EP2

36.8K 2.4K 480
                                    

Unicode

မျက်လုံးတောင် မဖွင့်ရသေး ထမင်းကြော်အနံ့ကတန်းရတာမို့ တိုက်စစ်မှူး အပျင်းတစ်မနေတော့ဘဲ ချက်ချင်းထလိုက်တယ် ။

စားပွဲပေါ်မှာ နွားနို့တစ်ခွက်တင်ပေးထားပြီး ဘေးမှာတော့ ရေချိုးပြီးဝတ်ဖို့ အဝတ်အစားကအဆင့်သင့် ။ ပြီးတော့ သူတောင်းထားသည့် မုန့်ဖိုး ဆိုပေမဲ့ တစ်သောင်းတန်အုပ်တွေက ခြောက်အုပ်လောက်ရှိသည် ။

ဒါက ပိုက်ဆံနဲ့ ဒီကောင့်ကို ချုပ်တာပေါ့လေ ခြင်းခြင်း ။ သူအများကြီး မသုံးတတ်မှန်းသိရဲ့သားနဲ့ တစ်ခါတစ်ခါပေးရင် ခြောက်သိန်း ခုနှစ်သိန်းလောက် ကို သင့်မြတ်ခြင်းသွင်က ပေးပစ်တာ ။

ပိုက်ဆံပေးရင် အားလုံး အဆင်ပြေပြီလို့ ထင်နေတဲ့ အဲ့လူကို သူအမြင်ကြည်ပေးလို့ မရ ။

" ခြင်းခြင်း !!! စောင်တွေလာသိမ်းပေဦး "

တစ်ခန်းထဲ အတူတူအိပ်တယ်ဆိုပေမဲ့ သူကတော့ ကုတင်ပေါ်မှာ ဖြစ်ပြီး ခြင်းခြင်းကတော့ အောက်မှာ ဖျာခင်းပြီး အိပ်တာပင် ။

အခန်းအလွတ်တွေ ရှိသေးရဲ့သားနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး အိပ်တာဆိုတော့ သူလည်းပြောမနေဘူး ။

သင့်မြတ်ခြင်းသွင် သူ့ကိုမြန်မြန်စိတ်ကုန်ပြီး ကွာပေးအောင်လုပ်ဖို့တစ်ခုပဲ သူ့ခေါင်းထဲရှိတယ် ။

" ဆောရီး ငယ်လေး ကိုယ် မင်းအတွက် ထမင်းကြော်နေလို့ ထမင်းဗူးလည်း ပြင်ပြီးပြီနော် "

ဒီလောက် ပူနေတာတောင် ခါတိုင်းနှင့်မတူဘဲ ခြင်းခြင်းက ဆွယ်တာအဝါရောင်ကြီး ဝတ်ထားတာမို့ သူမျက်နှာမဲ့ပစ်လိုက်သည် ။

တစ်ခါတလေကျ အဲ့လူကို ငိုယိုအောင်စိတ်ထဲရှိရှိသမျှ အကုန်ပြောပြစ်လိုက်ချင်တယ် ။

ခြင်းခြင်း ငိုလှိုက်တိုင်း မျက်ခမ်းစပ်နားက မှဲ့နီလေးသုံးလုံးက မျက်ရည်တွေနဲ့ရောကာ လက်ခနဲဖြစ်သွားတာကို သူသိပ်သဘောကျတာတော့ လက်ခံရမယ် ။

" ဆေးရုံမှာ ဘယ်ကောင့်ကို ဒီကောင့်လို မြူဆွယ်ဦးမလို့လဲ သင့်မြတ်ခြင်းသွင် "

[ ယူ ]Where stories live. Discover now