Unicode
၎င်းက အလွန် ပရမ်းပတာလှုပ်ရှားနေခြင်း မဟုတ်သော်လည်း နောက်သို့ ဆုတ်သွားခြင်း ဆင်ခြေလျှောမှ တက်သွားခြင်းတို့ လုပ်လေသည်။
ရှင်းရှောင်ရူက ကားထဲတွင် ထပ်မနေရဲတော့ဘဲ အန်တီချန်နှင့်အတူ အခန်းထဲတွင် အိပ်ရန် ရွေးချယ်ခဲ့သည်။
ရလဒ်အနေနှင့် နောက်တစ်နေ့မနက် သူမ နိုးလာသောအခါ ကားက အန်တီချန်တို့ အိမ်ရှေ့သို့ သူ့ဘာသာ ရောက်နေခဲ့ပေသည်။
ချန်ကျန်းလိက အော်ဟစ်ရင်း တံခါးကို အလျင်အမြန် ပိတ်ပစ်လိုက်သည်။
"ငါ တံခါးဖွင့်လိုက်တဲ့ နည်းလမ်းက မှားသွားတာ ဖြစ်ရမယ်။"
သူမက တံခါးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။
RV က ထိုနေရာ၌ ရှိနေဆဲဖြစ်ကာ ရှေ့မီးလုံးများကိုပင် နှစ်ကြိမ်မျှ လင်းသွားအောင် ထွန်းလိုက်သေးသည်။ချန်ကျန်းလိ : "!!!"
သရဲကားတွေထဲမှာပဲ ရှိတဲ့ မြင်ကွင်းက ငါ့ရှေ့မှာ ဖြစ်လာနေတယ်။ တစ္ဆေကားပဲ! ကယ်ကြပါဦး!
ရှင်းရှောင်ရူက နိုးနေသည်မှာ အချိန်ကြာလှပြီဖြစ်သော်လည်း သူမက အားအင်ကုန်ခမ်းနေသလို ဖြစ်ကာ အိပ်ငိုက်နေဆဲဖြစ်သည်။ ကောင်းကင်က မှောင်နေဆဲဖြစ်ပြီး သူမက အိပ်ယာထက်တွင် လှဲနေခဲ့သည်။
"ဘာဖြစ်လို့လဲ။" သူမက လှုပ်လှုပ်ရှားရှားအသံများကို ကြားသည့်အခါ မူးဝေဝေနှင့်ပင် ထရပ်လိုက်သည်။ ထို့နောက်တွင် သူမသည် RV ကားက မီးအလင်းကို တဖျတ်ဖျတ် လုပ်နေသည်အား မြင်လိုက်ရသည်။ ၎င်းက သူမကို မြင်သည့်အခါ ပို၍ပင် ပျော်ရွှင်လာပုံရလေသည်။ ထိုကား၌ အမြီးတစ်ချောင်းသာရှိနေလျှင် ပတ်ချာလည်ယမ်းအောင် ခါနေပေလိမ့်မည်။
"........"အန်တီချန်က တွေဝေသွားပေသည်။ ရှောင်ရူထွက်လာတာနဲ့ ဘာလို့ သရဲရုပ်ရှင်ကနေ တိရစ္ဆာန်လေးတွေပါတဲ့ ချစ်စရာရုပ်ရှင်မျိုး ပြောင်းသွားသလို ခံစားလိုက်ရတာလဲ။ ဒါက ရှေ့မီးသီးအလင်းလေးပဲဆိုတာ သိသာနေတာကို။
ESTÁS LEYENDO
ငါလေးရဲ့ RV ဟိုတယ်လ်က သန္ဓေပြောင်းသွားတယ်!
Fantasíaရှင်းရှောင်ရူ x ဟယ်ကူးယင် မူရင်းစာရေးသူ - ကူးသူသယ့်ထုကျစ်ဝူ (အထီးကျန်နေတဲ့ ယုန်လေးရဲ့ ကခုန်ခြင်း)