မြေခွေးနှင့်ကျီးကန်း
The Fox And The Crowတစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ
တဲတစ်ခုရဲ့ ပြတင်းပေါက်ကနေ
ဒိန်ခဲတစ်ခုချီပြီး ဒိန်ခဲကိုစားဖို့
သစ်ပင်မြင့်မြင့်တစ်ပင်ပေါ် ပျံတက်သွားတယ်။ အဲဒီအချိန်မှာ မြေခွေးရောက်လာပြီး
သစ်ပင်ပေါ်မှာ ဒိန်ခဲကိုက်ပြီးနားနေတဲ့
ကျီးကန်းကို မြင်သွားတယ်။
မြေခွေးကသစ်ပင်နားသွားပြီး
သစ်ပင်အောက်မှာထိုင်ရင်း
အပေါ်ဘက်ကို အတန်ကြာအောင်
ငေးကြည့်နေတယ်။
ပြီးတော့မှ မြေခွေးက
ကျီးကန်းကို မြှောက်ပင့်စကားတွေ
စပြောတော့တယ်။“သင်ဟာ အလွန်တရာ လှပါပေတယ်။
သင့်ရဲ့ အမွေးအတောင်တွေကလည်း
ချောမွေ့ ညက်ညောလှပါပေတယ်။
သင့်ရဲ့ ခန္ဓာကိုယ်ကလည်း
ရှုမငြီးစရာပါပဲ။
သင်သီချင်းသီဆိုသံကို
တစ်ခါမှမကြားမိပေမယ့် သင့်ရဲ့အသံဟာလည်း သင့်ရဲ့လှပတဲ့ ခန္ဓာကိုယ်လို နားဝင်ပီယံဖြစ်မှာ သေချာလောက်ပါပေရဲ့။
ဒီအတိုင်းသာမှန်ရင် သင်ဟာ ကမ္ဘာမှာ
အံ့ဩဖွယ်ရာအကောင်းဆုံး
ငှက်တစ်ကောင်ဖြစ်မှာ သေချာပါတယ်”ဒီစကားတွေကြားတော့ ကျီးကန်းဟာ အလွန်တရာ ပီတိဖြာသွားတယ်။
မြေခွေးပြောတဲ့ စကားဟာလည်း
မှန်သောစကား ဖြစ်မှာပဲလို့ သူတွေးမိတယ်။“ငါ့အသံဟာ ဘယ်လိုအသံလဲဆိုတာ
သူ့ကိုသက်သေပြမှ ဖြစ်တော့မှာဘဲ။
ငါ့အသံကလည်း သိပ်ကိုကောင်းပါလားဆိုတာကို ယုံမှားစရာမရှိလောက်ပါဘူး” လို့ ကျီးကန်းက စဉ်းစားမိတယ်။ဒါကြောင့် ကျီးကန်းဟာ
ပါးစပ်ကိုဟပြီး ကျယ်လောင်ပြီး
နားဝင်ဆိုးလှတဲ့ အာသံတစ်ချက်ပေးလိုက်တယ်။ကျီးကန်းပါးစပ်က ပြုတ်ကျသွားတဲ့ဒိန်ခဲဟာ အောက်မှာ စောင့်နေတဲ့
မြေခွေးရဲ့ ပါးစပ်ထဲကို ကျသွားပါလေရော။ မြေခွေးက ဒိန်ခဲကို
ပလုပ်ပလောင်းစားပစ်လိုက်တယ်။
ပြီးတော့မှ အကြွားသန်လှတဲ့ ကျီးကန်း ကို အလွယ်တကူလှည့်စားနိုင်ခဲ့တဲ့ သူ့အဖြစ်ကို သဘောကျရင်း ပြေးထွက် သွားလေတော့တယ်။
။။။။။။။။။။။
YOU ARE READING
ကမ္ဘာကျော်အီစွတ်ပုံပြင်များ
Kurzgeschichtenကိုယ်ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ အီစွတ်ပုံပြင်တွေကို တစ်စုတစ်စည်းတည်း ပြန်ဖတ်ချင်လို့ တင်ထားတာပါ။ ပုံပြင်ဖတ်ရတာနှစ်သက်ရင် ဝင်ဖတ်ကြည့်ပါ။