239 40 4
                                    

Unicode

သူနာပြုအစ်မက စိတ်ဆိုးသော မျက်နှာထားနှင့် ဖြစ်နေဆဲဖြစ်သည်။ သို့သော် နောက်တစ်နေ့ မနက် ခြောက်နာရီ၌ သူမ၏ ဂျူတီရှိပြီး ခရီးသွားယာဥ်လေးက ဆေးရုံနှင့် အလွန်နီးသောကြောင့် သူမက ကစားပွဲ၌ ပါဝင်ရန် သဘောတူလိုက်သည်။

"အဲဒါက အလုပ်ဖြစ်မှာလား။" စနစ်က မသေမချာ မေးလိုက်သည်။


ရှင်းရှောင်ရူကလည်း မသေချာလှပေ။

ထိုယွမ်တစ်ရာသည် လုပ်ငန်းစဥ်တစ်ခုပြီးမြောက်စေရန် သူမက 'ဧည့်သည်' ကို လွှဲပေးခဲ့ပြီး ထို 'ဧည့်သည်' က သူမအား ပြန်လွှဲပေးခဲ့သည့်အတွက် စည်းမျဥ်းနှင့်မညီဟု သတ်မှတ်ခံရမည်လား မသိနိုင်ပေ။

ထားလိုက်ပါတော့။ အဲဒီအကြောင်း စိတ်ပူမနေတော့ဘူး။ ဟိုတယ်တစ်ခုအနေနဲ့ ဧည့်သည်ရှာရမယ်ဆိုရင် ရှာတွေ့နေရင်မှ ထူးဆန်းလိမ့်ဦးမယ်။

နောက်တစ်နေ့တွင် သူနာပြုအစ်မက ယွမ်တစ်ရာတန် တစ်ရွက်ထားခဲ့ကာ မှတ်စုစာရွက်အပေါ်တွင် ကြယ်ငါးပွင့် ဆွဲထားပေးခဲ့သည်။

ထို့နောက်တွင်.......

 
သူမ၏ စိတ်ထဲမှ ပါးလွှာသော လေထုထဲ လုပ်ငန်းစဥ်ဘားတန်းတစ်ခု ပေါ်ပေါက်လာပေသည်။ 'ဤတာဝန်၏ ဝင်ငွေ 0 ၊ ဧည့်သည်၏ စိတ်ကျေနပ်မှု ကြယ်ငါးပွင့်၊ ဧည့်သည်နှင့် မြင့်မားသော ခင်မင်ရင်းနှီးမှုကြောင့် ကြယ်​လေးပွင့် နှုတ်ယူ၊ အမှန်တကယ် စိတ်ကျေနပ်မှု ကြယ်တစ်ပွင့်၊ တာဝန်ကျရှုံး၊ ကျေးဇူးပြု၍ လမ်းမှားမလျှောက်ပါနှင့်။ ရလဒ်ကောင်းများ ရစေရန် ကြိုးစားအားထုတ်ပါ။'

ရှင်းရှောင်ရူ : "..." ဖာ့ခ်!


ဝင်ငွေက ဇီးရိုးဖြစ်သည်မှာ ကိစ္စမရှိသော်လည်း ဧည့်သည်၏ စိတ်ကျေနပ်မှုက ခင်မင်ရင်းနှီးမှုကြောင့် ကြယ်အနှုတ်ခံလိုက်ရလေသည်။

ခရီးသွားယာဥ်၏ တာဝန်ကို ပူးပေါင်းကြံစည်၍ မလိမ့်တပတ်လုပ်ခြင်းက ကြယ်တစ်ပွင့်မျှသာ သူနာပြုအစ်မ၏ အချစ်များအားလုံးက အလကားဖြစ်သွားရသည်။ .....ဒီလိုတွေးလိုက်တော့လည်း အစ်မက ငါ့ကို တကယ်ချစ်တာပဲ~~.... မဟုတ်သေးဘူး၊ အခုက ဒီအကြောင်းတွေး​နေရမယ့် အချိန်မဟုတ်ဘူး။
 
ရှင်းရှောင်ရူက ဒေါသဖြစ်လာသည်။ "လမ်းမှားလျှောက်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ အဲဒါကို အခမဲ့မှတ်ပုံတင်ပြီး ဧည့်ဝန်ဆောင်မှုပေးတယ်လို့ ခေါ်တာသိရဲ့လား။ လောကကြီးရဲ့ စည်းမျဥ်းတွေကို နားရောလည်ရဲ့လား။"

ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!Donde viven las historias. Descúbrelo ahora