“မင်းက ကျောင်းသားအသစ်လား ငါတို့နဲ့ လာထိုင်လေ”
ဂျင်သည် စာသင်ခန်းထဲ တွင် တစ်ယောက်တည်း ထိုင်နေတုန်း ကျောင်းသား နှစ်ယောက်က လာကာ စကားလာပြောသည်။ သူက တစ်ယောက်ထဲ နေရတာ ကြိုက်သည့်အတွက် ငြင်းလိုက်ရန် ပြင်လိုက်သည်။သို့သော် အစ်ကိုဂျွန်၏ စကားများက သူအတွေးထဲ ရောက်လာခဲ့သည်။
အစ်ကို ဂျွန်က သူ့ကို ပြောခဲ့သည်။
*ဂျင်... သူငယ်ချင်း ဆိုတာက... သူတို့တွေက လောကကြီးမှာ အထီးမကျန်အောင် လုပ်ပေးကြတယ် လူကြီးတွေကို ပြောလို့မရတဲ့ လျှိုဝှက်ချက်တွေ အကောင်းအဆိုး ခံစားချက်တွေကို မျှဝေလို့ရတယ်*
အစ်ကို၏ စကားကို နားထောင်ချင်တာကြောင့် သူ ခေါင်းညိမ့်လိုက်ကာ သူတို့နှင့် အတူသွားထိုင်လိုက်သည်။
ထမင်းစားချိန်နားတော့ သူတို့နှင့်အတူ ကန်တင်းသို့ ထွက်လာလိုက်သည်။
“ဂျင် မင်းနေရာဦးထားနှင့် ငါတို့ မုန့်အရင်သွားဝယ်လိုက်ဦးမယ်”
“အင်း ငါဦးထားလိုက်မယ်”
ဂျင်လည်း ၃ယောက်စာ နေရာဦးရင်းစောင့်နေလိုက်သည်။
တော်တော်နှင့် ပြန်ရောက်မလာသောကြောင့် သူတို့ သွားရာဘက်သို့ ဂျင်သည် လှည့်ပတ်ကြည့်ကာ ရှာလိုက်သည်။
သူနှင့် မနက်ကမှ အသစ်စက်စက် သူငယ်ချင်း ဖွဲထားတဲ့ နှစ်ယောက်က တခြားဝိုင်းမှာ တခြားသူများနှင့်ထိုင်ကာ ထမင်းစားနေသည်ကို တွေ့လိုက်သည်။
သူတို့နှင့် အတူထိုင်သော သူများကို ကြည့်လိုက်တော့ ယူမင်တို့ အဖွဲ့ဖြစ်နေသည်။
သူ့ခံစားချက်တွေ မကောင်းပါ..
သူမေ့နေတာ... ဒီကျောင်းမှာလည်း ယူမင်တတ်နေတာကိုပင်… နောက်ပြီး ယူမင်က သူ့ထက် တစ်တန်းလဲ ကြီးသေးသည်။
ဂျင်သည်လည်း ထမင်းပန်းကန်ကို ကိုင်ကာ ထိုစားပွဲဝိုင်းရှိရာသို့ သွားလိုက်သည်။ ယူမင်၏ ရှေ့စားပွဲထိုင်ခုံက လွတ်နေသောကြောင့် ဂျင်သည် ယူမင်ရှေ့တွင် ရပ်လိုက်ရင်း သူ၏ အသစ်စက်စကွသူငယ်ချင်း၂ယောက်ကို ပြောလိုက်သည်။
YOU ARE READING
🌞 Sunshine 🌞
Fanfictionကောင်းကင်ကို မော့ကြည့်လိုက်ရင် နေမင်းကြီးကို မြင်ရတယ် အဲ့ဒိနေမင်းကြီးကို ကျွန်တော်က အစ်ကို လို့ခေါ်တယ်... Jinkook 🌞 kookjin