ကင်းစောင့်နှင့်သူ၏လမ်းပြလေး {7}

312 44 1
                                    

ရှန့်ခယ် နှစ်ခြိုက်စွာ အိပ်မောကျနေရာကနေ နိုးလာတဲ့အခါမှာတော့ သူတွေးလိုက်မိတာက သူ့အထဲကို ပူပြီး စေးကပ်တဲ့ ချော်ရည်ပူတွေနဲ့အပြည့်အဖြည့်ခံထားရတာပဲလို့။ ယိုးနစ်က ရှန့်ခယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့ခေါင်းကိုလည်း ရှန့်ခယ်ရဲ့ ရင်ဘတ်ပေါ်မှာ ဖိကပ်ထားသေးတယ်။

ယိုးနစ်ရဲ့ ညင်ညင်သာသာ အသက်ရှုသွင်းရှုထုတ် လုပ်နေတာလေးက သူ့အရေပြားတွေကို ပွတ်ကာသီကာနဲ့၊ ရှန့်ခယ်ရဲ့ ရင်ဘတ်နေရာကို တခြားနေရာတွေထက် နွေးထွေးနေစေတော့တယ်။ အနည်းငယ်လှုပ်ရှားလိုက်တာနဲ့ သူတို့ရဲ့ အရေပြားတွေက တစ်ယောက်နဲ့တစ်ယောက် ပွတ်သပ်မိသွားတာကို ရှန့်ခယ် ခံစားလိုက်ရတယ်။

ရှန့်ခယ်ရဲ့ မျက်လုံးထောင့်ကနေ ရွှေရောင်ပုံသဏ္ဌာန်ကြီး တစ်ခုကို သူ မြင်လိုက်ရတယ်။ ယိုးနစ်ရဲ့ ခြင်္သေ့ကြီးက သူ့သခင်လိုပဲ ကျေနပ်နေတဲ့ အမူအရာကြီးနဲ့ ရှန့်ခယ်နံဘေးမှာ လှဲလျောင်းလို့နေတယ်။ လှိုင်းလုံးလေးက ခြင်္သေ့ကြီးရဲ့ လက်မောင်းတွေထဲက ထွက်ပေါ်လာပြီး သူ့ခေါင်းကို ဆန့်ထုတ်လိုက်ပေမယ့် ခြင်္သေ့လက်ဖဝါးကြီးက သူ့ကို ပြန်ဆွဲခေါ်လို့သွားတယ်။

အဲ့ဒီအချိန်မှာပဲ ယိုးနစ်က ရှန့်ခယ်ရဲ့ ရင်ဘတ်ကို သူ့ခေါင်းဖြင့် တစ်ခဏကြာအောင် ပွတ်သီးပွတ်သပ်လုပ်နေကာ သူ့ပါးစပ်ကလည်း ဗလုံးဗထွေးနဲ့ တီးတိုးစကားတွေပြောလို့နေလေရဲ့။

စိတ်ချလက်ချနဲ့ အရသာအပြည့် မွေ့လျော်နေတဲ့ အဆင့်မြင့် ကင်းစောင့်တစ်ယောက်ရဲ့ အနည်းငယ်သော သတိဝီရိယလေးကတောင် ဘယ်ဆီဘယ်ဝယ် ရောက်လို့နေပြီလဲ?

ရှန့်ခယ်က သူ့လက်တွေကို ယိုးနစ်ရဲ့ လည်ပင်းတစ်လျှောက် လှုပ်ရှားလိုက်ပြီး သူ့ပုံစံက ယိုးနစ်ရဲ့ လည်ချောင်းကို ဓါးနဲ့ဖြတ်ပစ်ဖို့ အကောင်းဆုံးနေရာကို လိုက်ရှာနေသလိုမျိုးပဲ။

“ပျော်ဖို့ကောင်းလား?” ရုတ်တရက် ယိုးနစ်ရဲ့ ပျင်းရိပျင်းတွဲနိုင်တဲ့ အသံက ရှန့်ခယ်ရဲ့ နားနားမှာ ကျီစယ်ဟန်အပြည့်နှင့် ထွက်ပေါ်လို့လာတယ်။

“ကိုယ်တော့ လည်ပင်းကိုဖြတ်တာထက် နှလုံးကို တိုက်ရိုက်ထိုးတာက ပိုမြန်မယ် ထင်တာပဲ”
ယိုးနစ်ကပြောရင်း ရှန့်ခယ်ရဲ့ လက်ကိုဆွဲယူကာ သူ့ရဲ့နှလုံးနေရာပေါ်ကို တင်ပေးလိုက်တယ်။

ရှန့်ခယ်က ခေါင်းခါပြီး ငြင်းဆန်လိုက်ကာ ပြောလာတယ်၊ “ခင်ဗျား အရေပြားက အရမ်းထူလွန်းတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ လည်ပင်းကတော့ အရမ်းနုနယ်တယ်လေ”

“ကိုယ့် ‘အရေပြားက အရမ်းထူလွန်းတယ်’ ဆိုတာကို ‘ကြွက်သားတွေ’ အဖြစ် ယူဆလို့ရနိုင်မလား?” ယိုးနစ်က သူ့ရဲ့ တောင့်တင်းသန်မာတယ် ကိုယ်လုံးကိုယ်ပေါက်ကို ပြလိုက်တယ်။ တစ်ညလုံး စိတ်အားထက်သန်မှုတွေ ပြီးသွားတဲ့နောက် ဒီလူကြီးရဲ့ ခန္ဓာကိုယ်က ကြွယ်ဝတဲ့အဟာရဓါတ်တွေကို စုပ်ယူသွားပုံရပြီး သူ့ရဲ့ကြွက်သားစိုင်တွေက ပြည့်တင်း၊တောက်ပနေကာ အထူးကျန်းမာနေပုံပေါ်တယ်။

ကင်းစောင့်တစ်ယောက်နဲ့ လမ်းပြတစ်ယောက် ချည်နှောင်ပေါင်းစည်းမှုပြုခြင်းက တစ်ယောက်ချင်းစီရဲ့ လှပမှုနှင့် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်စေတဲ့ အကျိုးသက်ရောက်မှုများ ရှိနေတာလား?

