ကင်းစောင့်နှင့်သူ၏လမ်းပြလေး {6}

305 47 0
                                    

လမ်းပြလုပ်သားသမဂ္ဂက ရှန့်ခယ်အတွက် ပေးတဲ့ အိမ်က အခြားအိမ်များနဲ့ ဗိသုကာစတိုင်လ် တူညီတဲ့ နှစ်ထပ်ဗီလာလေးတစ်လုံးပဲ ဖြစ်တယ်။ ဗီလာက Sky Ring ရဲ့ ဇုန် ၂မှာတည်ရှိပြီး ယိုးနစ်နေတဲ့ ဇုန် ၁ နှင့် ၅မိနစ်လမ်းလျှောက်လျှင် ရောက်သည့် အကွာအဝေးတွင် တည်ရှိတယ်။ ယိုးနစ်ရဲ့ အရှိန်နဲ့သာဆို ရှန့်ခယ် နေထိုင်ရာကို ရောက်ဖို့ ဆယ်စက္ကန့်သာ လိုအပ်ပေလိမ့်မယ်။

ဘာတွေပဲ ဖြစ်ဖြစ်ပါ ယိုးနစ်ကတော့ “ကာကွယ်ပေးခြင်း” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဇုန် ၁မှ ဇုန် ၂ကို ပြောင်းရွှေ့ကာ ရှန့်ခယ်နှင့် အတူနေထိုင်ခဲ့တယ်။ ဒါပေါ့ ရှန့်ခယ်ကတော့ ရံဖန်ရံခါ ဇုန် ၁မှာ သွားနေရရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။

A အဆင့် အမှောင်ကင်းစောင့်တစ်ယောက်အနေနဲ့  ယိုးနစ်အတွက်ကတော့ အရေးကြီးဖြစ်ရပ်တွေကို ကိုင်တွယ်ဖို့အတွက်သာ တာဝန်ရှိတယ်၊ ဒါကြောင့် မဖြစ်မနေ လုပ်ရမယ့် လေ့ကျင့်ရေးကလွဲရင် သူ့မှာ အားလပ်ချိန် အများကြီးပဲ။ သူက အဲ့ဒီ့အချိန်တွေကို ရှန့်ခယ်နဲ့ ခံစားချက်တွေပျိုးထောင်ရင်း ကြည်နူးပျော်မြူးလို့ နေလေရဲ့။

သူတို့နှစ်ယောက် ပေါင်းစည်းချည်နှောင်မှု မပြုကြရသေးပေမယ့် ယိုးနစ်က သူ့လမ်းပြလေးရဲ့ ဝိဉာဉ်လမ်းညွှန်နဲ့ ဆက်သွယ်မှုလုပ်တိုင်း အလွန့်အလွန် သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်။ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဝင်ရင်း စုပုံလာခဲ့တဲ့ သောကဗျာပါရတွေက ရှန့်ခယ်ရဲ့ အဟာရသဖွယ် ဂရုစိုက်မှုတွေအောက်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပုံပေါ်တယ်။

လမ်းပြတစ်ယောက်နဲ့ အတူရှိရတဲ့ ကင်းစောင့်တစ်ယောက်က အပျော်ရွှင်ရဆုံးပဲ!

ယိုးနစ်ကတော့ သူ့ရဲ့ စိတ်နှလုံးအိမ်ထဲကကို ကျေနပ်အားရနေတော့တယ်။ သူ့အတွက် စိတ်အနှောက်အယှက် ဖြစ်စေသည့် တစ်ခုတည်းသောအချက်ကတော့ သူ့ရဲ့ လမ်းပြလေးနဲ့ ပေါင်းစည်းချည်နှောင်မှုကို ချက်ချင်းလက်ငင်း မလုပ်နိုင်သေးတာပဲ။

ရှန့်ခယ် တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာလာတာကို ကြည့်ရင်း သိပ်မကြာခင်မှာ အထူးပျော်ရွှင် ကြည်နူးဖွယ်ကောင်းတဲ့ နေ့လေး ရောက်လာတော့မယ်လို့ သူယုံထားတယ်။ 

အဆက်မပြတ် လေ့ကျင့်ခန်းတွေ လုပ်ပြီးနောက်မှာတော့ ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ ကမ္ဘာပေါင်းများစွာမှာ စုဆောင်းမိလာခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက ဒီခန္ဓာကိုယ်အသစ်အပေါ်မှာပါ ဖြည်းဖြည်းချင်း ပေါ်ပေါက်လို့လာတယ်။ ကြွက်သားတွေ၊ အရိုးတွေ၊ တောင့်တင်းသန်မာမှုတွေ အစရှိသည်တို့က ပြီးပြည့်စုံသည့် ပေါင်းစပ်မှု အခြေအနေသို့ ရောက်ရှိလာခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ရှန့်ခယ် နည်းနည်းပိန်နေသေးပေမယ့် သူက အခုဆို လုံးဝ ပြောင်းလဲသွားပြီ။ သူ့ရဲ့ အနက်ရောင်ဆိုးထားတဲ့ ဆံပင်ကလည်း မူလအရောင်ဖြစ်တဲ့ ဝိုင်နီရောင်ဆီသို့ ပြန်လည်ပြောင်းလဲသွားပြီ ဖြစ်ပြီး ပိန်လှီနေခဲ့တဲ့ ကြွက်သားတွေကလည်း ပိုမို ကျစ်လစ်သန်မာလာကာ လှပတဲ့ ရုပ်ရည်ပုံပန်းသဏ္ဌာန်ကို အသွင်ဆောင်လို့နေပေတယ်။ သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေးက မတ်မတ်လေးဖြစ်နေပြီး ချောမောလွန်းလှကာ သူ့မှာရှိနေခဲ့တဲ့ ရုပ်ဆိုးဆိုး အမာရွတ်တွေကလည်း ပန်းရောင်ဖျော့ဖျော့ တက်တူးထိုးထားသလို ပုံစံမျိုးသာ ဖြစ်လာတော့တယ်။

ရှန့်ခယ်ရဲ့ ပြောင်းလဲမှုအလုံးစုံကို ယိုးနစ် မြင်တွေ့နေရပြီး ဖုန်တွေအထပ်ထပ် တက်နေတဲ့ ရတနာသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ အတွင်းထဲမှာ အသစ်အသစ်သော အံ့ဩစရာတွေကို နေ့စဉ်မြင်တွေ့နေရသလိုသာ ခံစားနေရတယ်။

