246 40 10
                                    

Unicode

ဖုန်းဖြေသည့် ရဲသားက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး ရှင်းရှောင်ရူကို လက်တွေ့ကို ပြန်သွားပြီး ရုပ်ရှင်တွေ၊ တီဗွီစီးရီးများနှင့် လက်တွေ့ဘဝကို ရောထွေးမပစ်လိုက်ရန် အလေးအနက် အကြံပေးခဲ့သည်။

ဖြစ်နိုင်ချေမရှိသည့် ဇွန်ဘီသီအိုရီက လက်မခံနိုင်ဖွယ်ဖြစ်သော်လည်း ထိုရဲဝန်ထမ်းက ရှင်းရှောင်ရူ၏ သက်သေခံထွက်ဆိုချက်ကို မှတ်တမ်းတင်ထားဆဲ ဖြစ်သည်။


သေချာသည့်အရာမှာ ထိုအလောင်းက ဒုတိယထပ်မှ ပြုတ်မကျခင်ကပင် သေဆုံးပြီးဖြစ်သော်လည်း ၎င်းက လှုပ်ရှားနေဆဲဖြစ်သည်ကို လူအများက မြင်တွေ့ခဲ့ကြပေသည်။ ဖုန်းထဲမှ မိန်းကလေး၏ စိတ်ထဲရှိ အတွေးများက မည်မျှထူးဆန်းနေပါစေ သူမက မျက်မြင်သက်သေတစ်ယောက် ဖြစ်လေသည်။


"ဒီဖုန်းကို ခေါ်ရင် မင်းဆီ ရောက်တယ်မလား။ မှတ်တမ်းတင်ပြီးရင် ကျွန်တော် မင်းကို ဆက်သွယ်လိုက်ပါ့မယ်။"


ရှင်းရှောင်ရူ : "ကောင်းပါပြီ။"


ဖုန်းချပြီးနောက် ရှင်းရှောင်ရူက သူမ ရဲဝန်ထမ်းကို ပြောပြခဲ့သည့်အတိုင်း လုပ်ဖော်ကိုင်ဖက်အဖွဲ့ထဲသို့ ပြန်ပြောပြခဲ့သည်။


မည်သူက နားထောင်ပြီး မည်သူက နောက်ပြောင်သည်ဖြစ်စေ ရှင်းရှောင်ရူက ဂရုမစိုက်ပေ။ သူမက အော့ဖ်လိုင်းမြေပုံအမျိုးမျိုး download ဆွဲရန်၊ မီးစက်များနှင့် ဘက်ထရီအမျိုးမျိုးရှာဖွေရန် အစရှိသဖြင့် အလုပ်အများကြီး လုပ်ရန် ရှိနေပေသည်။

အား.. တကယ် ဒုက္ခများတာပဲ။ ဒုက္ခအဖြစ်ရဆုံး အရာကတော့ ထိုအရာများကို ပြင်ဆင်ရန် သူမထံ၌ ပိုက်ဆံမရှိခြင်း ဖြစ်လေသည်။


ထိုအချိန်၌ သူမ၏ စိတ်ထဲမှ စနစ်က ပြောလိုက်သည်။ "RV အတွက် ဆီနဲ့ လျှပ်စစ်မီးကို ကျွန်တော် အာမခံပေးနိုင်တယ်။"


ရှင်းရှောင်ရူက ရေငတ်တုန်း ရေတွင်းထဲ ကျသွားလေသည်။


ဟုတ်သားပဲ! သူမထံ၌ လုပ်ဆောင်ချက်များကို အဆင့်မြှင့်တိုးချဲ့ပေးနိုင်သော RV တစ်စီးရှိနေပေသည်။

ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!Where stories live. Discover now