ထိုအချိန်တွင်မှာပင်၊ ထိုလူကြီးရဲ့ နောက်ထပ်အစပျိုးမှုကို ရှန့်ခယ် ခံစားလိုက်ရပြီး သူ ကမန်းကတန်းနဲ့ “ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး နေလို့မကောင်းဘူး ပြီးတော့ ကျွန်တော် ရေချိုးချင်နေပြီ”

“ကောင်းပြီလေ” ယိုးနစ်က ရှန့်ခယ်ကို မလွှတ်ပေးတဲ့အပြင်ကို သူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေက ချိတ်ဆက်ထားတုန်းပဲ၊ ယိုးနစ်က ရှန့်ခယ်ကို အဲ့ဒီ့အခြေအနေအတိုင်းပဲ ရေချိုးခန်းထဲကို သယ်သွားပေးလိုက်တယ်။ ယိုးနစ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာ သူတို့ရဲ့ ချိတ်ဆက် ဆက်နွယ်နေတဲ့ နေရာကလည်း ညင်သာစွာ ဆောင့်မိလို့နေတယ်။

ယိုးနစ်က ရှန့်ခယ်ကို နံရံမှာဖိကပ်ထားလိုက်ပြီး ရေချိုးပိုက်ခေါင်းကို ဖွင့်ကာ လက်တစ်ဖက်က ရှန့်ခယ်ရဲ့ခါးကို ကိုင်လို့ တခြားလက်တစ်ဖက်ကတော့ အနံ့မွှေးမွှေးဆပ်ပြာခဲလေးနဲ့ ရှန့်ခယ်ရဲ့ ကိုယ်လုံးပေါ်ကို ပွတ်တိုက်ပေးနေတယ်။

“အာ့… ကျွန်တော် ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်…” ရှန့်ခယ် တကယ်ကို ယိုးနစ်ရဲ့ ရွှင်မြူးတက်ကြွနေတဲ့စွမ်းအင်တွေကို သည်းမခံနိုင်တော့ဘူး။

“အိုခေ၊ ခဏပါပဲ” ယိုးနစ်က ရှန့်ခယ်ရဲ့ နားရွက်လေးကို ချော့မြှူတဲ့အနေနဲ့ ကိုက်လိုက်တယ်။ မြောက်မြားစွာသော အကြမ်းပတမ်း ထိုးသွင်းမှုတွေ အပြီးမှာတော့ ရှန့်ခယ်ရဲ့အတွင်းထဲမှာ အပူစီးကြောင်းတစ်ခု ပတ်ဖြန်းသွားတော့တယ်။

ယိုးနစ်ရဲ့ အသက်ရှုသံတွေက ပြင်းထန်လေးလံနေပြီး ရှန့်ခယ်ထဲကလည်း ချက်ချင်း ဆွဲမထုတ်လေဘူး။ သူက နှစ်ယောက်လုံး ရေမိုးချိုးပြီးတဲ့အချိန်ထိ စောင့်နေပြီးတော့မှသာ အင်တင်တင်ဖြင့် ဆွဲထုတ်ပေးတော့တယ်။

သူက ရှန့်ခယ်ရဲ့ နှုတ်ခမ်းတွေကို ညင်ညင်သာသာလေး ပွတ်သပ်ပေးနေပြီး လေသံတိုးတိုးလေးဖြင့် “ကိုယ်တို့ အသက်အသစ်လေးရလာဖို့က သိပ်မကြာလောက်တော့ဘူး”

ရှန့်ခယ်က အံ့ဩသွားပြီး ရုတ်တရက်ပဲ ဒီကမ္ဘာကလမ်းပြအများစုက ကိုယ်ဝန်ဆောင်နိုင်ကြတယ်ဆိုတာကို သတိရသွားတယ်။ သို့ပေမယ့် အမျိုးသားလမ်းပြတွေကတော့ တိုက်ရိုက်မမွေးနိုင်ကြဘူး။ အဲ့ဒီ့အစား၊ သူတို့တွေက ခန္ဓာကိုယ်ပြင်ပမှာ နည်းပညာနှင့် ပျိုးထောင်နိုင်တဲ့ မျိုးစေ့သန္ဓေလေးကို ထုတ်ပေးနိုင်ကြတယ်။