“ဆရာ၊ သတင်းဆိုး! ဆရာမွန်ရိုးမှာ အန္တရာယ်ရှိနေပြီ!” အရေးတကြီးဖြစ်နေတဲ့ သတင်းစကားတစ်ခုက ယိုးနစ်ရဲ့ အေးဆေးပြီး သက်တောင့်သက်သာဖြစ်နေတဲ့ ဘဝကြီးထဲကို ဖောက်ဝင်လာတော့တယ်။

မွန်ရိုးက ယိုးနစ်လိုပဲ A အဆင့်အမှောင်ကင်းစောင့် သုံးယောက်ထဲက တစ်ယောက်ပဲ ဖြစ်တယ်။

“ဘာဖြစ်တာလဲ?” ယိုးနစ် မေးလိုက်တယ်။

“သိပ်မကြာခင်ကမှ၊ ဆရာမွန်ရိုးက လျှို့ဝှက်မစ်ရှင်တစ်ခု လက်ခံခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီ့ကနေ ပြန်ရောက်ပြီး နောက်မှာပဲ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပုံမှန်မဟုတ်တော့ဘူး ပြီးတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကလည်း စပြီး ယိုယွင်းနေတဲ့ပုံ ပေါ်နေတယ်”

“ငါ သိပြီ။ ငါ အဲ့ဒီကို လာခဲ့မယ်” ယိုးနစ် ဖုန်းချလိုက်ပြီးနောက် သူ့အကြည့်တွေက ရှန့်ခယ်ဆီ တည့်တည့်ရောက်လာတယ်။ သူ ပြောလာတာက “မင်း ကိုယ်နဲ့ တစ်နေရာရာကို သွားချင်ရဲ့လား?”

ရှန့်ခယ် ခေါင်းညိမ့်ပြလိုက်တယ်။

နှစ်ယောက်သားက အတူတကွ မွန်ရိုးနေထိုင်ရာ ဇုန် ၁ ဆီကို ဦးတည်သွားလိုက်ကြတယ်။

တံခါးရှေ့ကို ရောက်ရောက်ချင်းမှာပဲ ဖရိုဖရဲဖြစ်နေတဲ့ စိတ်ဝိဉာဉ်အစုအဝေးကြီးက ရေပွက်ပွက်ဆူနေသလိုမျိုး လေထဲမှာ အပေါ်အောက် ကျယ်ပြန့်စွာ ရွေ့လျားလို့နေတာကို ရှန့်ခယ် သတိပြုမိလိုက်တယ်။

ယိုးနစ်က အရှေ့ကို ခြေလှမ်းလိုက်ပြီး သူ့ရဲ့ စွမ်းအားကိုထုတ်လွှတ်လိုက်ကာ ရှန့်ခယ်အတွက် စိတ်ဝိဉာဉ် အကာအကွယ် အတားအဆီးတစ်ခုကို လုပ်လိုက်တယ်၊ ဒါမှသာ ဝရုန်းသုန်းကား ပြေးလွှားသောင်းကျန်းနေတဲ့ စိတ်ဝိဉာဉ်အစုအဝေးအကြီးက ရှန့်ခယ်ကို မထိခိုက်စေမှာပဲ ဖြစ်တယ်။

စစ်သားတွေကို ဦးဆောင်ပြီး သူတို့ မွန်ရိုးရဲ့ အခန်းထဲကို ဝင်လာလိုက်ကြတယ်။ အခန်းထဲမှာ လူ ခုနစ်ယောက်က မတ်တပ်ရပ်နေကြပြီး သူတို့တွေထဲမှာ Biyashi ရဲ့ သုံးရောက်မြောက် Aအဆင့်အမှောင်ကင်းစောင့် ဖြစ်တဲ့ မစ်ချယ်လည်း ရှိနေတယ်။ သူ့အပြင် အဲ့ဒီမှာ Cအဆင့် အမှောင်ကင်းစောင့် နှစ်ယောက်၊ Aအဆင့် လမ်းပြတစ်ယောက်နှင့် Bအဆင့် လမ်းပြနှစ်ယောက်လည်း ရှိနေသေးတယ်။

လမ်းပြသုံးယောက်လုံးက ဖြူဖျော့နေကြပြီး သူတို့ရဲ့ မျက်ဝန်းတွေထဲမှာလည်း နက်နဲတဲ့ကြောက်ရွံ့မှုတွေနဲ့ တစ်ယောက်ချင်းစီက အမှောင်ကင်းစောင့်ရဲ့ ဘေးနားမှာ ရပ်နေကြတယ်။

သူတို့တွေ ယိုးနစ် လမ်းလျှောက်ဝင်လာတာကို တွေ့တာနဲ့ မစ်ချယ်ကလွဲရင် အားလုံးက ယိုးနစ်ကို အလေးပြုလိုက်ကြတယ်။

ယိုးနစ်က အိပ်ယာဘေးကို ခြေလှမ်းသွားလိုက်ပြီး အိပ်ယာပေါ်မှာ ချည်တုပ်ခံထားရတဲ့ မွန်ရိုးကို ကြည့်လိုက်တယ်။ ယိုးနစ်ရဲ့ မျက်နှာက တည်ကြည်လေးနက်လို့နေတယ်။ မွန်ရိုးက အသက် ၁၃၀နှစ် ရှိနေပြီဖြစ်ပြီး နိုင်ငံတော်အတွင်းမှာ အင်အားအကြီးဆုံး အမှောင်ကင်းစောင့်တစ်ယောက်ပဲ ဖြစ်တယ်။ အမှောင်ကင်းစောင့်တွေက လမ်းပြတွေရဲ့ အကူအညီကို မလိုအပ်ပါပဲ သူတို့ရဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစွမ်းရည်အပေါ်မှီခိုရင်း သူတို့ရဲ့ အင်အားတွေကလျှင်လျှင်မြန်မြန် တိုးတက်နိုင်ပေတယ်။

အမှန်တော့ အဲ့ဒါနဲ့ ပြောင်းပြန်ပဲ၊ အမှောင်ကင်းစောင့်တွေနဲ့ ကိုက်ညီမှုရှိတဲ့ လမ်းပြတွေက နည်းနေပြီး စိတ်ဝိဉာဉ် သဟဇာတဖြစ်မှုကလည်း အခြေခံဖြစ်တဲ့ ၅၀%ထက်တောင် လျော့နည်းနေသေးတယ်။ သူတို့သာ လမ်းပြတွေကို အင်အားသုံးပြီး ချည်နှောင်နှောင်ဖွဲ့ပစ်လိုက်ရင် အဲ့ဒီလမ်းပြတွေက သေချာပေါက်ကို သေသွားကြလိမ့်မယ်။ အဲ့ဒါကြောင့်ပဲ အမှောင်ကင်းစောင့်တွေက အဖော်အဖြစ် သူတို့ရဲ့ ဝိဉာဉ်စွမ်းအားတွေ မသက်ရောက်နိုင်တဲ့ သာမန်လူတွေကိုသာ ရွေးချယ်ကြရတယ်။

