EP1

104K 3.4K 596
                                    

Unicode

" သင့်မြတ်ခြင်းသွင် !!!   "

ကြားလိုက်ရတဲ့ ဒေါသ သံကြောင့် ခြင်းခြင်း လှန်းလက်စ အဝတ်တွေကို ကလစ်နဲ့ညှပ်ကာ အိမ်ရှေ့ကို ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည် ။

ပြန်မရောက်သေးဘူး ထင်နေတာကို အစောကြီးပြန်လာတာပဲ  ။ တစ်ခါခေါ်ရုံနဲ့ မကြားတဲ့ သူ့နားသူလည်း ပိတ်ရိုက်ချင်တယ် ။ ဒေါသအိုးက စိတ်ကသိပ်ရှည်တာမဟုတ်မှန်း သိရက်နဲ့ ။

ရေအိုးစင်က ခပ်အေးအေး ရေတစ်ခွက်ကိုစတီးခွက်ထဲထည့်ကာ ယူသွားဖို့လည်း မမေ့ ။

အိမ်မှာ ရေခဲသေတ္တာရော ရေပူရေအေးစက်တွေပါရှိပေမဲ့ ဒေါသအိုးက မြေအိုးထဲက ရေမှသောက်သည် ။

Uniformနဲ့ မဟုတ်တော့ဘဲ ဘောလုံး ဝတ်စုံနဲ့မို့ ကျောင်းကအပြန် ဘောလုံး ဝင်ကန်လာပြန်ပြီ ထင်တယ် ။

နာမည်နဲ့ လိုက်အောင် အတော်ကို ဘောလုံးကစားတာ ဝါသနာပါတဲ့ကောင်လေး ။

" ခင်ဗျား ဘာလုပ်နေတာလဲ ဒီကောင်ပြန်ရောက်နေတာတောင် မသိရအောင် "

" အနောက်ဘက်မှာ  အဝတ်တွေ လှန်းနေလို့ မကြားလိုက်တာ "

ကလုန်း !

" ဆင်ခြေတွေလာမပေးနဲ့ ခြင်းခြင်း ခင်ဗျားဘဝမှာ ဒီကောင်က ဦးစားပေးဆိုတာ မှတ်ထားဖို့ ကောင်းတယ် "

ဒီကောင် ဒီကောင်နဲ့ အာဝဇွန်းထက်နေသော သူ့မျက်စိရှေ့က လူငယ်လေးကို ခြင်းခြင်း အသာပြုံးကာ ကြည့်လိုက်တယ် ။

ပြီးမှ နံရံကိုပစ်ပေါက်လိုက်တဲ့ စတီးခွက်လေးကို ကောက်ကြည့်တော့ တစ်ခြမ်းက ချိုင့်တောင်ချိုင့်သွားလေပြီ ။

တော်သေးတယ် သူ သာ ဖန်ခွက်နဲ့ ခပ်လာရင် ဖန်ကွဲစတွေကောက်နေရဦးမှာ ။ စတီးခွက်နဲ့ ခပ်လာခဲ့လို့ ချိုင့်သွားရုံအပြင် မရှိတာ ။

" ဟုတ်ပါပြီ ကိုယ်တစ်ကယ် မကြားလိုက်တာ မင်းရေချိုးတော့နော် ကိုယ်ဟင်းတွေပြန်နွှေးထားလိုက်မယ် "

" မစားဘူး ရွံတယ် ခင်ဗျားလက်ရာ မစားချင်ဘူး မသတီဘူး ခြင်းခြင်း  "

[ ယူ ]Where stories live. Discover now