12.7

1.1K 109 4
                                    


12.7

မိုးကြိုးဝိညာဉ်ကြော ပိုင်ရှင်တွေက အခြားဝိညာဉ်ကြော ပိုင်ရှင်တွေနှင့် အတော်လေး ကွဲပြားလှသည်။ ထိုအရာကို ထိန်းချုပ်ထားဖို့ နည်းလမ်း မရှိလုနီးပါး ဖြစ်ကာ ဝိညာဉ်ကြောတွေထဲ စွမ်းအားအကြီးမားဆုံးလည်း ဖြစ်သည်။

ဖန်ရှင်းဟိုင်က အသုံးမဝင်ဆုံး ဝိညာဉ်ကြောရှိပြီး စုန့်ယွီဖေးသာ အကျိုးဆက်ကို မကြောက်ခဲ့ရင် သူ့ကို လျှပ်တပြက်အတွင်း ရှင်းပစ်နိုင်လိမ့်မည်။

မြူ ဝိညာဉ်ကြောတွေက ပုန်းကွယ်နေရာမှာ တကယ်ကို ကောင်းပေသည်။

သူ့မြူထဲမှာ မမြင်ရအောင် ပြုလုပ်နိုင်ပြီး သူ့ကို ထိခိုက်အောင် လုပ်ဖို့ရာ တခြားသူတွေမှာ နည်းလမ်း မရှိပေ။ သို့သော် သူက သတိမပြုမိဘဲ တိုက်ခိုက်နိုင်တာက သူ့အကြီးမားဆုံး အခွင့်အရေး ဖြစ်နေသည်။

မိုယူနှင့်ကျို့ယီမင်က သူ့စီစဉ်အကွက်ချထားမှုမှာ လုံးလုံး ကျရှုံးခဲ့ကြသည်။ အခုက စုန့်ယွီဖေးအလှည့် ဖြစ်ကာ သူ့အနေနှင့် ထိုသို့လှည့်စားခံရဖို့ ငြင်းဆန်လေသည်။

" ဖန်ရှင်းဟိုင် မတွေ့တာကြာပြီ။ ဒါပေမဲ့ မင်း ပုံစံအမှန်ပြဖို့ ဖုံးကွယ်နေရတာကို အခုထိ ကြိုက်နေတုန်းပဲပေါ့။ မင်း စရိုက်က တကယ်ကို ကြောက်တတ်ပြီး သူရဲဘောကြောင်တာပဲ။ ဒီမြူဝိညာဉ်ကြောနဲ့ တကယ်ကို ကိုက်ညီတာပဲ "

သူက လက်မြှောက်လိုက်ပြီး အစီအရင် ပြုလုပ်ရင်း မဟာမိုးကြိုး ကျင့်စဉ်နည်းစနစ်ကို ခေါ်လိုက်သည်။

ခရမ်းရောင်မိုးကြိုးတွေက လေထုထဲ ကွဲထွက်လာပြီး ထူထပ်နေသည့် မြူ တစ်ခုလုံးကို ရေစက်အသေးလေးတွေက ချက်ချင်း ဖုံးလွှမ်းလာသည်။ သာမာန် ကျင့်ကြံသူတွေအတွက်က တိုက်ရိုက် တိုက်ခိုက်မှုကို အသုံးပြုပါက ဝိညာဉ်စွမ်းအား အများကြီး ကုန်ဆုံးလေသည်။ သို့သော် မိုးကြိုးဝိညာဉ်ကြော ပိုင်ရှင်တွေအတွက်မူ သူတို့၏ တိုက်ခိုက်မှုက ဝိညာဉ်စွမ်းအား နည်းနည်းလောက်ဖြင့် ကြီးမားသည့် အပျက်အစီးတွေ ဖြစ်ပေါ်စေနိုင်သည်။

ရေခိုးရေငွေ့တွေ နေရာတိုင်း ပေါ်ထွက်လာတာကို မြင်ပြီး အမှန်တကယ်ကို မှန်ကန်နေခဲ့သည်။ စုန့်ယွီဖေးက ဒီရေတွေကို လျှပ်ကူးနိုင်ဖို့အတွက် အရင်ကတည်းက သင်ယူခဲ့သည်။

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Donde viven las historias. Descúbrelo ahora