381 52 7
                                    

Unicode

သို့သော် သေချာပေါက် ကမ္ဘာပျက်ကပ်အတွက် ပြင်ဆင်နေသည်ဟုတော့ ပြော၍မရပေ။ ထပ်တွေးကြည့်ရင် သူက မှောင်ခိုရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ အလိုရှိဂန်းစတားမျိုးလည်း ဖြစ်နိုင်ပေသည်။

သူမက ထိုလူ၏ ID နံပါတ်ကို အင်တာနက်၌ တိတ်တိတ်လေး ရှာဖွေလိုက်သည်။ သူက ရာဇဝတ်သားဖြစ်နေခဲ့လျှင် သူမ တစ်ချက်ရှာကြည့်ရုံဖြင့် အချက်အလက်များကို တွေ့ရလိမ့်မည် ဖြစ်သည်။

သို့သော် သူမ ရှာကြည့်ပြီးနောက် ဘာမှမတွေ့ခဲ့ရပေ။

ကောင်းပြီ။ သူက ရာဇဝတ်သားမဟုတ်ဘူးပဲ။ အဆင်ပြေပါတယ်။

  
သူမက သူ့ကို ပထမဆုံး အမြင်တွင် အလိုလိုဖြစ်တည်လာသည့် ကြောက်ရွံ့စိတ်တို့ကို ဖိနှိပ်လိုက်ပြီး အန်တီချန်ထံသို့ ယာဥ်ငှားရမ်းလိုက်သည့်အကြောင်း ပြောပြကာ အစောပိုင်းက သူမဖုန်းခေါ်ခဲ့သည့် ရဲဝန်ထမ်း၏ ဖုန်းထံသို့ မက်ဆေ့ချ်ပင် ပို့ထားလိုက်သေးသည်။ သို့ဆိုလျှင် သူက လူသတ်သမား သို့မဟုတ် တစ်ခုခုဖြစ်ခဲ့ပါက ထိုရဲသည် သူ့အား ရှာဖွေနိုင်မည် ဖြစ်သည်။


ထိုသို့ပြုလုပ်ပြီးနောက် ရှင်းရှောင်ရူက ဟယ်ကူးယင်၏ အငှားယာဥ်မောင်းအဖြစ် သူ့ပထမဆုံး ဦးတည်ရာဖြစ်သည့် စပါးကျီသို့ ပို့ဆောင်ပေးရန် ပြင်လိုက်သည်။


ဟယ်ကူးယင် ရေချိုးသည်မှာ အလွန်လျင်မြန်လှသည်။ သူက ငါးမိနစ်အတွင်းမှာ ခေါင်းပင် လျှော်လိုက်သေး၏။ သူ ထွက်လာသည့်အခါ သူ၏ ညစ်ပတ်နေသော အဝတ်အစားများနှင့် အတွင်းခံတို့ကို လျှော်ပြီး ယာဥ်မောင်းထိုင်ခုံမှ မမြင်ရသည့် ကန့်ထားသော သန့်စင်ခန်း အနောက်ဘက်တွင် လှမ်းထားလိုက်သည်။ ရှင်းရှောင်ရူ အစက ရရှိခဲ့သည့် ပြင်းထန်လှသော သွေးနံ့က လေသန့်စင်စက်ဖြင့် သန့်စင်ခံလိုက်ရပြီး အများကြီး လျော့ပါးသွားခဲ့ပေသည်။

သူက အဖြူရောင် ခပ်ပွပွ အဝတ်အစားတို့ကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် မှီကာ မျက်လုံးတို့ကို မှိတ်ထား၍ အိပ်မောကျသွားသကဲ့သို့ အသက်ရှူမှုက နှေးကွေးကာ စည်းချက်မှန်မှန် ဖြစ်သွားခဲ့သည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jul 21, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!Tahanan ng mga kuwento. Tumuklas ngayon