လမ်းပြအမျိုးသားများရဲ့ သန္ဓေသားလောင်းတွေက အသက်ရှင်သန်မှုရာခိုင်နှုန်းက အလွန်နည်းတယ်၊ ဒါပေမယ့် သူတို့သာ မျိုးစေ့သန္ဓေလေးကို အောင်မြင်စွာ ပျိုးထောင်နိုင်လျှင်တော့ ကလေးက အခြေခံအားဖြင့် မိဘတွေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ မျိုးရိုးဗီဇကို အမွေဆက်ခံနိုင်တယ်။ မျိုးရိုးဗီဇကွဲလွဲမှု ဖြစ်နိုင်ခြေ ၁၀% ထက် မပိုဘူးဆိုလျှင် ယိုးနစ်နဲ့ရှန့်ခယ်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု အရည်အသွေးတို့ဖြင့်သာဆို သူတို့ရဲ့ကလေးတွေက အမှောင်ကင်းစောင့် ဒါမှမဟုတ် လမ်းပြဖြစ်နိုင်ခြေ အခွင့်အရေးက ၄၅%လောက်အထိ ဖြစ်လာနိုင်တယ်။

ရှန့်ခယ်က ဒီကမ္ဘာက မစ်ရှင်တွေအားလုံး မပြီးမြောက်သေးခင်မှာ ကလေးတစ်ယောက် ချန်ခဲ့ဖို့ တစ်ခါမှ မတွေးခဲ့ဘူး။

“ဟင်?” ယိုးနစ်က ရှန့်ခယ်ဆီက အဖြေစကားပြန်မကြားရတဲ့အခါ သူ့ရဲ့ မျက်လုံးကို ပင့်ကာ ရှန့်ခယ်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လာပြီး “ရှန့်ခယ် မင်းလုပ်ချင်ရဲ့လားဟင်? ကိုယ်နဲ့အတူတူ အသက်အသစ်လေးကို ပြုစုပျိုးထောင်မယ်လေ”

ရှန့်ခယ်က မေးခွန်းပြန်မမေးခင် ခဏလောက် တိတ်ဆိတ်နေကာ “ခင်ဗျား အမှန်စကားကိုကြားချင်လား ဒါမှမဟုတ် အလိမ်အညာစကားကိုကြားချင်လား?”

ယိုးနစ်က ခွန်းတုံ့ပြန်လိုက်တယ်၊ “မင်းသာ ဆန္ဒရှိမယ်ဆိုရင် ကိုယ် အမှန်စကားကိုနားထောင်မယ်၊ မဟုတ်ရင်တော့ အလိမ်အညာစကားကိုပဲ နားထောင်တာပေါ့”

ရှန့်ခယ်: … ကောင်းရော၊ ခင်ဗျားက စကားလုံးကစားတဲ့ဂိမ်းမှာ တော်သားပဲ။

*[ယိုးနစ်ပြောလိုက်တာက ရှန့်ခယ်သာ ကလေးမွေးဖို့ဆန္ဒရှိမယ်ဆိုရင် ရှန့်ခယ်ပြောမယ့် အမှန်စကား “ကလေးမလိုချင်ဘူး” ဆိုတာကို နားထောင်မယ်၊ မဟုတ်ရင်တော့ ရှန့်ခယ်ပြောမယ့် အလိမ်အညာစကား “ကလေးလိုချင်တယ်” ဆိုတာကို နားထောင်မယ်တဲ့။ ဘယ်လိုပြောပြော ရှန့်ခယ် သူ့ကလေးမွေးပေးပါမယ်ဆိုတဲ့ စကားပဲ ထွက်လာအောင် ပြောလိုက်တာပါ]*

ယိုးနစ်က ခေါင်းငုံ့ကာ ရှန့်ခယ်ရဲ့ မျက်လုံးလေးတွေကို နမ်းလိုက်တယ်။ “ကိုယ် အလျင်မလိုပါဘူး။ ကိုယ်တို့ မင်းသေချာတွေးပြီးတဲ့အခါမှ ဆုံးဖြတ်ချက်ချကြတာပေါ့။ ဒါပေမယ့် အကယ်၍များ မင်းကိုယ်ဝန်ရှိလာရင်တော့ သူ့ကို လက်မလျှော့လိုက်ပါနဲ့”

ရှန့်ခယ် ခေါင်းညိတ်လိုက်တယ်။ သူကလည်း အကယ်၍ ကိုယ်ဝန်သာရှိသွားခဲ့ရင် သူ့ချစ်သူနဲ့ရတဲ့ကလေးပဲကို ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ။ ကြည့်ရတာတော့ အနာဂတ်မှာ သူတို့ရဲ့ လိင်ဆက်ဆံမှုအကြိမ်ရေကို တတ်နိုင်သမျှ ထိန်းညှိရတော့မယ့်ပုံပဲ။ သူတို့ ဆန္ဒရှိပြီး လုပ်ချင်ခဲ့ရင်တောင် ဘေးကင်းစေဖို့ အကာအကွယ် သုံးကိုသုံးရမယ်။

သို့ပေမယ့်လည်း၊ ယိုးနစ်က ဘယ်လိုလုပ် အဲ့ဒီလိုလုပ်နိုင်မှာလဲ။ တားမြစ်ထားတဲ့ သစ်သီးရဲ့အရသာကို ပထမဆုံးမြည်းစမ်းဖူးထားသလို ဖြစ်နေတဲ့ ယိုးနစ်က သူတို့ရဲ့ လိင်ဆက်ဆံမှုအကြိမ်ရေကို မည်ကဲ့သို့ လျှော့ချနိုင်ပါလိမ့်မည်နည်း။ ဘေးကင်းစေဖို့ အကာအကွယ်အတွက်ကတော့ ၊ အဲ့ဒါကို သတိရသေးရင်တော့ သုံးတာပေါ့လေ။

