Unicode
ရုတ်တရက် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နွေရာသီအပန်းဖြေခရီး ထွက်လာသည့် လေးဘီးယာဥ်လေးပေါ်သို့ မြေစိုင်ခဲများ အဆက်မပြတ်ပြုတ်ကျလာသည်။ အခြားလူများက လူစုခွဲကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြ၏။
တစ်ဖက်က ပို၍ ကံကောင်းသည်။ မနီးမဝေးတွင် RV စခန်းချနိုင်ရန် နေရာတစ်ခုရှိပြီး ထိုနေရာမှာ မြေအနေအထား ပြန့်ပြူး၍ ကျယ်ဝန်းကာ တောင်နှင့် ဝေးကွာသောနေရာတွင်ရှိသဖြင့် အန္တရာယ်သိပ်မရှိလှပေ။
အခြားတစ်ဖက်တွင်တော့ ထိုသို့ကံကောင်းခြင်းမရှိချေ။ တောင်ပေါ်လမ်းမှ မရေတွက်နိုင်သော ကျောက်တုံးများ ကျဆင်းလာပြီး ထွက်ပြေးသည့် ဖြစ်စဥ်တစ်ခုလုံးက မီးလျှံကြားဖြတ်သန်းနေရသလိုပင် ဖြစ်၏။ နောက်ထပ် တောင်ပြိုမှုက ဘယ်အချိန် ထပ်ဖြစ်မလဲ၊ သူတို့က ကားပေါ်တက်ကာ အရှိန်မြှင့်ပြီး အပြေးအလွှားမောင်း သင့်သလား၊ ဘရိတ်နင်းပြီး စောင့်ဆိုင်းသင့်သလား ဘယ်တော့မှ သိနိုင်လိမ့်မည် မဟုတ်ပေ။
စခန်းချနေသည့်အထဲမှ လူများက ပြေးလွှားရှောင်တိမ်းနေသည့် လူများနှင့် အဆက်အသွယ်မပြတ်စေဘဲ အခြားတစ်ဖက်ရှိ အခြေအနေကို ကြားသည့်အခါ စိုးရိမ်ပူပန်လာသည်။ "မင်းတို့ ရပ်လို့ရလား။ တခြား ပိုပြီး တည်ငြိမ်တဲ့နေရာ ရှာကြည့်လိုက်လေ။"
အခြားတစ်ဖက်မှ ပြန်အော်လေသည်။ "ငါ ရပ်နိုင်မှတော့ ဘာလို့ အလျင်စလို ပြေးနေတော့မှာလဲ။ အဓိကအချက်က ကျောက်တုံးတွေ အဆက်မပြတ် ပြုတ်ကျနေတာပဲ။ မြေကြီးတွေတောင် ပြိုကျကုန်ပြီ။ Fuck! လမ်းမကြီးက ပိတ်သွားပြီဟ။""တောင်ပြိုတာ။ တောင်ထပ်ပြီး ပြိုလာပြန်ပြီ။"
"ဘာလို့ ကျောက်တုံးတွေ အဲဒီလောက်များနေရတာလဲ။ ဒါက ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်တောင်ကြီးများလား။"
အကုန်လုံးက ပရမ်းပတာ ဖြစ်နေခဲ့သည်။
အချို့လူများက ကားကို အတူတကွ တွန်းနေကြပြီး အချို့က ကယ်ဆယ်ရေးအတွက် ဖုန်းများခေါ်နေကြကာ အချို့မှာတော့ အသက်ရှင်ရေးအတွက် ပြေးလွှားနေရဆဲဖြစ်သည်။ အချို့က လမ်းမထက် ပိတ်မိနေပြီး ဘာလုပ်ရမလဲ မသိကြတော့ပေ။
YOU ARE READING
ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!
Fantasyရှင်းရှောင်ရူ x ဟယ်ကူးယင် မူရင်းစာရေးသူ - ကူးသူသယ့်ထုကျစ်ဝူ (အထီးကျန်နေတဲ့ ယုန်လေးရဲ့ ကခုန်ခြင်း)