အဆင့်နိမ့်တဲ့ အမှောင်ကင်းစောင့်တွေတောင် သူတို့နဲ့ ကိုက်ညီတဲ့ လမ်းပြတွေကို မရှာနိုင်တာ၊ အဆင့်အမြင့်ပိုင်းမှာ ရှိနေတဲ့ သူတွေဆို ပိုလို့တောင် ခက်ခဲတော့တာပေါ့။

“A အဆင့်” ဆိုတာ အမှောင်ကင်းစောင့်တွေအတွက်တော့ အဟန့်အတားကြီး တစ်ခုပဲ။ ဒီအဆင့်ကို ဖြတ်ကျော်ဖို့ လုပ်တာက စွန့်စားမှုနယ်ပယ်အသစ်ကို ဖြတ်ကျော်ရသလိုပဲ၊ သူတို့ ဒါကိုသာ မဖြတ်ကျော်နိုင်ဘူးဆိုရင်လည်း ဘာမှဖြစ်မသွားပါဘူး ပျက်စီးသွားကြရရုံလေးတင်ပါပဲ။

“ဒီတစ်ခေါက်တော့ မွန်ရိုး မကျော်လွှားနိုင်တော့လောက်ဘူး” မစ်ချယ်က လမ်းပြသုံးယောက်ကို ကြည့်လျှက် ထူးမခြားနားပုံစံမျိုးနဲ့ ပြောလာတယ်။
“လုပ်သားသမဂ္ဂက စီနီယာလမ်းပြ ဆယ်ယောက်ကို လွှတ်ပေးခဲ့ပေမယ့် သူတို့အကုန်လုံး မအောင်မြင်ကြဘူး။ ဒီသုံးယောက်ကလည်း ၅မိနစ်ပဲ ထိန်းထားနိုင်တယ်”

လူတိုင်းရဲ့ မျက်နှာတွေမှာ ပူဆွေးသောကရောက်နေကြတဲ့ အမူအရာတွေနဲ့။ လမ်းပြတွေကလွဲရင် အမှောင်ကင်းစောင့်တွေရဲ့ အမူအရာတွေက ပိုသိသာတယ်။ အမှောင်ကင်းစောင့်တွေရဲ့ အင်အားနောက်ကွယ်က အန္တရာယ်တွေနဲ့ အထီးကျန်ခြင်းကို သူတို့ထက်ပိုပြီး သိထားတဲ့သူ မရှိနိုင်ဘူး။

ယိုးနစ်က အားနည်းတဲ့ လမ်းပြသုံးယောက်ကို ကြည့်လိုက်ပြီး သူ့ဘေးနားက ရှန့်ခယ်ကို ကြည့်လိုက်ကာ သူ့နှလုံးသားထဲကနေ ချီတုံချတုံဖြစ်နေမိတယ်။ သူ အခြေအနေတွေက ဒီလောက်ဆိုးဝါးနေမယ်လို့ မထင်ထားခဲ့ဘူး။ ရှန့်ခယ်ရဲ့ ဝိဉာဉ်စွမ်းအားနဲ့သာဆို မွန်ရိုးကို ဒီအခြေအနေက ကူညီနိုင်လိမ့်မလား?

“ကျွန်တော် ကြိုးစားကြည့်ကြည့်မယ်” ရှန့်ခယ်က ယိုးနစ် ချီတုံချတုံဖြစ်နေတာကို မြင်တွေ့နေရပြီး သူကပဲ အရင်ဆုံး ပြောလိုက်တော့တယ်။

လူတိုင်းက ရှန့်ခယ်ဆီကို အာရုံစိုက်လာကြတယ်။ ရှန့်ခယ်က ထသွားထလာ ပေါ့ပေါ့ပါပါးဖြစ်တဲ့ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး မတ်မတ်လေးရပ်လို့နေတယ်။ သူက ယိုးနစ်ရဲ့ ဘေးနားမှာ အတူရပ်နေခဲ့ပြီး သူ့ပုံစံလေးက နွေးထွေးတဲ့ နေရောင်ခြည်အောက်က လေပြည်လေးလိုပဲ…

လူတိုင်းက လတ်တလောမှာ ယိုးနစ်က ယာယီအိမ်ထောင်ဖက်ဆက်ဆံရေးတစ်ခု လျှောက်ခဲ့တာကို သိကြတယ်။ သူတို့အရှေ့မှာ ရှိနေတဲ့ကောင်လေးက အဲ့ဒီ့တစ်ယောက်ပဲ ထင်ပါတယ်။ သူက ထူးထူးခြားခြား ပေါ်လွင်နေတဲ့ပုံပေါက်နေပေမယ့် အမှောင်ကင်းစောင့်တစ်ယောက်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ခံနိုင်ရည်ရှိပါ့မလား?

ယိုးနစ်က ရှန့်ခယ်ရဲ့ ခါးကို သူ့ရဲ့လက်တွေနဲ့ ပွေ့ဖက်ထားပြီး လေးလံတဲ့ လေသံဖြင့် “ကိုယ့်ကိုယ်ကို ဖိအားမပေးနဲ့”

ရှန့်ခယ် ခေါင်းညိမ့်ပြလိုက်ပြီး မွန်ရိုးရဲ့ အိပ်ယာဘေးကို ခြေလှမ်းသွားလိုက်တယ်။

ယိုးနစ်က စိတ်ဝိဉာဉ်အကာအကွယ် အတားအဆီးကို ထပ်တိုးမြှင့်လိုက်ပြီး ရှန့်ခယ်ရဲ့ လှုပ်ရှားမှုမှန်သမျှ အသေးစိတ်တိုင်းကို အာရုံစိုက်နေလိုက်တယ်။ သူ မူမမှန်တဲ့အရာ မှန်သမျှ ဘာတစ်ခုကိုမှ မလွတ်သွားချင်ဘူး။