နှစ်ယောက်သား ရေချိုးပြီး အဆင့်သင့်ဖြစ်ချိန်မှာတော့ နေ့လည်စာအချိန်ကိုတောင် ကျော်လွန်သွားပြီပင်။ ရှန့်ခယ်က အလျှံအပယ်နဲ့ ရိုးရိုးရှင်းရှင်းဟင်းပွဲများစွာကို ချက်လိုက်ပြီး အထူးသဖြင့် ထမင်းများများချက်လိုက်တယ်။ ထင်ထားသည့်အတိုင်း ယိုးနစ်က ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက် သူ့ရဲ့ အစားစားချင်စိတ်က နှစ်ဆတိုးလာခဲ့တယ်။ သူက တစ်ထိုင်တည်းနဲ့ လေးယောက်စာကို စားလိုက်ပြီး တစ်ယောက်စာစီက သူပုံမှန်စားနေကြ ပမာဏရဲ့ နှစ်ဆပင်။

ရှန့်ခယ်က သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်ပြီးတဲ့နောက် သူ့မှာ နာကျင်ခြင်းကလွဲရင် တခြားဘာပြဿနာမှ မတွေ့ခဲ့ဘူး။ ယိုးနစ်နဲ့ ပေါင်းစည်းချည်နှောင်မှုလုပ်ခြင်းက သူ့ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိပုံပဲ၊ ကြည့်ရတာ သူတို့ရဲ့ ၉၅%ထက်ပိုတဲ့ လိုက်ဖက်ညီမှုဆိုတဲ့ အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်မယ်။

လမ်းပြတစ်ယောက်က ကင်းစောင့်တစ်ယောက်ကို အသင့်လျော်ဆုံးကုသမှုနှင့် ထူးကဲသောသာယာကြည်နူးမှုကို ပေးစွမ်းနိုင်သလို ကင်းစောင့်ကလည်း ချည်နှောင်ပေါင်းစည်းမှု လုပ်ငန်းစဉ်အတွင်းမှာ လမ်းပြရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးနိုင်တယ်။ ဒီလိုနည်းနဲ့ နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး အံဝင်ခွင်ကျဖြစ်စေတဲ့ အကောင်းဆုံး အခြေအနေများကို ရရှိနိုင်လိမ့်မယ်။

အဲ့ဒီ့အချိန်မှာပဲ ရှန့်ခယ်က လမ်းပြလုပ်သားသမဂ္ဂကနေ စာတိုပေးပို့မှုတစ်ခုကို လက်ခံရရှိခဲ့ကာ မနက်ဖြန်ရောက်လျှင် သမဂ္ဂဌာနသို့ လာရောက်ပြီး လမ်းပြအဆင့်သတ်မှတ်ချက် အကဲဖြတ်စစ်ဆေးမှုကို လာရောက်လုပ်ဆောင်ရန် အကြောင်းကြားခြင်းပင် ဖြစ်တယ်။ ယခင်က ရှန့်ခယ် သူနဲ့ ယိုးနစ်ရဲ့ ဆက်ဆံရေးကြောင့် လမ်းပြတစ်ယောက်ရဲ့ လက္ခဏာရပ်(လမ်းပြတစ်ဦး၏ စိတ်ဝိဉာဉ်ဆိုင်ရာ DNAမျှခြေ) ကိုသာ သမဂ္ဂဌာနမှာမှတ်တမ်းတင်ခဲ့ပြီး တိကျသော လမ်းပြအဆင့်သတ်မှတ်ချက် အကဲဖြတ်စစ်ဆေးမှုကို မပြုလုပ်ခဲ့ပေ။

ဒါပေမယ့် မနေ့ကပင် ရှန့်ခယ်က ကြမ်းတမ်း ပြင်းထန်တဲ့ စိတ်ဝိဉာဉ်အင်အားစုကြီးနဲ့ Aအဆင့်အမှောင်ကင်းစောင့် မွန်ရိုးကို ကုသပေးခဲ့တယ်လေ။ ဒီကိစ္စက အမှောင်ကင်းစောင့်များကြားမှာ ရုတ်ရုတ်သဲသဲဖြစ်ရုံသာမက လမ်းပြလုပ်သားသမဂ္ဂရဲ့ အာရုံစိုက်မှုကိုပါ ဆွဲဆောင်လာခဲ့တယ်။ သမိုင်းမှာ ပထမဦးဆုံး Aအဆင့်အမှောင်ကင်းစောင့်နဲ့ ၉၀% ကိုက်ညီလိုက်ဖက်မှုရှိတဲ့ လမ်းပြတစ်ယောက်ပေါ်ထွက်လာတယ်ဆိုတဲ့ သတင်းက သေချာပေါက်ကို အံ့အားသင့်စရာကြီးပဲလေ။

ထပ်ပေါင်းပြောရလျှင် ရှန့်ခယ်က အမှောင်ကင်းစောင့်အားလုံးနဲ့ လိုက်ဖက်ကိုက်ညီမှုရှိတယ်ဆိုတဲ့ ကောလဟာလတွေကလည်း ထွက်ပေါ်နေသေးတယ်။ သီအိုရီအရ အမှောင်ကင်းစောင့်တွေက လမ်းပြတွေရဲ့ အကူအညီကို မလိုအပ်ဘူးဆိုပေမယ့် အဲ့ဒါကလည်း သူတို့နဲ့ကိုက်ညီတဲ့ လမ်းပြကို ရှာမတွေ့နိုင်လို့မဟုတ်ဘူးလား? သာမန်ကင်းစောင့်အတွက်ပဲဖြစ်ဖြစ် အမှောင်ကင်းစောင့်အတွက်ပဲဖြစ်ဖြစ် လမ်းပြတွေရဲ့ တည်ရှိမှုဆိုတာက ကင်းစောင့်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာမှာပါ အရေးပါအရာရောက်တယ်။

