Unicode
အညိုအမဲစွဲနေသည့်ငယ်လေး မျက်နှာကို ကြည့်ပြီး ခြင်းခြင်း စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည် ။
မြတ်နိုးနွယ် ပြောသလို ငယ်လေး ရန်ဖြစ်လာတာ သူ့ကြောင့် ဆိုတော့ ဒီဒဏ်ရာတွေကလည်း ခြင်းခြင်းကြောင့် ရလာတဲ့ဒဏ်ရာတွေ ။
သူနဲ့ယူပြီးမှ ငယ်လေး မျက်နှာပေါ်မှာ ဒီလိုဒဏ်ရာတွေ မြင်ရတာ တစ်ခါနှစ်ခါလည်း မကတော့ဘူး ။
ဘာရယ်မဟုတ်ပါပဲ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်ကို မြိုချကာ ကားစက်နှိုးလိုက်သည် ။ ဒေါ်နှင်းလဲ့သွင် ရိုက်တုန်းကတောင် အဲ့လောက် နာတယ် မထင်ခဲ့ ။
" သင့်မြတ်ခြင်းသွင် "
အမေ့အိမ်ဝင်ဦးမှာဆိုတော့ ငယ်လေးမျက်နှာက ဒဏ်ရာတွေမြင်ပြီး သူ့ကို ခနဲ့သလိုလိုရွဲ့သလိုလိုစကားတွေပြောဦးမှာ တွေးမိပြီး ခြင်းခြင်း သက်ပြင်းချမိလိုက်သည် ။
" ဒီကောင် ခေါ်နေတယ်လေ ခြင်းခြင်း ! "
လက်မောင်းကို ပုတ်လာသည့် ငယ်လေးကြောင့်
သင့်မြတ်ခြင်းသွင် အယောင်ယောင်အမှားမှား နဲ့ ဖာလူဒါ ဗူးကမ်းပေးလိုက်ရတယ် ။" ဪ အင်း ဖာလူဒါ သောက်လိုက်ဦး ကိုယ်အချိုလျှော့ခိုင်းထားတယ် "
" ခင်ဗျား ဘာလို့ Mask ကြီး တပ်ထားတာ လဲ "
" ဟို ဒီအတိုင်း "
ပါးပေါ်က လက်ဝါးရာကြီးကို ငယ်လေးအားမမြင်စေချင် ။
" ချွတ်လိုက် အသက်ရှူကျပ်တယ် ကားပေါ် ရောက်နေပြီ "
" ကိုယ် အဖျားရှိနေတာ ငယ်လေးရဲ့ ချွတ်လိုက်ရင် ငယ်လေးဆီ ကူးသွားလိမ့်မယ် "
" ဒီကောင် ဆွဲချွတ်တာ ခံချင်တာလား ခြင်းခြင်း"
သင့်မြတ်ခြင်းသွင် ကိုယ်တိုင်ပဲ Mask ကို ချွတ်ကာ နောက်ခန်းက အမှိုက်အိတ်ထဲ လှမ်းပစ်လိုက်ရသည် ။
" ပါးကလေ ဘာမှမဖြစ်ပါဘူး ဒီအတိုင်း "
" စိတ်မဝင်စားဘူး "
" ဟင် "
" ဒီကောင် စိတ်မဝင်စားဘူး Mask ချွတ်လိုက်ရင် ရပြီ "

STAI LEGGENDO
[ ယူ ]
Storie d'amoreThe entire story line and character names are just the imagination of the author.