[ARC 10]
ရှန့်ခယ်နှင့် တိုင်လာက အနှစ်တစ်ရာ့နှစ်ဆယ်တိုင် အတူနေခဲ့ကြတယ်။ သူတို့ ဖူဖူကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ပြီး ဖူဖူလေးက ခိုင်ဆာ နှင့် တိသျှာတို့ရဲ့ သားနှင့် လက်ထပ်လိုက်တာကိုလည်း သူတို့ကြည့်ရှုခဲ့ကြတယ်။ ဖူဖူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အသက် ဆယ်နှစ် ကွာခြားပေမယ့် အတူတူ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။
ဒီတစ်ခါမှာတော့ တိုင်လာက အရင်သေသွားခဲ့တယ်။ ရှန့်ခယ် စနစ်နေရာဆီ မပြန်မှီ မျက်လုံးများကို မှိတ်လိုက်ပြီး တိုင်လာအတွက် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေကာ နောင်တကင်းစွာ စောင့်ဆိုင်းနေခဲ့တယ်။
ကမ္ဘာ နှစ်ခုမှာ ပျော်ရွှင်စွာ ဖြတ်သန်းပြီးနောက်၊ ရှန့်ခယ်ဟာ သူ့နှလုံးသားတွေ အရည်ပျော်သွားသလိုကို ခံစားနေရတော့တာပဲ။【Host ကျေးဇူးပြု၍ ကျွမ်းကျင်မှု skills ကို စတင်သင်ယူပြီး စိန်ခေါ်မှုအသစ်များအတွက် ပြင်ဆင်ပါ။】 ဒီ System ကတော့ ထုံးစံမပျက် ပွဲဖျက်တော့တာပဲ။
ရှန့်ခယ် ကြုံရာ Skills နှစ်ခုကို ကောက်ရွေးလိုက်ပြီး သူ့ချစ်သူအကြောင်းတွေးရင်း ပျော်ရွှင်စွာ သင်ကြားဖို့ အစီစဉ်ချတော့တယ်။
【 Host နောက်ကမ္ဘာက ခက်ခဲပါတယ်။ ကျေးဇူးပြု၍ ပေါ့ပေါ့ဆဆ သဘောမထားပါနဲ့။ 】
“အိုခေ။” ရှန့်ခယ် အရေးမထားစွာ လက်ကို ဝှေ့ယမ်းပြီး Hundred Training Space ထဲသို့
ခုန်ဆင်းသွားတော့တယ်။
လေ့ကျင့်ရေးမှ ထွက်လာပြီးနောက်၊ နောက်ကမ္ဘာတစ်ခုဆီသို့ သွားရာ တံခါးပေါက်က သူ့ရှေ့မှာ ထပ်မံပွင့်လာတော့တယ်။သူ့ မျက်လုံးများကို မဖွင့်ရသေးခင်မှာပဲ ဖရိုဖရဲ ပေါက်ကွဲသံများက သူ့ကို ဝိုင်းရံထားပြီး အေးစက်သော ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရပုံပေါ်တယ်။ လေထုက ကြည်လင်နေပြီး ပြေပြစ်နေသော်လည်း မနှစ်မြို့ဖွယ် အနံ့အသက်တစ်မျိုး စွန်းထင်းနေပုံရပြန်တယ်။
ရှန့်ခယ် နောက်ဆုံးတော့ သူ့မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တဲ့အခါ သူပထမဆုံးမြင်လိုက်ရတာက ပြူးထွက်နေတဲ့ …… ဖင်တုံးကြီး။ သူ အကြည့်တွေကို အမြန်လွှဲလိုက်ရပြီး နောက်တော့ ရှန့်ခယ် အခြေအနေကို အကြမ်းဖျင်း နားလည်သွားတယ်။ ဒီနေရာက လူများပြည့်နှက်နေသည့် ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခုပဲ။ လူတွေအကုန်လုံးကလည်း မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားနဲ့ လဲလျောင်းနေတာမျိုး မဟုတ်ရင် ဆောင့်ကြောင့်ထိုင်နေကြရပြီး သူတို့အားလုံးရဲ့ မျက်နှာတွေပေါ်မှာ ထိတ်လန့်နေတဲ့ အမူအရာအပြည့်နှင့်ပင်။
YOU ARE READING
သူရဲကောင်းဆန်စွာသေဆုံးခြင်းစနစ်
FanfictionBurmese translation of HDS Arc 10 I don't get any permission from original author. Just fun fan translation. You can search another version under this title [Heroic death system] Translated by Olafu [Only Unicode version]