အခုအချိန်မှာ ကျန်တဲ့သူတွေအကုန်လုံးက မွန်ရိုးရဲ့ ကုသမှုအပေါ် မျှော်လင့်ချက် အနည်းငယ်မျှသာ ထားရှိထားကြတယ်။ လမ်းပြတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက ယိုးနစ်နဲ့ကိုက်ညီတယ်ဆိုဦးတော့ အဲ့ဒါက တခြား အမှောင်ကင်းစောင့် တစ်ယောက်နဲ့ ကိုက်ညီတယ်လို့ မဆိုလိုဘူးလေ။ အဲ့ဒါတွေထက် မွန်ရိုးက စိတ်ဝိဉာဉ်စွမ်းအား ဝရုန်းသုန်းကား အခြေအနေမှာ ရောက်နေတဲ့ Aအဆင့် အမှောင်ကင်းစောင့်တစ်ယောက် ဖြစ်နေသေးတယ်။

ဒါပေမယ့် ရှန့်ခယ် သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို လွှတ်လိုက်တာနဲ့ သူတို့ရဲ့ အတွေးတွေက ချက်ချင်း ပြောင်းသွားရရှာတယ်။

လေထုထဲမှာတော့ အပြာရောင်ဖျော့ဖျော့ ရေထုက အပြင်ဘက်ကို ဖြန့်ကြက်ပြီး ပတ်၍ဝဲလို့နေကာ ဝိဉာဉ်လမ်းညွှန်လေးက ဖြည်းညှင်းစွာ ငွေ့ရည်ဖွဲ့နေပြီးနောက်တော့ ပုံသဏ္ဌာန်လေး ပေါ်လာခဲ့တယ်။ အလွန်အမင်း တက်ကြွလွန်းနေတဲ့ စိတ်ဝိဉာဉ် ပင်လယ်ပြင်ကြီးက လှိုင်းထန်လို့နေတယ်၊ လှိုင်းလုံးလေးက ငုပ်လျှိုးသွားတာမျိုး မလုပ်ပါပဲ အရှေ့ကို ပိုရောက်အောင်သွားကာ တလှိမ့်လှိမ့်ထနေတဲ့ လှိုင်းလုံးကြီးတွေထဲမှာ ပျော်ရွှစ်စွာနဲ့ အပြေးအလွှား ကူးခတ်လို့နေတယ်။

တစ်ပြိုင်နက်ထဲမှာပဲ၊ အခန်းထဲမှာ ရှိနေတဲ့ အမှောင်ကင်းစောင့်တိုင်းရဲ့ ဝိဉာဉ်လမ်းညွှန်တွေအကုန် ပေါ်လာကြတော့တယ်။ သူတို့လေးတွေအကုန်လုံးက ခြေဆန့်လက်ဆန့်လုပ်နေကြပြီး ကောင်းမွန်တဲ့ ဝိုင်တစ်လုံးကို အရသာခံနေရသလို ရှန့်ခယ်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက ယူဆောင်လာပေးတဲ့ ကြည်နူးပျော်ရွှင်မှုတွေထဲမှာ မွေ့လျော်နေကြတယ်။

A အဆင့် အမှောင်ကင်းစောင့် တစ်ယောက်ဖြစ်တဲ့ မစ်ချယ်က သူတို့တွေထဲမှာ အလန့်တကြားအဖြစ်ရဆုံးသောသူပဲ။ သူ ရှန့်ခယ်ရဲ့ ဝိဉာဉ်လမ်းညွှန်လေးကို ကြည်ကြည်လင်လင်ကြီးကို မြင်နေရတယ်၊ အဲ့ဒီ့အဓိပ္ပါယ်က သူနဲ့ရှန့်ခယ်ရဲ့ လိုက်ဖက်မှုရာခိုင်နှုန်းက ၉၀%ထက် ပိုနေတယ်လို့ဆိုလိုတာပဲ။

လမ်းပြတစ်ယောက်က Aအဆင့် အမှောင်ကင်းစောင့်နဲ့ လိုက်ဖက်မှု ရာခိုင်နှုန်းက ၉၀%တောင် ရောက်သွားတယ်? ဒါကြီးက မကြုံစဖူး ကိစ္စထူးကြီးပဲ!

ဒါက သူတစ်ယောက်တည်းတောင် မဟုတ်သေးဘူး၊ တခြား Cအဆင့် အမှောင်ကင်းစောင့် နှစ်ယောက်ကလည်း လှိုင်းလုံးလေးရဲ့ ပုံရိပ်ကို ဝိုးတဝါး မြင်နေရတယ်။ သူတို့ကလည်း ရှန့်ခယ်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက သူတို့နဲ့လည်း လိုက်ဖက်မှု ရာခိုင်နှုန်း မနိမ့်မှန်း နားလည်လိုက်ကြတယ်။

ဒီလမ်းပြလေးရဲ့ စိတ်ဝိဉာဉ်က အမှောင်ကင်းစောင့်အကုန်လုံးနဲ့များ လိုက်ဖက်မှု ရှိနေတာများလား?

ရှန့်ခယ်အပေါ်ကို စွဲစွဲလမ်းလမ်းနဲ့ တဟုန်းဟုန်းတောက်နေတဲ့ အကြည့်စူးစူးတွေက အတန်းလိုက် ရောက်ရှိလို့လာကြတယ်။

ရှန့်ခယ်က သူ့တစ်ကိုယ်လုံးကို ဝိုင်းရံနေတဲ့ အပြာနုရောင်အလင်းရောင်ရဲ့ အခြေအနေအပေါ်မှာပဲ စူးစူးစိုက်စိုက် အာရုံစိုက်လို့ထားတယ်။ သူ့ရဲ့ ဆံနွယ်နီလေးများက ညင်ညင်သာသာလေး ယိမ်းနွဲ့နေပြီး သူ့ရဲ့ လှပတဲ့ မျက်ဝန်းပြာလေးကလည်း အလင်းရောင် တဖိတ်ဖိတ်တောက်ပလို့နေတယ်။ သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားအောက်မှာ၊ ဆူပူအုံကြွနေတဲ့ စိတ်ဝိဉာဉ်အစုအဝေးကြီးက ဖြည်းဖြည်းချင်း ငြိမ်ကျသွားကာ ကူးခတ်နေတဲ့ လှိုင်းလုံးလေးရဲ့နောက်ကို လိုက်ပါလာပြီး ဖြည်းညင်းစွာ အေးဆေးငြိမ်သက်လို့သွားတော့တယ်။ နောက်ဆုံးတော့ မွန်ရိုးရဲ့ ဦးခေါင်းထက်မှာ မြေခွေးပုံသဏ္ဌာန် ဝိညဉ်လမ်းညွှန်လေး ပေါ်ပေါက်လို့လာတယ်။

