“ဘယ်လိုလဲ သား ရာသီဥတုကောင်း ရှုခင်းကောင်းနဲ့ဆိုတော့ လန်းဆန်းမသွားဘူးလား”
“ဟင်”
ကားမောင်းနေတဲ့ အဖေက မေးနေပေမဲ့ ဂျင်ကတော့ ကားပြတင်းဘောင်ကိုမှီပြီး အပြင်ရှုခင်းတွေကိုသာ ငေးကြည့်နေသည်။
“ သား!!”
အဖေ၏ထပ်ပြီးခေါ်သံကြောင့် ဂျင်ပြန်ထူကာ မေးလိုက်သည်။
“အဖေ ဒီကို လာဖူးတာလား”
“ ဒီမှာ ခြံပိုင်တဲ့ အဖေ့သူငယ်ချင်းတစ်ယောက်ရှိတယ် နေရောင်ခြည်ခြံလို့ ခေါ်တယ် ရင်နှီးနေသလို ဖြစ်မနေဘူးလား”
ဂျင် ခေါင်းကိုခါပြကာ
“ မဖြစ်ပါဘူး”
အဖေက ပြုံးလိုက်ရင်း
“ဂျင်သာ သူတို့နဲ့တွေ့ရင် သဘောကျမှာ သေချာတယ်”
ဂျင်က အဖေ့စကားကြောင့် ပုခုံးကို တွန့်ပြလိုက်ရင်း ရှုခင်းတွေကိုသာ ပြန်ကြည့်ပြီးပြောလိုက်သည်။
“ သာမာန်ဘ၀လေးက ကောင်းလိုက်တာ သား သဘောကျတယ်”
အဖေက သူ့သားစကားကြောင့် ပြုံးရယ်လိုက်ပြီး တိုက်ခတ်နေသော လေကို တစ်ရှိုက်ရှုသွင်းလိုက်သည်။
“ ဟုတ်တယ် သား လေကလဲ သန့်ရှင့်းတယ်”
………
Mr.Kim သည် နေရောင်ခြံ ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသော ခြံဝန်းထဲသို့ ကားကို ချိုးဝင်လိုက်သည်။ ခြံဝန်းထဲတွင် လူများစုနေတာမြင်သောကြောင့် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။
သူတို့ စကားများနေစဉ် ခြံထဲသို့ ကားတစ်စီး ဝင်လာတာကြောင့် Mr.Jeon လှမ်းမျှော်ကြည့်လိုက်သည်။ ကားထဲမှ အခင်ဆုံးသူငယ်ချင်းဖြစ်သူ Mr.Kim ဆင်းလာတာမြင်တာကြောင့် အမြန်လျောက်သွားလိုက်သည်။
Mr.Kim က ယိုင်နဲ့ အားဖျော့ပြီး မျက်နှာ ပျက်နေသော သူငယ်ချင်းကို မြင်တော့ မေးလိုက်သည်။
“ ဘာဖြစ်တာလဲ”
Mr.Jeon က “ ကိစက ရှည်တယ် နောက်မှ ပြောပြမယ်”
သူတို့ စကားပြောနေစဉ် ရှေ့နေဆိုသည့် လူနှင့် သူအပေါင်းအပါတွေက ပြန်ထွက်သွားခဲ့သည်။
YOU ARE READING
🌞 Sunshine 🌞
Fiksi Penggemarကောင်းကင်ကို မော့ကြည့်လိုက်ရင် နေမင်းကြီးကို မြင်ရတယ် အဲ့ဒိနေမင်းကြီးကို ကျွန်တော်က အစ်ကို လို့ခေါ်တယ်... Jinkook 🌞 kookjin