“ဒီလူတွေက တော်တော်မြန်သားပဲ” ယိုးနစ်က အေးစက်စွာ နှာမှုတ်လိုက်တယ်။ သူ စိတ်နည်းနည်းမပျော်မရွှင်ဖြစ်သွားတာတောင်မှ ယိုးနစ်က ရှန့်ခယ်အကဲဖြတ်စစ်ဆေးမှုလုပ်မှာကို မတားဆီးခဲ့ဘူး။ အကယ်၍များ မနေ့ကသာဆိုလျှင်တော့ သူသွေးထိုးလှုံ့ဆော်ခံလိုက်ရသလို တုန်လှုပ်နေဆဲဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက်သောသူရဲ့ အဟာရဓါတ်ဖြည့်တင်းပေးထားမှုကြောင့် ထူးထူးခြားခြား သဘောထားကြီးလာတယ်။

နောက်တစ်နေ့မှာတော့ ယိုးနစ်က ရှန့်ခယ်ကို လမ်းပြလုပ်သားသမဂ္ဂဆီ ခေါ်ဆောင်လာခဲ့ပေးတယ်။ သူတို့နှစ်ယောက် ကားပေါ်က ဆင်းလိုက်တဲ့အခါမှာပဲ အဘက်ဘက်ကနေ စစ်ဆေးမေးမြန်းလိုတဲ့ အကြည့်တွေကို လက်ခံရရှိလိုက်တယ်။

ယိုးနစ်က ရှန့်ခယ်ကို သူ့ရဲ့ စိတ်ဝိဉာဉ်အကာအကွယ်နဲ့ ကာရံလိုက်ပြီး အခန့်သင့်ပဲ ယိုးနစ်ဆိုတဲ့ ဒီလူရဲ့ပိုင်ဆိုင်မှုဆိုတာကို တခြားလူတွေကို တရားဝင်ကြေငြာလိုက်သလို ပြုမူလို့နေတယ်။

လုပ်သားသမဂ္ဂဌာနက ယနေ့မှာ အမှောင်ကင်းစောင့်တွေနဲ့ကိုက်ညီမှုရှိတဲ့ အထူးလမ်းပြတစ်ယောက်ကို အကဲဖြတ်စစ်ဆေးမယ်ဆိုတဲ့ သတင်းက ပြန့်နှံ့နေနှင့်ပြီဖြစ်တယ်။ အဲ့ဒီသတင်းကို ကြိုတင်ရရှိထားပြီးသူတိုင်းက လုပ်သားသမဂ္ဂဌာနမှာ လာရောက်စုဝေးနေကြပြီး လုပ်သားသမဂ္ဂရဲ့ ပြေပြစ်လှတဲ့ အပြုအမူကို သက်သေခံရန်ရောက်ရှိနေကြတယ်။

သူတို့နှစ်ယောက်လုံး အစည်းအရုံးဌာနထဲ ဝင်ရောက်လာတာနဲ့ အတွင်းမှာရှိနေတဲ့ အမှောင်ကင်းစောင့်တွေက လူငယ်လေးရဲ့နံဘေးမှာ ဂရုတစိုက်နဲ့ စောင့်ကြည့်နေတဲ့ ယိုးနစ်ရဲ့ဖိအားတွေကို ခုခံပြီး တစ်ယောက်ပြီးတစ်ယောက်ရဲ့ အကြည့်တွေက ရှန့်ခယ်ဆီ ရောက်လာကြတယ်။

ရှန့်ခယ်က ပတ်ဝန်းကျင်မြင်ကွင်းကို ဂရုမစိုက်စွာပဲ အေးချမ်းတဲ့မျက်နှာပေးလေးနဲ့ တည်တည်ငြိမ်ငြိမ်လေး လျှောက်လှမ်းလာခဲ့တယ်။ သူ့ရဲ့အသွင်အပြင်နဲ့ စိတ်နေစိတ်ထားလေးကို အကဲဖြတ်ကြည့်ရုံနဲ့ အမှောင်ကင်းစောင့်တွေ အကုန်လုံးက တိတ်တိတ်လေး ၉၇မှတ်ပေးလိုက်ကြတယ်၊ ကျန်တဲ့ ၃မှတ်ကိုတော့ ယိုးနစ်ရဲ့ အနှောက်အယှက်ဖြစ်စေတဲ့ ပုံပန်းသဏ္ဌာန်ကြောင့် နှုတ်ပစ်လိုက်တယ်။

ယိုးနစ်က ရှန့်ခယ်ကို အကဲဖြတ်စစ်ဆေးမှုလုပ်မယ့် အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး နောက်ဆုံးတော့ စိတ်ရှုပ်စရာ မျက်လုံးအကြည့်တွေကနေ ဖြတ်တောက်နိုင်သွားတော့တယ်။ မည်သို့ပင်ဖြစ်စေ စစ်ဆေးမှုရလာဒ်ကို အပြင်ဘက်မှ ဖန်သားပြင်မျက်နှာပြင်ပေါ်မှာ ဖော်ပြပြသပေးမှာပဲဖြစ်တယ်။