မြေခွေးလေးက သူ့ရဲ့ခြေလက်များကို ဆန့်ထုတ်လိုက်ကာ သူ့ရဲ့အနောက်ဘက်မှာလည်း အမြှီးကိုးချောင်းက တစ်ချောင်းပြီးတစ်ချောင်းပေါ်လာပြီး ငှက်တောင်မွှေးလေးကဲ့သို့ လေထဲတွင် ပေါ့ပါးစွာ ပျံဝဲလို့နေတယ်။

ကြမ်းတမ်းခက်ထန်နေခဲ့တဲ့ စိတ်ဝိဉာဉ်အစုအဝေးကြီးက သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး အရာအားလုံးက တစ်ဖန်ပြန်လည်ငြိမ်းချမ်းသွားသလိုပင်။

အမှောင်ကင်းစောင့်တိုင်းရဲ့ မျက်နှာပေါ်တွင် ငြိမ်သက်အေးချမ်းခြင်းအပြည့် ဖြစ်လို့နေကြတယ်၊ အထူးသဖြင့် အခုလေးတင် စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူထားတဲ့ မွန်ရိုးပဲ။ သူက ကိုယ့်ကိုယ်ကို ဖောက်ခွဲမိတော့မတတ်ဖြစ်ခဲ့ရတဲ့ သေရေးရှင်ရေးအခြေအနေကနေ သက်သာရာရခဲ့ရုံတင်မကဘူး သူ့ရဲ့ ခွန်အားတွေပါ တိုးတက်သွားခဲ့တာပင်။ သူ့ရဲ့ နဂိုက ပျော့ပြောင်းနေခဲ့တဲ့ ကြွက်သားတွေက ပြန်လည်တောင့်တင်းလာပြီး သူ့ရဲ့ ဘဝအထွတ်အထိပ်ကို ပြန်လည်ရောက်ရှိသွားတဲ့ ပုံစံမျိုး ပြောင်းလဲသွားတယ်။

လူတိုင်းက ထိတ်လန့်နေကြပြီး သူ့တို့ရဲ့ မျက်လုံးတွေကိုတောင် ယုံကြည်ဖို့ ခက်နေကြတယ်။

ရုတ်တရက်၊ မွန်ရိုးရဲ့ ဝိဉာဉ်လမ်းညွှန် မြေခွေးလေးက လှိုင်းလုံးလေးရဲ့ ဘေးကို ပေါ့ပါးစွာ ခုန်သွားလိုက်ပြီး သူ့ရဲ့မေးစေ့လေးနဲ့ လှိုင်းလုံးလေးရဲ့ ခေါင်းလေးကို မှီကပ်ပြီး တယုတယ ပွတ်သပ်ပေးလိုက်တယ်။

ရွှေရောင်အရိပ်တစ်ခုက လျှပ်တစ်ပြတ် မြေခွေးလေးကို ချက်ချင်းတွန်းထုတ်ပစ်လိုက်ပြီး လှိုင်းလုံးလေးရဲ့ အရှေ့မှာ ရပ်လိုက်တယ်။ သူက မြေခွေးလေးကို ရန်လိုစွာနဲ့ စိုက်ကြည့်လိုက်ပြီး သတင်းစကားတစ်ခုကို မှန်ကန်တိကျစွာနဲ့ ပေးပို့လိုက်တယ်။
【သူက ငါ့အပိုင်! 】

မြေခွေးလေးကတော့ သူ့အမြှီးလေးများကို လှုပ်ယမ်းနေပြီး ခြင်္သေ့ကြီးကို အပြုံးလေးနဲ့ ကြည့်နေပုံက သူ့ရဲ့ သတိပေးချက်ကို သတိမထားမိသလိုလိုနဲ့။

“ကျေးဇူးပါပဲ” ခပ်နိမ့်နိမ့် အသံတစ်ခုက အခန်းထဲမှာ ထွက်ပေါ်လို့လာတယ်။

လူတစ်စုက အသံလာရာကို လိုက်ကြည့်တဲ့အခါမှာတော့ သူတို့မသိလိုက်ခင်မှာပဲ နိုးနေပြီဖြစ်တဲ့ မွန်ရိုးကို တွေ့လိုက်ကြရတယ်။ မွန်ရိုးက ရှန့်ခယ်ကို ကြည့်တဲ့အကြည့်တွေထဲမှာ နူးညံ့မှုတွေနဲ့အတူ အချို့သော အံ့အားသင့်ခြင်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုတွေအပြင် အသက်ပြန်ရှင်လာရလို့ ပျော်ရွှင်ရခြင်းတွေ ပါဝင်နေတယ်။

“ပြောနေစရာမလိုပါဘူး” ရှန့်ခယ်က အပြုံးလေးနဲ့ ပြောလိုက်တယ်။

မွန်ရိုးက ရှန့်ခယ်ရဲ့ ဘေးမှာရပ်နေတဲ့ ယိုးနစ်ဆီကို ကြည့်လိုက်ပြီး ပြုံးကာ မေးမြန်းလို့လာတယ်၊ “မင်းဟာ?”

“ကျွန်တော့်အပိုင်” ယိုးနစ်က သေချာပြန်ဖြေတယ်။

“အိုး” မွန်းရိုးက တိုးတိုးလေး ပြောလိုက်တာက “ဒါဆိုရင်တော့ မင်းသူ့ကို ဂရုတစိုက်စောင့်ကြည့်နေမှဖြစ်တော့မယ်”

အမှောင်ကင်းစောင့်တိုင်းနဲ့ လိုက်ဖက်ညီမှုရှိတဲ့ လမ်းပြတစ်ယောက်က သူတို့တွေအတွက်တော့ စွဲမက်စရာကောင်းတဲ့ မက်လုံးပဲ။ ယိုးနစ်က အရမ်း သန်မာတယ်ဆိုရင်တောင် သူက အင်အားကြီးတဲ့ တစ်ဦးတည်းသော ကင်းစောင့်မဟုတ်ဘူးလေ။ ဒီအခန်းထဲမှာ နောက်တစ်ယောက် ရှိနေသေးတယ်။

မွန်ရိုးက ထောင့်တစ်ခုမှာ မှီပြီး ရှန့်ခယ်ကို ငြိမ်ငြိမ်လေး ကြည့်နေတဲ့ မစ်ချယ်ကို ဖျတ်ခနဲကြည့်လိုက်တယ်။ သူသာ နှစ်ငါးဆယ်လောက် ငယ်နေသေးရင် သူလည်း ရှန့်ခယ်အတွက် ယှဉ်ပြိုင်မိဦးမှာ။ အိုင်း၊ နှမြောစရာပဲ…

