12.4

1K 107 1
                                    


12.4

ဆရာသခင် ချီရှောင်က တိတ်ဆိတ်မီးတောင်ထိပ်ကို အပြေးအလွှားသွားကြည့်သည့်အခါ အခြားတောင်ထိပ်သခင်တွေလည်း စုရုံးပြီး ကြေကွဲကောင်းကင်နန်းဆောင်ပေါ်ရှိ တိမ်မည်းတွေကို အံ့သြတကြီး ကြည့်နေကြသည်။ အထူးသဖြင့် ပထမဆေးလုံး တောင်ထိပ်သခင် ဖြစ်ပြီး သူ့အကြည့်တွေက ရိုသေလေးစားခြင်း၊ အလိုရှိခြင်း အာသီသတွေနှင့် ပြည့်နေလေသည်။

" မဟာအကြီးအကဲက 'ထူးဆန်းအံ့ဖွယ်' အဆင့် ဆေးလုံးဖော်စပ်သူပဲ ... ဘယ်လိုများဖုံးကွယ်ထားရတာလဲ။ ဆေးလုံရဲ့ အရှိန်အဝါအရ အဲဒါက ကောင်းကင်ကံကြမ္မာခိုးယူခြင်း ဆေးလုံးပဲ ဖြစ်လိမ့်မယ်။ သူ့တပည့်အသစ်လေးက တကယ်ကို ကံကောင်းလွန်းတယ်။ "

" အဲဒါက တကယ်ကို ကောင်းကင်ကံကြမ္မာခိုးယူခြင်း ဆေးလုံးလား။ " ဆရာသခင် ချီရှောင်က ထိုလူကို ပြန်လှည့်ကြည့်ကာ မေးလိုက်ပြီး အံ့သြမှင်သက်မိနေသည်။ ထိုအရာက ဒဏ္ဏာရီအဆင့် ဆေးလုံးဖြစ်ပြီး ဆေးညွှန်းက နှစ်ထောင်ချီပြီး ကွယ်ပျောက်နေခဲ့သည်။

" ဟုတ်တယ် " ပထမဆေးလုံးတောင်ထိပ် သခင်က ဆေးရနံ့သင်းသင်းလေးအပေါ် ရီဝေနေသည်။

အနီးအနားရှိသည့် တစ်ယောက်က ရှင်းပြလိုက်သည်။ " ဓားကျင့်ကြံခြင်း အုတ်မြစ်ရော၊ ဆေးလုံးဖော်စပ်ခြင်း အုတ်မြစ်ရော နှစ်ခုလုံးက အထွတ်အထိပ်ချည်းပဲ ... သူ့တပည့်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အံ့ဖွယ်ရတနာအများကြီး အသုံးပြုခဲ့တာပဲ။

မဟာအကြီးအကဲကို လုံးဝမှန်းဆလို့မရဘူး။ ကြေကွဲကောင်းကင်ဓားလမ်းစဉ်ထဲမှာ သူက ပထမဆုံး အောင်မြင်မဲ့လူဆိုတာ သံသယဖြစ်စရာ မလိုဘူး "

စုန့်ယွီဖေးနှင့် ကျို့ယီမင်တို့လည်း အချိန်မီရောက်ရှိလာပြီး နောက်ဆုံးစကားကို ကြားလိုက်ကြသည်။ အစပိုင်း မှုန်မှိုင်းသွားပြီး နောက်ပိုင်း လေးစားမှုထဲ နစ်မြှပ်သွားကြသည်။

ကျောက်စိမ်းဆွဲကြိုးထဲမှာ ရှိသည့် အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး " ကောင်းကင်က ပေးထားသမျှ ပြန်ရုတ်သိမ်းလိမ့်မယ်။ ဒီဆရာသခင်တင်းကွမ်း များများသန်မာလေ သူ့ကျရှုံးမှု မြန်လေလေပဲ "

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Wo Geschichten leben. Entdecke jetzt