၁၂.၁၀ Final

879 77 4
                                    


၁၂.၁၀

" သူတို့က ခွန်းလွန်ကြေးမုံကို တကယ် ဖျက်ဆီးပစ်တာလား။ " အမျိုးသမီးက အံ့သြတုန်လှုပ်နေသည့် အမူအရာနှင့် မေးလိုက်သည်။

ဒါပေမဲ့ ဒါက ရှေးဟောင်းမှော်ပစ္စည်းလေ။ ကြီးကျယ်မြင့်မြတ်တဲ့ နတ်ဘုရားတွေ ဆင်းသက်လာတာ မဟုတ်ရင် ဒါကို ဘယ်သူက ဖျက်ဆီးနိုင်စွမ်း ရှိမှာလဲ။

ကျုံးယီ၏ စွမ်းအားက သူမ မျှော်မှန်းထားတာထက် ကျော်လွန်နေသည်။ သူမက ဝိညာဉ်စွမ်းအား ပို့လွှတ်လိုက်ပြီး စုန့်ယွီဖေး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အတွင်းအင်္ဂါတွေက အစီစဉ်မကျဖြစ်နေပြီး အသက်ဓာတ်က အပြင်းအထန် ထိခိုက်မှု ကြုံထားရလေသည်။ သူမက သက်ပြင်းချလိုက်ပြီး

"ဒီဆေးလုံးတွေက အသုံးမဝင်တော့ဘူး။ ဝိညာဉ်ကို ပြန်လည်ကုစားနိုင်တဲ့ နိဗ္ဗာန်ဆေးလုံးကို ရှာဖို့လိုတယ်"

သူမ နေထိုင်ရာ အဆောက်အဦး၏ ဆေးထားရာအခန်းကို စစ်ဆေးကြည့်ပြီး သူမမှာ နိဗ္ဗာန်ဆေးလုံး ဖော်စပ်နိုင်ဖို့ လိုအပ်သည့် အရမ်းရှားပါးပြီး အဖိုးတန်သည့် ဝိညာဉ်ဆေးပင်အချို့ လိုအပ်နေတာ သတိထားမိလိုက်ကာ ပြောလိုက်သည်။

"အပြင်သွားပြီး ဒီဆေးပင်တွေ ရှာလာခဲ့ ဒါမှမဟုတ်ရင် မင်းရဲ့ကျင့်ကြံဆင့်က ဒီတစ်သက် ကနဦးဝိညာဉ်အဆင့်မှာ သောင်တင်နေလိမ့်မယ်။ ဒီတစ်ခါ ငါ အတွေးတိမ်သွားတယ်။ ခွန်းလွန်ကြေးမုံကို ဖန်ရှင်းဟိုင်ဆီ မပေးခိုင်းသင့်ဘူး။ တခြားတစ်ယောက်ဆိုရင် ဒီလိုလုယက်ခံခဲ့ရမှာ မဟုတ်ဘူး။"

ထို့အပြင် သူမက ကျုံးယီကို ကြောက်လန့်နေခဲ့ပြီး ဒီဆရာတပည့် နှစ်ယောက်ကို သေစေချင်နေသည်။ သို့သော် သူတို့ဆရာတပည့် နှစ်ယောက်က အရမ်းထူးခြားနေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ တစ်ယောက်က သူ့ကို သတ်ချင်နေသည့် ကျင့်ကြံသူအုပ်စု လက်ထဲကနေ လွှတ်မြောက်ခဲ့ပြီး တစ်ယောက်က ရှေးမှော်ပစ္စည်းကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သည်။

စုန့်ယွီဖေးက ဒီအမျိုးသမီးအပေါ် သူ့နှလုံးသားထဲမှာ သိမ်းထားသည့် လျို့ဝှက်ခံစားချက်တွေ ရှိလေသည်။

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now