[[ 20 ]]

155 22 5
                                    

ပြန်စာမရှိသော ဖုန်းအားကြည့်ရင်း ဂျင်သည် နှုတ်ခမ်းလေးကို ထော်ထားမိသည်။ ထိုအချိန်တွင် ဟုပ်သည် တံခါးခေါက်သံနှင့် အတူ ဝင်လာခဲ့သည်။

"အမ် မင်းရုပ်က ဘာဖြစ်နေပြန်တာလဲ"

သူသည် ဟုပ်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

"ဟုပ် ငါ အထီးကျန်တယ်"

ဟုပ်သည် မျက်မှောင့်ကြုပ်ကာ သူ၏ သူငယ်ချင်းလိုရော ညီလေးလိုရော စောင့်ရှောက်ပေးရပါမည့် သူအား ကြည့်လိုက်သည်။ ဒီကလေး... ဒီလို ဆိုးနေတာသည် သူ၏အနား မည်သူမှ မကပ်ရဲအောင် ဆူးချွန်များထုတ်ထားပြီး ထိုဆူးများကြားတွင် ပုန်းနေသည့် ဖြူကောင်လေး နှင့် တူသည်။ သိုပေမဲ့ သူ၏ အစ်ကိုဂျွန်နှင့် ပတ်သတ်လာလျှင် လေလေးတိုးရုံဖြင့် ညိုးငယ်ကာ သူ၏ အရွက်များကို သိမ်းသွားတတ်သည့် ထိကရုန်းပင်လေးလို ဖြစ်သည်။ မည်သူမှ မမြင်ပေးနိုင်ပေမယ့် သူသည် ဂျင်နှင့် ကလေးသေးသေးလေးထဲက အတူတူရှိလာခဲ့သောကြောင့် သိပါသည်။

"အမ် ဘာဖြစ်လို့လဲ ငါရှိတယ်လေ"

ဂျင်သည် နှုတ်ခမ်းကိုစူကာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါသည်။

"ငါ အထီးကျန်တယ်.. အစ်ကိုဂျွန်ကို လွမ်းလို့"

ဟုပ်သည် သက်ပြင်းကိုချကာ 

" မင်းဟာကလဲ လွမ်းတယ်ဆိုလဲ ဖုန်းခေါ်လိုက်ပေါ့ကွာ"

သူသည် အစ်ကိုကို စာများသာ နေတိုင်းပို့ဖြစ်သည်။ ဖုန်းခေါ်ဖို့ရန်တော့ တစ်ခါမှ မကြိုးစားမိပေ။ ဟုပ်၏ စကားကို ကြားသောအခါ သူသည် ဖုန်းကို ပြန်ကောက် ကိုင်လိုက်သည်။ သိုပေမဲ့ သူသည် သက်ပြင်းချရင်း ဖုန်းကို ပြန်ချလိုက်ပြန်သည်။

"ဦးလေးက ပြောထားတယ် အစ်ကို့ကို အနှောက်အယှက်မပေးသင့်ဘူးတဲ့"

ဂျင်သည် ထိုသို့ ပြောလိုက်ပေမယ့်လဲ  ခဏအကြာတွင် ဖုန်းကို ကောက်ကိုင်လိုက်ပြန်သည်။

"ဒါပေမဲ့ တစ်ခါတလေဆို သူလည်း အနှောက်အယှောက်မဖြစ်လောက်ပါဘူး ဟုတ်တယ်လား"

သူ၏ မျက်ဝန်းများသည် တောက်ပလာကာ ဟုပ်ကို ထောက်ခံရန် ပြောလိုက်သည်။ ဟုပ်က သူ့ပုံစံကို ကြည့်ပြီးခေါင်းခါကာ ရယ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 19 ⏰

Add this story to your Library to get notified about new parts!

🌞 Sunshine 🌞Where stories live. Discover now