ယိုးနစ်က မစ်ချယ်နောက်ကနေလိုက်ပြီး ရှန့်ခယ်ကို မွန်ရိုးရဲ့အိမ်ကနေ ခေါ်ထုတ်လာခဲ့တယ်။

“ရှန့်ခယ်” မစ်ချယ်က ခေါ်လိုက်တယ်။

ရှန့်ခယ်က မစ်ချယ်ကို ပြန်လှည့်ကြည့်လိုက်တယ်။

“မကြာခင် ပြန် တွေ့ကြမယ်” အဓိပ္ပါယ်အပြည့်ဖြစ်နေတဲ့ အကြည့်တွေနဲ့အတူ စကားလုံးသုံးလုံးကို ချန်ရစ်ခဲ့ပြီး မစ်ချယ် ထွက်ခွါသွားတော့တယ်။

ယိုးနစ်ရဲ့ ရင်ဘတ်ထဲမှာ တင်းကျပ်လို့သွားခဲ့တယ်။ အဲ့ဒီကောင်က ရှန့်ခယ်ကိုပဲ စကားပြောသွားတယ်လို့ဆိုရင်တောင် အမှန်တကယ်က သူ့ကို စိန်ခေါ်သွားတာပဲလေ!

ဒီကိစ္စတွေ မတိုင်ခင်ကတော့၊ အမှောင်ကင်းစောင့်တွေအတွက် ရှန့်ခယ်ရဲ့တန်ဖိုးကို ယိုးနစ် သတိမမူမိခဲ့ဘူး။ တကယ်တော့ သူက တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေခဲ့တာ အချိန်အတော်ကြာနေပြီဖြစ်ပြီး သူနဲ့ ကိုက်ညီမှုရှိတဲ့ လမ်းပြလေးတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့လည်း သူမတွေးမိခဲ့ဖူးဘူးလေ။ ဒါပေမယ့် ဒီနေ့ကစပြီး နောက်ပိုင်းမှာတော့ ရှန့်ခယ်ရဲ့ တည်ရှိမှုကို တစ်နိုင်ငံလုံးက အမှောင်ကင်းစောင့်တွေအကုန် သိသွားကြပြီပင်။

နဂိုကတည်းက သူ့အပိုင်ဖြစ်နေတဲ့ ရတနာလေးကို သိပ်မကြာခင်အချိန်အတွင်းမှာတင် လူအများက ငမ်းငမ်းတက် လိုချင်နေကြပြီ။ ဒီ ခံစားချက်ကြီးက သူ့ကို စိတ်အနှောက်ယှက်ပေးနေပြီး ထိတ်လန့်နေစေတယ်။

ယိုးနစ်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက စပြီး မတည်မငြိမ်နဲ့ အတက်အကျဖြစ်လာပြီး ကြောက်ရွံ့မှု တစ်စုံတစ်ရာက သူ့ရဲ့ ဝိဉာဉ်ထဲကနေ မရည်ရွယ်ပဲ ကြီးထွားပေါ်ပေါက်လာပုံရတယ်။

“ဘာဖြစ်လို့လဲ?” ရှန့်ခယ်က ယိုးနစ်ရဲ့ မူမမှန်ခြင်းကို ခံစားလိုက်မိတဲ့အခါ မတတ်နိုင်ပဲ ထုတ်မေးလိုက်မိတော့တယ်။

ယိုးနစ်က တင်းကျပ်နေတဲ့အသံနဲ့ ပြန်ဖြေလာခဲ့တယ်။ “ဘာမှမဖြစ်ဘူး”

ကင်းစောင့်တစ်ယောက်က သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျဖြစ်မှုကို ဘယ်လိုလုပ်ပြီး လမ်းပြတစ်ယောက်ထံကနေ ဖုံးကွယ်နိုင်မှာတဲ့လဲ?

ရှန့်ခယ်က စကားနည်းနည်းသာပြောပြီး ယိုးနစ်နဲ့အတူ တိတ်တိတ်ဆိတ်ဆိတ်ပဲ သူတို့နေထိုင်ရာ ဗီလာဆီ ပြန်လာခဲ့တယ်။ ယိုးနစ်က ရှန့်ခယ်ကို သူ့အခန်းဆီ ပြန်ပို့ပေးပြီးတာနဲ့ ထွက်သွားတော့တာပဲ၊ အဲ့ဒါက ဒီလူကြီးရဲ့ အမြဲအဖြစ်သည်းနေတတ်တဲ့ပုံနဲ့ လုံးဝကြီး ကွာခြားလွန်းနေတယ်။ သူ့ရဲ့ ယိုးနစ်အပေါ် နားလည်ထားမှုကို အခြေခံရရင်တော့၊ ဒီလူကြီးရဲ့ မွေးရာပါ ငါးဆားနူအော်ရာကြီးက ပွင့်ထွက်ကုန်တော့မယ်ဆိုတာပဲ။

ရှန့်ခယ် ရေချိုးနေရင်းနဲ့ တခြားအခန်းကနေ ထွက်ပေါ်လာတဲ့ ထိန်းမရသိမ်းမရ အုံကြွနေတဲ့ စိတ်ဝိဉာဉ်အတက်အကျတွေကို ခံစားမိလိုက်တယ်။ ယိုးနစ် ဘယ်လိုပဲ ဖိနှိပ်ဖို့ကြိုးစားကြိုးစား သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ထိန်းချုပ်မရပဲ အုတ်အော်သောင်းတင်း ဖြစ်နေဆဲပဲ။

နှစ်လကြာ အတူတူနေပြီးတဲ့နောက် ယိုးနစ်က သူ့ရဲ့ ခြင်္သေ့ကြီးကို ခေါ်ခေါ်ထုတ်ပြီး ညည်းညူသံလေးထုတ်လွှင့်ကာ ကလူ၏သို့မြှူ၏သို့ လုပ်တတ်လာပြီး သူနည်းနည်းပါးပါး ခေါင်းကိုက်တဲ့အခါမျိုး ဒါမှမဟုတ် သူအဖျားတက်လာတဲ့အခါမျိုးတွေ၊ ပြီးတော့ သူ့မှာ ဘာပြဿနာမှမရှိရင်တောင်မှ တစ်ခုခု ဖန်တီးပြီး ရှန့်ခယ်ရဲ့ နှစ်သိမ့်ပေးမှုကို တောင်းခံတတ်ဖို့ သင်ကြားခဲ့ပြီးပြီ။

