EP4

30.6K 2.1K 247
                                    

Unicode

" ဒီကောင့်ကို  ကွာရှင်းပေးပါတော့ "

မလှမ်းမကမ်းမှာ ရပ်နေသူဆီကစကားကြောင့် ခြင်းခြင်း ကြက်ဥကြော်ခြင်းအမှုကို ရပ်ကာ အနားသွားလိုက်ရသည် ။

" ဘာအဆင်မပြေဖြစ်လို့လဲ ငယ်လေး ဟက်ချိုး! !! "

တစ်ညလုံး ကားထဲ aircon ဖွင့် အိပ်ခဲ့ရသဖြင့်
သင့်မြတ်ခြင်းသွင် နှာစီးနေပြီပင် ။

" ဆောရီး ကိုယ်အအေးမိပြီ ထင်တယ်  ။ဒါနဲ့  ငယ်လေး ဘာအဆင်မပြေဖြစ်လို့လဲဟင် "

အံဆွဲထဲက ဒီကိုလ်ဂျင်တစ်လုံးထုတ်ကာ ရေနွေးပူပူနဲ့အမြန်မော့ချလိုက်ရသည် ။ ခါတိုင်း တစ်ယောက်ထဲ နေတုန်းကဆို ဖြစ်ချင်ရာဖြစ်ဆိုပြီးပေတေနေပေမဲ့ အခုအချိန်မှာ ငယ်လေးရှိနေတာမို့ ငယ်လေးအားအဖျားမကူးစေချင် ။

" အကုန်ပဲ "

" ဟင် "

" ခင်ဗျားနဲ့ တစ်အိမ်ထဲ အတူတူရှိနေတာကို ဒီကောင် အဆင်မပြေဘူး "

ကော်ဖီခွက် ကိုင်ထားသူအား ခြင်းခြင်း လက်ဆွဲကာ ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ရသည် ။

" အသား မထိနဲ့ ခြင်းခြင်း "

ပုတ်ထုတ်ခံလိုက်ရသော လက်ကို ရုတ်ကာ
သင့်မြတ်ခြင်းသွင်ခေါင်းငြိမ့်ပြလိုက်ရသည် ။

နေ့တိုင်း ပြဿနာမဖြစ်တဲ့ရက်ဆိုတာ မရှိသလောက်မို့ စိတ်ထဲ မကောင်းတာတော့အမှန် ။

အရာအားလုံး သူ့ဘက်က အလျှော့ပေးထားတာတောင်မှ ငယ်လေးက ဘာလို့တစ်ထစ်လောက်မလျှော့ပေးရတာလဲ ။

" ဟုတ်ပြီ ကိုယ် တောင်းပန်ပါတယ် "

" ဒီကောင့်အသက်က ငယ်သေးတယ် ဆိုတာ ခင်ဗျား သိတယ်မလား "

" သိပါတယ် ငယ်လေး  ဒါပေမယ့် "

" လွတ်လွတ်လပ်လပ် နေချင်တယ် အိမ်ထောင်သည် ဘဝနဲ့နေရတာ ဒီကောင့်အတွက် အသက်ရှူကျပ်တယ် "

" ကိုယ့်ကြောင့် နေရတာ ကျဥ်းကျပ်တယ်လို့ ခံစားရလို့လား ။ ကိုယ်ငယ်လေးစိတ်ရှုပ်အောင်များ စကားနဲ့ဖြစ်ဖြစ် ကိုယ်အမူအယာနဲ့ပဲ ဖြစ်ဖြစ် လုပ်မိသွားလားဟင်  "

[ ယူ ]Where stories live. Discover now