ကျီးကန်းနှင့် ရေတကောင်း
The Crow And The Pitcherတစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ
ရေဆာလွန်းလို့ လည်ချောင်းတွေ
ခြောက်သွေ့ကွဲအက်နေသတဲ့။
နေရာအနှံ့ ရေအရှာထွက်ပေမယ့်
နွေခေါင်ခေါင်အချိန်ဖြစ်ပြီး
ပူလောင်လွန်းလှတာမို့
ဘယ်မှာမှ မတွေ့ ဘူး ဖြစ်နေတယ်။
အဲဒီလို ပျံသန်းနေရင်းနဲ့
မြေကြီးပေါ်မှာ ထောင်ထားတဲ့ ရေတကောင်းကို သူရုတ်တရက် လှမ်းမြင်လိုက်ရတယ်။ ရေတကောင်းထဲမှာတော့ ရေရှိမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ သူဟာ ရေတကောင်းအနားကို ပျံသန်းသွားတယ်။
ရေတကောင်းရဲ့ အောက်ခြေမှာ
အရောင်လက်နေတာကို မြင်လိုက်ရတော့ ကျီးကန်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။ကျီးကန်းဟာ သူ့ နှုတ်သီးကို
ရေတကောင်း အဝထဲထိုးထည့်ပြီး
ရေကို ရအောင်သောက်ဖို့ ကြိုးစားတယ်။
ဒါပေမယ့်ရေက
ရေတကောင်း အောက်ခြေနားမှာပဲရှိလေတော့ ကျီးကန်းရဲ့ နှုတ်သီးကမမှီနိုင်ဘူးဖြစ်နေတယ်။
ဒီတော့ကျီးကန်းဟာ
သူ့နှုတ်သီးကို ပြန်ထုတ်ပြီး
အပေါ်မှာပျံဝဲနေရင်းက
နောက်အကြံတစ်ကို ရလာတယ်။“ငါ ရေတကောင်းကို တွန်းလှည်းပစ်ရမယ်။
ဒါမှရေတွေ အပြင်ရောက်လာပြီး
မြေကြီးပေါ်မှာရေအိုင်ကလေးဖြစ်သွားမှာ။
ဒါမှငါရေကို မြေကြီးပေါ်ကနေ သောက်နိုင်မှာ။အဲ့ဒီ့လိုအကြံနဲ့
ကျီးကန်းဟာရေတကောင်းကို
အားကုန်သုံးပြီးတော့တွန်းလှဲတယ်။
ဒါပေမဲ့လည်း ရေတကောင်းက
တစ်လက်မတောင် မရွေ့ပြန်ဘူး။
ရေတကောင်းကို တွန်းလှဲနိုင်လောက်တဲ့အထိ တောင့်တင်းတဲ့ ခွန်အားမျိုး
ကျီးကန်းမှာမရှိဘူးကိုး။ကျီးကန်းဟာ အရောင်တလက်လက်ဖြစ်နေတဲ့ ရေတကောင်းထဲက
ရေကို သောက်ချင်လွန်းလှတဲ့စိတ်နဲ့
ညှိုးငယ်စွာ ကြည့်လိုက်ပြန်တယ်။
ဒီတော့မှ တကယ့်အကြံကောင်းကို
သူရလာတယ်။
သူဟာ အနီးအပါးမှာရှိနေတဲ့
ကျောက်စရစ်တုံးတစ်တုံးကို ကိုက်ချီပြီး ရေတကောင်းထဲ ပစ်ချလိုက်တယ်။
နောက်တဖြည်းဖြည်းနဲ့ သူပစ်ချတဲ့
ကျောက်စရစ်တုံးလေးတွေ တစ်တုံးပြီးတစ်တုံး များလာတာနဲ့အမျှ
ရေဟာအပေါ်ကို တဖြည်းဖြည်းချင်း
မြင့်တက်လာတာကို မြင်ရတော့
ကျီးကန်းပီတိတွေဖြစ်သွားတယ်။နောက်ဆုံးတော့ ရေဟာ
ရေတကောင်းအဝအထိ ရောက်လာတယ်။ ကျီးကန်းခမျာမှာလည်း
ဒီတော့မှဘဲ သူအလိုရှိသမျှ
ရေကိုသောက်လို့ ရနိုင်တော့တယ်၊“အင်း ရေကို မမှီနိုင်ဘူးဆိုတာကို
မြင်လိုက်ကတည်းက ငါပျံထွက် ယမသွားမိတာ တော်တော်ကောင်းသွားပါလား” လို့ကျီးကန်းက ရေကို သောက်ပြီး
ဝမ်းသာအားရပြောလိုက်တော့တယ်။
။။။။။။။။။။။
YOU ARE READING
ကမ္ဘာကျော်အီစွတ်ပုံပြင်များ
Cerita Pendekကိုယ်ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ အီစွတ်ပုံပြင်တွေကို တစ်စုတစ်စည်းတည်း ပြန်ဖတ်ချင်လို့ တင်ထားတာပါ။ ပုံပြင်ဖတ်ရတာနှစ်သက်ရင် ဝင်ဖတ်ကြည့်ပါ။