AN : past conversations are in bold.
........
Trade drinks, but you don't even know her
Save me 'til the party is over........
"ရစ်ခီက ဘွဲ့ရရင် ဥပဒေပညာပဲ ဆက်လုပ်မှာလား၊
စီးပွါးရေးဘက် ဝင်လာမှာလား""အဲ့ဘက်ပဲ ဆက်လုပ်ဖြစ်လောက်တယ်
စီးပွါးရေးက စိတ်မဝင်စားသေးလို့လေ""ကောင်းပါတယ်.. ကိုယ်လည်း ဥပဒေနဲ့ပဲ
ကျောင်းပြီးထားတာ။ သိချင်တာရှိရင် လာမေးပေါ့"မဖြစ်မနေတက်ရောက်ရမည် ဆိုသောကြောင့် စိတ်မပါစွာ ရောက်ရှိလာရသော ပါတီပွဲတစ်ခု။ စီးပွါးရေးကို အကြောင်းပြထားသည့် လူကုံထံအသိုင်းအဝိုင်း၏ အာလာပသလ္လာပ စကားဝိုင်းသာသာပါပဲ။
ပိုစိတ်ရှုပ်စေသည်က အီအုပ်စု၏ အကြီးဆုံးသား အီဂျောင်ဟွန်း!
လက်ထဲ၌ အလှသက်သက် ကိုင်ဆောင်ထားသည့် ရှမ်ပိန်ခွက်ကို ဝှေ့ရမ်းရင်း ရေလိုက်ငါးလိုက် ပြန်ပြောနေတာကလည်း ယဉ်ကျေးမှုအရဖြင့်သာ။
"ဂျူနီယာလေးမို့ စကားပြောချင်နေတာ Club မှာ တွေ့တုန်းကလည်း သေချာ မမိတ်ဆက်လိုက်ရဘူးလေ။ ဆွဲထိုးတော့မယ့်ပုံပေါ်တဲ့ တစ်စုံတစ်ယောက်ကြောင့်"
ပုခုံးကို တစ်ချက်တွန့်ကာ ပြောလိုက်တဲ့ အီဂျောင်ဟွန်းရဲ့စကားကြောင့် ခပ်ဟဟ ရယ်လိုက်မိသေး၏။
မဖိတ်ခေါ်ပါဘဲ စကားဝိုင်းထဲ ဝင်ရောက်လာတဲ့ တစ်စုံတစ်ယောက်ကို မျက်လုံးတစ်ချက် ဝေ့ကာ လိုက်ရှာမိတော့ ခပ်ချောချော ကောင်မလေးတစ်ယောက်နှင့် ခွက်ချင်းတိုက်ရင်း စကားဖောင်ဖွဲ့နေလေသည်။
လုပ်ငန်းအကြောင်းတွေ ပြောနေသည်လား
ချစ်ကြောင်းတွေ ပြောနေသည်လားတော့ မသိ။"အဲ့တုန်းက တကယ် sorry ပါ ဂယူဘင်းက အဲ့လိုပဲ
အရပ်သာရှည်တာ စိတ်က လက်တစ်ဆစ်""ကင်မ်ဂယူဘင်းရှီက popular ဖြစ်တယ်နော်
အမြဲတမ်း ကောင်မလေးတွေ ဝိုင်းနေတာ"ကောင်းမွန်သည့် ချီးမွမ်းခြင်းတစ်ခု မဟုတ်သည့်တိုင် အမှန်တရားပေမို့ နှုတ်ဆိတ်၍သာ နေမိသည်။
YOU ARE READING
830 x 520 zone : Shimkongz
Fanfiction・one shots inspired by songs ・Gyuvin x Ricky ・written in burmese