[[ 19 ]]

147 28 2
                                    

ဂျင်သည် ဘယ်ဆီ ထွက်သွားမှန်းမသိတဲ့ အစ်ကို့ကို လိုက်မရှာနိုင်ပါဘူး...

စိတ်ဓာတ်ကျစွာဖြင့် အခန်းထဲသို့ ပြန်လာခဲ့သည်။ လူက ငူငူငေါင်ငေါင်နှင့်.....

အစ်ကိုသည်လည်း သူ့ကို တခြားသူများလို အလိုမရှိဘူး....

ဂျင်သည် ကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေတုန်း ဟုပ်သည် ဝင်လာခဲ့သည်။

"ဟုပ် ငါ့ကို အစ်ကိုက မချစ်ဘူး အစ်ကိုက ငါ့ကို မုန်းတယ် ငါအခု ဘယ်လိုလုပ်သင့်လဲ"

ဟုပ်သည် သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

"သူက မင်းကို ဘာပြောလို့လဲ မင်းက ဘာလို့ ဒီပုံစံဖြစ်နေတာလဲ..."

ဟုပ်သည် သူ့၏ အရုပ်ကြိုးပြတ် ပုံစံကို ကြည့်ကာ အားမလိုအားမရ ဖြစ်နေသည်။

"မင်းကို ဂျွန်ဂျောင်ကု ကတော့ နားလည်ပေးနိုင်မယ်ထင်ထားတာ အခုတော့ တခြားသူတွေ လိုပဲတဲ့လား မင်းဒီလိုပုံစံဖြစ်မနေနဲ့ ဒီကလူတွေက ငါ့တို့ကို မလိုလားဘူးဆိုရင်လဲ ငါ့တို့ပြန်သင့်ပြီထင်တယ် ငါ့တို့ပြန်ကြရအောင်လေ"

သူသည် ဟုပ်၏ စကားကို ကြားသောအခါ ချက်ချင်းခေါင်းခါလိုက်သည်။ သူတွင် ပြန်စရာနေရာမရှိပါ။ သူ၏ မှတ်ဉာဏ်ထဲရှိအိမ်သည် ကြမ်းပြင်ထက်တွင် ပစ္စည်းများကွဲကြေနေသည်။ အိမ်ဆိုသည်နှင့် သေနတ်သံကိုသာ ကြားမိလာသည်။ မိုးတွေသည်းပြီး မည်းမှောင် အေးစက်နေသည့် နေရာသာ သူ့မှတ်ဉာဏ်တွင် ကျန်ရှိသည်။

" မပြန်ဘူး ငါအိမ်မပြန်ဘူး ငါဒီမှာပဲနေမှာ ငါ ဒီမှာပဲနေချင်တယ်"

..........................................

ဂျောင်ကုသည် အိမ်မှ ကားကို အကြမ်းမောင်းပြီး ထွက်လာကာ ထယ်ယောင်းဆီသို့ ထပ်ကာသွားလိုက်သည်။

ကားတံခါးကို အကြမ်းဆောင့်ပိတ်ကာ ဆင်းလာသော ဂျောင်ကု ကို မြင်သောအခါ ထယ်ယောင်းပြောသည်။

"ငါထင်သားပဲ မင်း ဂျင့်ကို ပြောလို့မရဘူးမလား"

ဂျောင်ကုသည် ဘာမှ မရှိသော မြက်ခင်းပြင်ကို ကန်လျက် စိတ်တိုနေသည်။

🌞 Sunshine 🌞Where stories live. Discover now