EP5

31.9K 1.9K 230
                                    

Unicode

" ခြင်းခြင်း !!! "

သူ့ဆီကို ငယ်လေး ပြန်လှည့်လာတယ် ထင်လိုက်ပေမဲ့ မဟုတ်ခဲ့ ။ တစ်ယောက်ပြီး ထွက်သွားကြတာမို့ နောက်ဆုံး သင့်မြတ်ခြင်းသွင် တစ်ယောက်ထဲသာ ပုံ့ပုံ့လေး လဲ လျက်နေရာမှာ ကျန်ခဲ့သည် ။

" ကိုလတ် ဘယ်လိုသိပြီး "

" နီနီပြောပြတာ အလောတကြီးထွက်သွားတယ်ဆိုပြီး ဂျူတီကုတ်တောင်မချွတ်နိုင်ဘဲနဲ့လေ "

ကိုလတ် မျက်နှာက အစိုးရိမ်လွန်ကာ အံတကြိတ်ကြိတ်နဲ့မို့ ခြင်းခြင်းမှာ ပုခုံးနာနေတာတောင် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရတယ် ။

" ငယ်လေးကြောင့် မဟုတ်ဘူး နော် ကျွန်တော့်ဘာသာ ဖြစ်တာ ကိုလတ် "

" အဲ့ကောင် အကြောင်း မပြောနဲ့ ခြင်းခြင်း အိမ်ပြန်မယ် မင်းမရီးလည်း ရှိတယ် အိမ်မှာ "

" အဖိုးကို မပြောပါနဲ့ နော် "

" တက် ကျောပေါ် "

ဒူးထောက်ပေးထားတဲ့ ကိုလတ်ကျောပေါ် ခြင်းခြင်းမနည်းအားယူပြီး တက်လိုက်ရသည် ။

ညာဘက်ပုခုံးကို အရိုက်ခံလိုက်ရတာမို့ လက်က သေချာတောင် မြှောက်လို့ မရ ။

" ပင်ပန်းရင် လွှတ်ချပစ်လိုက်ပါ ခြင်းခြင်းရာ "

" ဟင့်အင်း မပင်ပန်းပါဘူး ကိုလတ်သိရဲ့သားနဲ့ "

" ဟိုကောင် သိသွားရင် နောင်တတွေ ရမှာ ခြင်းခြင်း "

ကိုလတ်ပြောတဲ့ နောင်တတွေ ရမှာ ဆိုတဲ့ စကားကို သင့်မြတ်ခြင်းသွင် ကောင်းကောင်းကြီးကို နားလည်ပါတယ် ။

ဒါပေမဲ့လည်း သူက ဘယ်လိုလုပ်ပြောထွက်မှာလဲ ။ ငယ်လေးသာ သိသွားခဲ့ရင် သေမတတ် ခံစားသွားရမှာပေါ့ ။

" ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး တော့ ဖုံးကွယ်ထားဦးမယ် "

လျှောကျလုနီးပါးဖြစ်နေတာကြောင့် ကိုလတ်က သူ့ကိုကျောပေါ့ပင့်တင်လိုက်တာမို့ ခြင်းခြင်းမှာလည်း ကိုလတ်ကိုသေချာဖက်ထားလိုက်ရသည် ။

ကိုလတ်နေရာမှာ ငယ်လေးဆိုဘယ်လောက်တောင်ကောင်းလိမ့်မလဲ ။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

[ ယူ ]Where stories live. Discover now