ခန်းမထဲမှာရှိတဲ့ လူတိုင်းက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြတယ်။ ဆယ်မိနစ်ကျော် ကြာသွားတဲ့အချိန်မှာ နောက်ဆုံးတော့ ဖန်သားပြင်မျက်နှာပြင်ပေါ်မှာ ဒေတာ အတန်းလိုက်ကြီး ပေါ်ပေါက်လို့လာတယ်။

ရှန့်ခယ် - -

အသက် : ၂၂နှစ်

လိင်အမျိုးအစား : အမျိုးသား

အဆင့်အတန်း : လမ်းပြ

စိတ်ဝိဉာဉ်စွမ်းအင် အဆင့် : S

လိုက်ဖက်မှု : အမှောင်ကင်းစောင့်များ အားလုံး

နောက်ဆုံးစာကြောင်းကို မြင်ပြီးတဲ့နောက်မှာတော့ အမှောင်ကင်းစောင့်တွေအားလုံး ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်သွားကြတော့တယ်။ သူတို့က ရှန့်ခယ်ဟာ အမှောင်ကင်းစောင့်များနဲ့ သင့်တော်တဲ့ လမ်းပြတစ်ယောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း သူတို့မမျှော်လင့်ထားတာက ရှန့်ခယ်က အထူးတလှယ်ကို အမှောင်ကင်းစောင့်တွေအတွက် ဖြစ်နေတာကိုပဲ!

Biyashi ရဲ့သမိုင်းကြောင်းတစ်လျှောက်၊ အမှောင်ကင်းစောင့်များအတွက်သာ ရည်စူးဖော်ပြရတဲ့ လမ်းပြမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ လမ်းပြအနည်းစုက အမှောင်ကင်းစောင့်များနဲ့ လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ညှိနှိုင်းနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ သာမန်ကင်းစောင့်တွေနဲ့သာ ပိုပြီး ကိုက်ညီမှုရှိတာပဲ ဖြစ်တယ်။ ဒါကြောင့်ပဲ လမ်းပြအများစုက သူတို့နဲ့ လိုက်ဖက်မှုနည်းသည့် အမှောင်ကင်းစောင့်များထက် သူတို့နဲ့ ပိုမိုမြင့်မားတဲ့ လိုက်ဖက်ကိုက်ညီမှုရှိတဲ့ သာမန်ကင်းစောင့်များနဲ့သာ ပေါင်းစည်းချည်နှောင်ဖို့ ရွေးချယ်ကြတယ်။ လိုက်ဖက်ကိုက်ညီမှုက ကျေနပ်လောက်အောင် လုံလုံလောက်လောက်မရှိပါပဲ သန်မာလွန်းတဲ့စိတ်ဝိဉာဉ်စွမ်းအားရှိတဲ့ အမှောင်ကင်းစောင့်တစ်ယောက်နှင့် ပေါင်းစည်းချည်နှောင်မှုလုပ်တာက လမ်းပြအတွက်တော့ နှိပ်စက်ညှင်းပန်းမှုတစ်မျိုးပဲလေ။

ယခုတော့၊ အမှန်တကယ်ကို အမှောင်ကင်းစောင့်များအတွက်သာ ရည်စူးဖော်ပြတဲ့ လမ်းပြတစ်ယောက် ရှိနေပြီဖြစ်ပြီး အဓိပ္ပါယ်က မည်သည့်အမှောင်ကင်းစောင့်နှင့်မဆို စံကိုက်ညီမှုထက် ကျော်လွန်တဲ့ လိုက်ဖက်ညီမှုရှိနိုင်တယ်ဆိုတာပဲ။

အဲ့ဒီ့အချိန်မှာပဲ ဖန်သားပြင်မျက်နှာပြင်ပေါ်မှာ ဒေတာအသစ်တွေကို ထပ်မံပြသလာခဲ့တယ်။

【အမှောင်ကင်းစောင့် ယိုးနစ်နှင့် လမ်းပြ ရှန့်ခယ်၏ လိုက်ဖက်ညီမှုနှုန်း : ၉၉%】

၉၉%? လူတိုင်းက သူတို့ရဲ့ မျက်လုံးများကို မယုံကြည်နိုင်ခြင်းများနှင့်အတူ ပွတ်သုတ်လိုက်ကြတယ်။ ဒါကြီးက လုံးဝကို သိပ္ပံနည်းကျ ဟုတ်မနေဘူးနော်၊ အိုခေ? သမိုင်းထဲမှာတောင် အမြင့်ဆုံးကိုက်ညီမှုက ၉၆% ဖြစ်ပြီးတော့ လက်ရှိမှာ ကင်းစောင့်နှင့်လမ်းပြရဲ့ ချည်နှောင်ပေါင်းစည်းမှု လိုက်ဖက်မှုနှုန်း ဒီဂရီက ၇၅% သာရှိတော့တယ်။ ၉၀%အထက် ကိုက်ညီမှုရှိတဲ့ အတွဲတွေက နိုင်ငံတစ်ဝန်းလုံးမှာ အနည်းငယ်သာလျှင်ရှိတယ်။ အဲ့ဒါအပြင်ကို ယိုးနစ်က အလွန်အမင်း ပြင်းထန်သန်စွမ်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားရှိတဲ့ Aအဆင့် အမှောင်ကင်းစောင့် ဖြစ်နေသေးတယ်။ အကယ်၍များ နောက်ထပ် အမှောင်ကင်းစောင့်တစ်ယောက်သာဆို ကိုက်ညီမှုက တိုက်ရိုက်ပဲ ၁၀၀% ဖြစ်သွားတော့မှာလား?

