Unicode
ရှင်းရှောင်ရူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူမ၏ မိဘများ ချန်ထားပေးခဲ့သော RV ကားထဲတွင် ကလေးဘဝကတည်းက နေထိုင်ခဲ့သည်။
ယခင်ဘဝတွင် ရုတ်တရက် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး တဆက်တည်း ကမ္ဘာပျက်ကပ် ဖြစ်ပွားခဲ့သည်။ သူမသည် RV ကားပေါ်မှနေ၍ လူသူထူထပ်များပြားလှသည့် ဒုက္ခသည်ခိုလှုံသူစခန်းသို့ ပြောင်းရွှေ့ရန် ဖိအားပေးခံခဲ့ရသည်။ နောက်ဆုံး၌ ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီး ငါးနှစ်အကြာတွင် သေဆုံးခဲ့ရလေသည်။
ကမ္ဘာပျက်ကပ်မတိုင်ခင် နှစ်လအလိုတွင် ပြန်လည်မွေးဖွားလာပြီး အပိုဆောင်းဘဝနှင့်အတူ ရှေ့ဆက်ဖြစ်မည့်အရာများကို ကြိုတင်သိနေပါသော်လည်း သူမတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အခိုင်အမာခံတပ်ပြုလုပ်ထားဖို့ရာ အိမ်မရှိသလို အစားအသောက်များ သိုလှောင်ထားရန် ပိုက်ဆံလည်း မရှိပေ။ သူမတွင် အသက်တစ်ချောင်းမှလွဲ၍ ဘာတစ်ခုမှ မရှိပုံရလေသည်။
သူမ ကြီးပြင်းလာခဲ့သည့် ခရီးသွားယာဥ်ကို ကြည့်လိုက်ပြီး ရှင်းရှောင်ရူသည် တောတောင်အနက်ပိုင်းသို့ မောင်းသွားကာ တိတ်တိတ်ဆိတ်ဆိတ် သေဆုံးရန် စောင့်ဆိုင်းနေခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားလိုက်ရသည်။
တစ်နေ့၌ ရှင်းရှောင်ရူက ရုတ်တရက် တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ သူမ၏ RV ကားက သန္ဓေပြောင်းသွားသည်လား။ ၎င်းက ပြေးနိုင်၊ ပျံနိုင်ပြီး လျှပ်စစ်လည်း ထုတ်လုပ်နိုင်သေးသည်။ ထိုသည်က ထင်ယောင်ထင်မှားဖြစ်နေခြင်းလား သူမ မသိတော့ပေ။ RV ကားအတွင်းမှ အတွင်းပိုင်းနေရာလွတ်က အပြင်မှ မြင်နေရသည်ထက် အများကြီး ကျယ်ပြန့်ကြီးမားလာနေသည်လား။
"ခရီးသွားယာဥ်ဟိုတယ်လ်စနစ်ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ အိမ်ငှားတွေကို ရှာဖွေပြီး တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နေသရွေ့ ခရီးသွားယာဥ်က နေရာလွတ်နဲ့ ပိုပြီးများပြားတဲ့ လုပ်ဆောင်ချက်တွေကို အသက်သွင်းလာနိုင်ပါလိမ့်မယ်။ ကမ္ဘာပျက်ကပ်နေ့ရက်များမှာ သင့်ရဲ့ ခရီးသွားအိမ်လေးက အစွမ်းထက်တဲ့ လက်နက်ကိရိယာတစ်ခု ဖြစ်လာပါလိမ့်မယ်။"
YOU ARE READING
ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!
Fantasyရှင်းရှောင်ရူ x ဟယ်ကူးယင် မူရင်းစာရေးသူ - ကူးသူသယ့်ထုကျစ်ဝူ (အထီးကျန်နေတဲ့ ယုန်လေးရဲ့ ကခုန်ခြင်း)