အခုတော့ သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ပြင်းပြင်းထန်ထန်ကြီးထွားလာတာတောင် သူ ရှန့်ခယ်ရဲ့ အကူအညီကိုတောင်းခံဖို့ မလာသေးဘူး။

ရှန့်ခယ်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင်၊ ယိုးနစ်က သူ့စိတ်တွေလွတ်ထွက်သွားခဲ့တဲ့အခါ သူ့ကို ထိခိုက်မိသွားမှာကို ကြောက်နေတာပဲ။

မှန်အရှေ့မှာ မတ်တပ်ရပ်နေရင်း ရှန့်ခယ် သူ့ရဲ့ ခြေလက်လေးတွေကို လှုပ်ခါပေးကာ သူ့ရဲ့ ကြွက်သားတွေကို ဆွဲဆန့်ပြီး သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေကြောင်း သေချာစေဖို့အတွက် စစ်ပွဲမတိုင်ခင် ကြိုတင်လေ့ကျင့်ခန်းတွေကို လုံလုံလောက်လောက် ပြုလုပ်ခဲ့တယ်။ ပြီးတာနဲ့ သူ့ရဲ့ အဝတ်အစားတွေကို လျှောချလိုက်ပြီး ဖြားယောင်းဆွဲဆောင်မယ့် ရောင်ဝါလက္ခဏာတွေနဲ့ ယိုးနစ်ရဲ့ အခန်းဆီသို့ ကြော့ကြော့မော့မော့လေး လျှောက်သွားတော့တယ်။

ဒေါက် ဒေါက်

ရှန့်ခယ်က ယဉ်ယဉ်ကျေးကျေးနဲ့ တံခါးခေါက်လိုက်တယ်။

အခန်းအတွင်းထဲမှာက တိတ်ဆိတ်နေပြီး ဘာတုံ့ပြန်မှုမှမရှိဘူး။

ရှန့်ခယ်က တံခါးကို အကြိမ်ရေ အနည်းငယ် ထပ်ခေါက်လိုက်ပြန်တယ်။

“ဘန်း!” တံခါးကို တွန်းဖွင့်လိုက်ပြီး ယိုးနစ်က ရှန့်ခယ်ကို ရဲရဲနီနေတဲ့ မျက်ဝန်းများဖြင့် စိုက်ကြည့်လို့နေတယ်။ ယိုးနစ်ပြောသမျှ စကားလုံးတိုင်းဟာ သူ့ရဲ့ သွားကြားထဲကနေ ဖျစ်ညှစ်ပြီး ထွက်အံကျလို့လာတယ်။
“ကိုယ် မင်းကို သုံးစက္ကန့်အချိန်ပေးမယ်။ အခုချက်ချင်း မင်း အခန်းထဲကိုပြန်ပြီး အိပ်လိုက်တော့”

“ကျွန်တော် ခင်ဗျားကို မေးချင်တာက…”

“အချိန်ပြည့်ပြီ!” ယိုးနစ်က ရှန့်ခယ်ကို ဆတ်ခနဲ အခန်းထဲဆွဲသွင်းလိုက်ပြီး တံခါးကို ဆောင့်ပိတ်ပစ်လိုက်တော့တယ်။

“…အကူအညီ လိုသေးလား?” ရှန့်ခယ်ပြောလိုတဲ့နောက်ထပ် စကားတစ်ဝက်က တံခါးပိတ်သံကြားထဲမှာပဲ မျိုချလိုက်ရတော့တယ်။
(ရှန့်ခယ် ဖြစ်ပျက်သွားတဲ့ အမူအရာ: သုံးစက္ကန့်တောင် မပြည့်သေးဘူးလေလို့!)

သိပ်မကြာခင်မှာပဲ အခန်းတွင်းတွင် အဝတ်အစားများ ဆုတ်ဖြဲနေတဲ့အသံကို ကြားနေရပြီး နောက်ဆက်တွဲအနေနဲ့ကတော့ ပြတ်တောင်းပြတ်တောင်း ညည်းညူနေသံတွေနဲ့ တကျွိကျွိမြည်သံတွေ၊ ထပ်ပြီးတော့ သဲသဲကွဲကွဲ မကြားရပါတဲ့ တုန်ခါမှုမြည်သံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့တယ်။

ချည်နှောင်ယစ်ငင်နေကြတဲ့ စိတ်ဝိဉာဉ်စွမ်းအားနှစ်ခုက လိမ်ယှက်လို့နေပြီး မုန်တိုင်းပုံသဏ္ဌာန် တစ်ခုက ဗီလာတစ်ခုလုံးအနှံ့ အလျှင်အမြန် ရိုက်ခတ် လွှမ်းမိုးလို့သွားတယ်။

ရှန့်ခယ်က သူ့ကိုယ်သူ လုံလုံလောက်လောက် ပြင်ဆင်ထားခဲ့ပြီးပြီလို့ ထင်ခဲ့ပေမယ့် ယိုးနစ်ကို သူ့အတွင်းထဲမှာ ကြိုဆိုလိုက်ရတဲ့အခါမှာတော့ သူ အလျင်စလိုပြုမူလိုက်မိသွားတယ်လို့သာ ခံစားရတော့တယ်။ သူ့ခင်မျာ ယိုးနစ်က သူ့ရဲ့ ခံစားချက်တွေလှိုက်တက်လာစေတဲ့ အမှတ်သညာလေးကို တိုးဝင်ပြီး ဆောင့်နေစဉ်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး ဖြေလျှော့ရန် ကြိုးစားခဲ့ရပြီး တစ်ချိန်ထဲမှာပဲ သူ့ရဲ့ စိတ်ဝိဉာဉ်နဲ့  သူ့လူကြီးရဲ့ သည်းမခံနိုင်အောင်ဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို ငြိမ်သက်အောင် လုပ်ပေးနေရပြန်တယ်။

ယိုးနစ်က ရှန့်ခယ်နှင့် ပေါင်းစည်းချည်နှောင်လိုက်နိုင်တဲ့ အခိုက်အတန့်မှာတော့ မဆုံးနိုင်တဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ သူ့ရဲ့ လည်ချောင်းအတွင်းထဲကနေ ခပ်နိမ့်နိမ့် ဟိန်းသံတစ်ခု အသံပြုပြီး ထုတ်လွှတ်လိုက်တယ်။ သူ ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်အတွင်း အပြန်ပြန်အလှန်လှန် လှုပ်ရှားကာ အကြိမ်တိုင်းမှာ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။