ဒီအချက်ကို တွေးကြည့်ကြပြီးတော့ အမှောင်ကင်းစောင့်တွေရဲ့ မျက်လုံးတွေက နီရဲသွားကြတော့တယ်။

ယိုးနစ်က အရင်ကတည်းက သူနဲ့ရှန့်ခယ်ရဲ့ လိုပ်ဖက်ညီမှုက အနည်းဆုံး ၉၅%လောက်ရှိမယ်ဆိုတာကို သိပြီးသားပဲ။ သူက ဒီအကဲဖြတ်စစ်ဆေးမှုရလာဒ် ဒေတာကို တခြားသူတွေမြင်တဲ့အခါ လက်လျှော့နိုင်အောင်လို့ ထုတ်ပြန်ပေးတာဖြစ်ပေမယ့် သူနဲ့ရှန့်ခယ်ရဲ့ လိုက်ဖက်ညီမှုက ၉၉%လို့တော့ ထင်မထားမိဘူး။ ပေါင်းစည်းချည်နှောင်မှုလုပ်လိုက်ခြင်းကပဲ သူတို့ရဲ့လိုက်ဖက်ညီမှုနှုန်းကို တိုးတက်သွားစေတာများလား? ဒါလိုသာဆိုရင်တော့ ကြည့်ရတာ အနာဂတ်မှာ သူတို့ပေါင်းစည်းချည်နှောင်မှု များများလုပ်တဲ့အခါ တစ်နေ့ ၁၀၀% အထိရောက်သွားနိုင်လောက်လိမ့်မယ်..

“ကျွန်တော် လမ်းပြရှန့်ခယ်နဲ့ လိုက်ဖက်ညီမှုနှုန်း အကဲဖြတ်စစ်ဆေးဖို့ တောင်းဆိုပါတယ်” အေးစက်စက်အသံတစ်ခုက ရုတ်ခြည်းပဲ ယိုးနစ်ရဲ့ အတွေးတွေထဲကို ဖြတ်ဝင်လာခဲ့တယ်။

ယိုးနစ် နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူနဲ့အဆင့်တူ Aအဆင့်အမှောင်ကင်းစောင့်တစ်ယောက်ဖြစ်တဲ့ မစ်ချယ်ကို တွေ့လိုက်ရတယ်။

မစ်ချယ်က ရှန့်ခယ်ဆီရောက်လာပြီး အနည်းငယ်ခေါင်းညွှတ်ပြလာတယ်။ သူ့ရဲ့ ခရမ်းရောင်မျက်ဝန်းတစ်စုံက အဓိပ္ပါယ် မရှင်းလင်းတဲ့ စိတ်အားထက်သန်မှုတစ်မျိုးကို လှစ်ဟပြလို့နေတယ်။

ယိုးနစ်ရဲ့ မျက်နှာက သုန်မှုန်နေပြီး သူ့ရဲ့မျက်လုံးတွေက မစ်ချယ်အပေါ်မှာ သတိရှိရှိနဲ့ တည်ငြိမ်စွာ စူးစိုက်ကြည့်လို့နေတယ်။

ယိုးနစ်မှာ Aအဆင့်အမှောင်ကင်းစောင့်တစ်ယောက်ရဲ့ မျှတတဲ့တောင်းဆိုချက်ကို တားစီးဖို့ လုပ်ပိုင်ခွင့်မရှိနေဘူး။ အဆုံးမှာတော့ ရှန့်ခယ်က သူ့ရဲ့ တရားဝင်အိမ်ထောင်ဖက်မဖြစ်သေးဘူးလေ။

မစ်ချယ်က အကဲဖြတ်စစ်ဆေးမှုအခန်းထဲကို ဝန်ထမ်းတွေရဲ့ လမ်းပြမှုနဲ့အတူ ဝင်သွားခဲ့တယ်။

ရှန့်ခယ်က သိပ်မကြာခင်မှာပဲ ယိုးနစ်နဲ့မတူ ကွဲပြားတဲ့ အားကောင်းလွန်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားကို အာရုံခံလိုက်ရတယ်။ ရှန့်ခယ်က ချက်ချင်းပဲ သူ့ရဲ့ ဝိဉာဉ်လမ်းညွှန်လေးကို လွှတ်ပေးလိုက်တယ်၊ လှိုင်းလုံးလေးက မစ်ချယ်ရဲ့ စိတ်ဝိဉာဉ်ပင်လယ်ပြင်မှာ ပျော်ရွှင်စွာကူးခတ်နေတော့တယ်။ သူက ရေထဲက ငါးလေးလိုပဲ ကြည့်ရတာ အလွန့်အလွန်ကို အကျေနပ်ကြီးကျေနပ်လျက်ရှိနေတယ်။

သိပ်မကြာခင်မှာပဲ နောက်ထပ် ဒေတာအစုလိုက်ကြီးက ဖန်သားပြင်မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။
【အမှောင်ကင်းစောင့် မစ်ချယ်နှင့် လမ်းပြ ရှန့်ခယ်၏ လိုက်ဖက်ညီမှုနှုန်း : ၉၆%】

အဲ့ဒီလိုနဲ့ နောက်ထပ်တစ်ကြိမ် လူတစ်သိုက်ဆီကနေ အုတ်အော်သောင်းသဲ ဆဲသံတို့ ညံသွားလေရဲ့။ ၉၉%တစ်ခုရှိတာတောင် လုံလောက်နေပြီကို အခု နောက်ထပ် ၉၆% ဟုတ်လား?

