျော်ရွှင်မှုဖြစ်နေပြီမို့ တခြားဘေးကအကူကိစ္စတွေ မလိုအပ်ဘူးလို့ တွေးခဲ့တယ်။ ဥပမာ အကလိုမျိုးပေါ့။ စင်ပေါ်မှာ ကပြနေစရာမလိုဘဲ ဒီတိုင်းလေးရပ်ပြီး ပရိသတ်ကို တက်ကြွလာအောင် စကားလုံးတွေနဲ့ ပြောနိုင်စွမ်းရှိခြင်းကိုက ဟစ်ဟော့ရဲ့ချစ်စရာကောင်းတဲ့အချက်ပဲ။
ဒါပေမဲ့ ကျွန်တော့်ရဲ့အမြင်တွေက ခုတော့ အနည်းငယ်ပြောင်းလဲလာပါတယ်။ ရက်ပ်လည်းရွတ်မယ် ကလည်းကမယ်.. ဒီလိုနည်းက ပရိသတ်တွေကို ပိုပြီးတက်ကြွပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် အဲဒီလိုဖြစ်စေလိုက်ဖို့က ပိုအရေးကြီးတာပေါ့လို့ ခံစားမိလာတယ်။ မစ္စတာယန်ဟျွန်းဆော့ကိုယ်တိုင်က ကျွန်တော့်အကစွမ်းရည်အပေါ် မျှော်လင့်ချက်သိပ်မထားထားတာ သိရတော့ ကျေးဇူးတင်မိပါတယ်။ "တော့ပ် (TOP) ကောင်းကောင်း ကနေတယ်" လို့ သူ တွေးမိမယ်ဆိုရင်တောင် အဲဒီအတွေးက ကျွန်တော်နဲ့ ဘယ်လိုမှ မလိုက်ဖက်နေပါဘူး။
YOU ARE READING
ကမ္ဘာကြီးထံ ဟစ်ကြွေးသံ (Shouting out to the World)
No FicciónShouting out to the World: A Run for the Dream, BigBang's 13,140 Days Challenge (2009) တောင်ကိုးရီးယားနိုင်ငံမှ ဆယ်ကျော်သက်လူငယ်လေး (၅)ယောက်ရဲ့ အိပ်မက်။ သူတို့တစ်ဦးချင်းစီရဲ့ ကေပေါ့ပ်လောကထဲ စတင်ဝင်ရောက်လာပုံမှ အစပြုလို့ BIGBANG ဆိုတဲ့ နာမည်အောက်ကနေ...