သူတို့ နှစ်ယောက်လုံးရဲ့ စိတ်ဝိဉာဉ်တွေက ခွဲခြားမရနိုင်လောက်အောင် ရောယှက်သွားတဲ့အခါမှာတော့ သူတို့ရဲ့ အသွေးအသားထဲကနေ ဖြစ်တည်လာတဲ့သာယာမှုက ပိုပိုပြီးပြင်းပြလာတော့တယ်။

အမှောင်ကင်းစောင့်တွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သူတို့နှင့် လိုက်ဖက်မှုရှိတဲ့ လမ်းပြတွေကို တွေ့ဖို့ ခက်ခဲခဲ့တယ်။ သူတို့ရဲ့ အနာဂတ်မှာ လက်တွဲဖော်ရှာတွေ့ခဲ့ရင်တောင် သူတို့တွေက ကိုယ်လက်နှီးနှောရာမှာ စိတ်အလှုပ်ရှားရဆုံး အတက်ကြွဆုံးကာလကို ဘယ်သောအခါမှ မရောက်ခဲ့ကြရပေ။

မကြာခဏဆိုသလို၊ အမှောင်ကင်းစောင့်တွေက ရာဂနိုးကြွ တက်ကြွနေဆဲ အချိန်မှာ သူတို့ရဲ့ လက်တွဲဖော်တွေက အလွန်ပင်ပန်းနွမ်းနယ်နေကြပြီ။ ကျေနပ်အားရမှုမရနိုင်တဲ့ ပြင်းထန်တဲ့
ရမ္မက်အာသီသရှိတဲ့ သူတို့လို လူမျိုးတွေကို ပုံမှန်လူတွေက နားလည်နိုင်ကြပါရဲ့လား?

တစ်နာရီကြာပြီးနောက်၊ ယိုးနစ်ဟာ နောက်ဆုံးတော့ သူ့ရဲ့ ပထမဦးဆုံးသော ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံးကာလကို ရှန့်ခယ်ရဲ့အတွင်းထဲမှာပဲ အောင်မြင် ပြီးမြောက်သွားပြီး သူ့ရဲ့ ဖရိုဖရဲ ပရမ်းပတာဖြစ်နေတဲ့ စိတ်ဝိဉာဉ်ဟာလည်း သက်သာရာရသွားတော့တယ်။ သူ့ရဲ့လက်မောင်းတွေကြားထဲက ရှန့်ခယ်ကို ကြည့်လိုက်ရင်း ယိုးနစ်ခံစားနေရတာက ကျေနပ်အားရမှုထက် ပိုတယ်ဆိုတာပဲ။

သူ ရှန့်ခယ်ရဲ့ နုနုနယ်နယ် ကြွက်သားလေးတွေကို ယုယုယယနှိပ်ပေးနေပြီး ရှန့်ခယ်ရဲ့အတွင်းထဲမှာပဲ ပြန်ထုတ်ပေးဖို့ကို အင်တင်တင်လုပ်နေကာ အချိန်ဆွဲလို့နေလေတယ်။

ရှန့်ခယ်ကတော့ ယိုးနစ်နံဘေးတွင် လှဲလျောင်းနေကာ ပျော်ရွှင်စွာ အနှိပ်ခံနေရင်း သက်တောင့်သက်သာလေး နားလို့နေတယ်။ သူ မှင်တက်တွေဝေနေစဉ်မှာပဲ သူ့အောက်ပိုင်းတစ်နေရာက ပြန်လည်ပြည့်တင်းလာတာကို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ထပ်ဖြစ်လို့သွားပြန်တယ်…

ဆိုတော့ ဒီဟာက ကင်းစောင့်တစ်ယောက်နဲ့ လမ်းပြတစ်ယောက်ရဲ့ ပေါင်းစည်းချည်နှောင်မှုပြုတယ်ဆိုတာမျိုးပေါ့။

ဒီလို လွန်လွန်ကဲကဲ ပျော်ရွှင်ရမှုမျိုးဆိုတာက တစ်ခေါက်လောက် အရသာခံကြည့်ဖူးပြီးတာနဲ့ သေလောက်အောင် စွဲလမ်းလာမှာဖြစ်ပြီး ဘယ်လိုမှ စွန့်လွှတ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ယိုးနစ်က ဆယ်စုနှစ်တစ်စုစာလောက် အချည်းနှီးနေထိုင်မိခဲ့တယ်လို့ ခံစားနေရတယ်။ အရင်ကတော့ သူ့အတွက် လမ်းပြဆိုတာမျိုးကို မလိုအပ်ဘူးလို့ တွေးခဲ့ဖူးတယ်။ အခုတော့ လမ်းပြတစ်ယောက်က ကင်းစောင့်တစ်ယောက်ကို စိတ်ဝိဉာဉ်နဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို ပေးရုံတင်မကဘူး ဝိဉာဉ်တစ်ခုလုံးကိုပါ ပြီးပြည့်စုံသွားစေတာကို သူ သိသွားပြီ။

သူနဲ့ အရမ်းကို ရှေ့သွားနောက်လိုက်ညီ လိုက်ဖက်လွန်းလှတဲ့ လမ်းပြလေးကို ရှာတွေ့ခဲ့တာ သူ့ကံက တော်တော့်ကို ကောင်းလွန်းနေတာ မဟုတ်ဘူးလား?

ယိုးနစ်က အရမ်းကို အိပ်မောကျနေတဲ့ ရှန့်ခယ်ကို အနမ်းလေးပေးလိုက်တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်အားရနေမှုရယ် စိတ်လှုပ်ရှား ပျော်ရွှင်နေပါတဲ့ ဝိဉာဉ်စွမ်းအင်တို့က သူ့ကို လုံးဝအိပ်မရ ဖြစ်နေစေတယ်။

ဒီလူသားလေးက သူ့အတွက်ပဲ။ ဒီလူသားလေးကို ရဖို့ ကြိတ်ကြံနေကြတဲ့ အစီအစဉ်တွေအကုန်လုံးကို သူ ဖြစ်လာခွင့်ပေးမှာမဟုတ်ဘူး။

ရှန့်ခယ်က မကြာခင်မှာ အမှောင်ကင်းစောင့်တိုင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့တင် ယိုးနစ်ရဲ့ မျက်ဝန်းထဲမှာ လူသတ်ချင်နေတဲ့ အလင်းတန်းတွေ ဖြာထွက်လာတော့တယ်။









သူရဲကောင်းဆန်စွာသေဆုံးခြင်းစနစ်Where stories live. Discover now