[[ 7 ]]

188 30 1
                                    

အိမ်ပေါ်ထပ်မှ ကြားလိုက်ရသော အသံကြောင့် ဂျင် အိမ်ပေါ်ထပ်သို့ အမြန်ပြေးတက်သွားလိုက်သည်။

အဖေနှင့် အမေတို့အခန်းရှေ့ရောက်သော် ဘာအသံမှ မကြားရတော့။
သူတွန့်ဆုတ်နေ့မိသည်။

သူ ဒီတံခါးဖွင့်လိုက်ရမှာကို တကယ်ကြောက်နေမိသည်။ သူတံခါးလက်ကိုင်ကို ကိုင်ထားရင် အချိန်အတော်ကြာရပ်နေမိသည်။
ဂျင် သူစိတ်ကိုထိန်းပြီး တံခါးကို ညှင်သာစွာဖွင့်လိုက်သည်။

သူတွေ့လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ကိုယ်လုံးအေးစက်သွားသည်။ အသံမထွက်ပါဘဲ မျက်ရည်များစွာ ကျလာသည်။
အင်္ကျီအပြာရောင်လက်ရှည် နှင့် စတိုင်ပန့်အနက်ရောင်ကို သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ အဖေက ကြမ်းပြင်ပေါ်မှာ လဲကျနေသည်။
လက်ထဲမှာလည်း သေနတ်တစ်လက်နှင့်။ နောက်ပြီး အဖေ့ရဲ့ ခေါင်းအောက်ဘက်မှလည်း သွေးတွေ အများကြီးက ကြမ်းပြင်ပေါ်မှာ စီးဆင်းနေသည်။

ဂျင်အံသြ ထိတ်လန့်ခြင်းများစွာဖြင့် အဖေ့နားကို ဖြေးညှင်းစွာ တိုးသွားလိုက်သည်။

သူ့အဖေ့နားမှာ ‌ဖြေးဖြေးချင်းထိုင်ချလိုက်ပြီး အဖေ့လက်ကိုလှုပ်ကာ တိုးတိုးလေးခေါ်လိုက်သည်။

"အဖေ .. ဖေဖေ..."

အဖေဟာ ပြန်မထူး၊ သူနှိုးနေတာကိုလည်း ထမလာခဲ့ဘူး။

"အဖေ.... အဖေ..."

သူကျယ်‌လောင်စွာ အော်ခေါ်သည်။

"အဖေ... အဖေ ဘာလို့ ဒီလိုလုပ်နေတာလဲ..."

"အဖေ ထပါဦး.."...

"အဖေ ထပါဦးလို့... အဖေ ဂျင့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့... ဘယ်သူနဲ့ ဂျင်နေရမှာလဲ.. အဖေ ထပြီး စကားပြောပါဦး"

ဂျင် အဖေ့လက်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုနေမိသည်။ အဖေလက်မှ ပေနေသော သွေးများကိုလည်း ပြောင်အောင် သုတ်ပေးနေမိသည်။ အဖေကိုဖက်ကာ သူငိုနေသည်။ သူလက်ကို ပေလာသာ အဖေ့သွားများကိုလည်း သူ့ အင်္ကျီနှင့် သုတ်ပစ်သည်။

ဟင့်အင်း သူဒီလိုမဖြစ်ချင်ဘူး... သူသွေးတွေပေးနေတာကို မကြိုက်ဘူး...

🌞 Sunshine 🌞Where stories live. Discover now