12.3
အခု ယွင်ရှန့်က သူခန္ဓာကိုယ် အမြန်ပြန်ကောင်းလာပြီး ကျင့်ကြံချင်နေသည်။ ထိုအခါမှ နောက်နှစ်ငါးဆယ်နေလို့ ဆေးပင်တစ်ရာ လျို့ဝှက်နယ်မြေ ထပ်ပွင့်သည့်အချိန်ကျ သူက ဖန်ဝမ်ကွမ်း၏ အလောင်းကို သဂြိုလ်ဖို့ရာ ဂိုဏ်းဆီ ပြန်လည်ယူဆောင်နိုင်မှာ ဖြစ်၏။ မှန်ပေသည်။ သူ့အစ်ကိုကြီးအတွက် လက်စားချေပေးဖို့ကလည်း ထိပ်ဆုံးဦးစားပေးစာရင်းထဲ ပါဝင်သည်။
သူက ကျုံးယီပေါင်ပေါ် ထိုင်နေရင်း သူ့ဦးခေါင်းပိုင်းလေးပဲ ဖော်ထားပြီး ကျန်သည့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်စိမ်း ဝိညာဉ်ရေကန်ထဲ မြှပ်နေသည်။ သူခန္ဓာကိုယ်ကို မရေတွက်နိုင်သည့် အပ်တွေဖြင့် ထိုးဆွနေသလို ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည်။ သူ့စိတ်ဆန္ဒကသာ မပြင်းပြလျှင် သူက မေ့မြောသွားလောက်လေပြီ။
ကျုံးယီက ရေကန်ဘောင်ပေါ် လက်တစ်ဖက်တင်ထားကာ ကျန်တစ်ဖက်က သူ့တပည့်လေး၏ သေးငယ်လှသည့် ခါးလေးကို ဖက်ထားပြီး ခေါင်းစောင်းလျှက် တပည့်လေး၏ အမူအရာကို ဂရုတစိုက် စောင့်ကြည့်နေသည်။
" အရမ်းနာကျင်နေလား"
" ဟင့်အင် ရပါတယ် "
" တောင့်မခံနိုင်တော့ရင် ဒီဆရာကို ပြော..."
" ဟုတ်"
လူနှစ်ယောက်က စကားတစ်ခွန်းမှ မဆိုဘဲ အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ ကျုံးယီက သူ့တပည့်လေး နာကျင်မှုကို တောင့်ခံရင်း အံ့တုနေတာကို မြင်သည့်အခါ သူ့နှလုံးသားက ဆုံးရှုံးသွားမှုတချို့ကို ခံစားလိုက်ရသည်။ သူက သူ့တပည့်လေးကို အရာအားလုံးမှာ သတ္တိမရှိစေချင်ပေ။ သူ့အပေါ် များများ မှီခိုစေချင်မိ၏။
ဝိညာဉ်ရေကန်ထဲမှာ အနားယူပြီးသည့်နောက် ကျုံးယီက သူ့တပည့်လေးကို ကျောက်စိမ်းကုတင်ဆီ ပြန်လည်ပွေ့ခေါ်လာခဲ့ပြီး ဆံပင်တွေ ခြောက်အောင် မှော်မန္တန် အသုံးပြုပေးလိုက်သည်။
သူက အောက်ခံအဖြူ ဝတ်စုံနှင့် အနက်ရောင်ဝတ်ရုံကို ထုတ်ယူလာပြီး ဂရုတစိုက် ဝတ်ဆင်ပေးလိုက်သည်။ တပည့်လေး၏ ခန္ဓာကိုယ်က ပိန်သည်။ အသားရေကလည်း ဖြူဖြော့နေပြီး အလင်းလေး ဖြတ်သွားရင်တောင် အတွင်းဒဏ်ရာ ရသွားနိုင်သည်။ ထိုအရာက ကျုံးယီကို ကရုဏာတွေ ရေစီးကမ်းပြိုသည့်အထိ ဖြစ်လာစေသည်။ သူက သူ့တပည့်လေး၏ ခြေဖဝါးကို လက်ဖဝါးထဲ ဆုပ်ကိုင်ထားပြီး အနည်းငယ် နွေးလာအောင် စောင့်နေသည်။ ထို့နောက် ခြေအိတ်နှင့်ဖိနပ် ဝတ်ဆင်ပေးလိုက်သည်။
YOU ARE READING
Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)
ActionThis story is for FOD Arc 12 myanmar translation!! All the storyline go credit to original author!! This is about Xianxia World...... BL ..... READ AT YOUR OWN RISK!!