ရှန့်ခယ်က အမှောင်ကင်းစောင့်တွေရဲ့ သီးသန့်လမ်းပြလေးဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ လိုက်ဖက်ကိုက်ညီမှုနှုန်းကြီးက အရမ်းမြင့်လွန်းနေတာပဲကို!

မစ်ချယ်က အကဲဖြတ်စစ်ဆေးမှုအခန်းထဲကနေ  ထွက်လာခဲ့ပြီး ရှန့်ခယ်ဆီကို ပိုမိုပြင်းထန်တဲ့ အကြည့်တို့နဲ့ စူးစူးစိုက်စိုက်ကြည့်လို့နေတယ်။ သူ့မျက်ဝန်းတွေထဲမှာ ပျော်ရွှင်မှု၊ ကြည်နူးမှုတို့နဲ့အတူ တပ်မက်မှုတို့က မှေးမှိန်မသွားပဲ အထင်းသားဖြစ်လို့နေတယ်။ မစ်ချယ်ရဲ့ အဲ့ဒီလို အဆုံးစွန်သော ခံစားချက်များက သူ့ရဲ့ ဝိဉာဉ်ထဲအထိ နစ်မြုပ်နေခဲ့ပြီး အမှောင်ကင်းစောင့်တိုင်းကို တားမရဆီးမရဖြစ်သွားစေတယ်။ ယိုးနစ်က မစ်ချယ်ကြောင့် စိတ်လှုပ်ရှား ရင်ထိတ်နေရတာကို မအံ့ဩတော့ပါဘူး။ ဒီလိုမျိုး အထူးသီးသန့် လမ်းပြလေးဆိုတာက အမှောင်ကင်းစောင့်တွေအားလုံးအတွက်တော့ အိပ်မက်ရတနာလေးပဲလေ။

“ယိုးနစ်၊ ငါကလည်း ရှန့်ခယ်နဲ့ လိုက်ဖက်ညီမှု ၉၆%ရထားတဲ့ Aအဆင့်အမှောင်ကင်းစောင့် တစ်ယောက်ပဲ”
တစ်နည်းဆိုရလျှင်တော့ မစ်ချယ်က သူကလည်း ရှန့်ခယ်ကို သူ့ရဲ့ လမ်းပြဖြစ်စေဖို့ အဆင့်မှီတယ်လို့ ပြောလိုက်ခြင်းပင်။ မစ်ချယ်က ယိုးနစ်ကို တည်ငြိမ်စွာနဲ့ပဲ ကြည့်နေလိုက်တယ်။

“အဲ့ဒီတော့ ဘာဖြစ်လဲ? သူက ငါ့တစ်ယောက်တည်းရဲ့ အိမ်ထောင်ဖက်ပဲ ဖြစ်နိုင်မယ်” ဟု ယိုးနစ်က အေးစက်စွာနဲ့ ပြောလိုက်တယ်။

“ငါတို့ ကြည့်ကြသေးတာပေါ့” မစ်ချယ်က ရှန့်ခယ်ကို ထပ်မံဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့တယ်။ သူ့ရဲ့ ရှည်လျားတဲ့ ခရမ်းရောင်ဆံနွယ်တွေက လေထဲမှာ ဝေ့ဝဲလို့နေပြီး သူ့ရဲ့ ပုံရိပ်က ကြော့ရှင်းသပ်ရပ်လို့နေတော့တယ်။

“ကျ ကျွန်တော်ကလည်း လမ်းပြရှန့်ခယ်နဲ့ လိုက်ဖက်ညီမှုနှုန်း အကဲဖြတ်စစ်ဆေးဖို့ တောင်းဆိုပါတယ်!” ရုတ်တရက်ပဲ Bအဆင့်အမှောင်ကင်းစောင့်တစ်ယောက်က စိတ်အားထက်သန်စွာ လျှောက်ထားလိုက်တယ်။

အဲ့ဒီ့နောက်မှာတော့ တူညီတဲ့တောင်းဆိုချက်တွေက ခန်းမထဲမှာ ပဲ့တင်သံထွက်လာပြီး အမှောင်ကင်းစောင့်တိုင်းလိုလိုက စံချိန်စံညွှန်းထက် ကျော်လွန်တဲ့ လိုက်ဖက်မှု အကဲဖြတ်စစ်ဆေးခြင်း အတွေ့အကြုံကို ရယူလိုကြတယ်။

Aအဆင့် အမှောင်ကင်းစောင့်တစ်ယောက်က အခုလေးတင်ပဲ သူ့ရှေ့မှာ ပေါ်ပေါ်ထင်ထင်တွေလုပ်ပြခဲ့ပြီး နာမည်တောင်မရှိတဲ့ - A, B, C, D - လို့ နာမည်တပ်ခေါ်နေရတဲ့ ဖြတ်လျှောက်အုပ်စုကတောင် ဝင်နှောင့်ရဲနေပြီပေါ့? ယိုးနစ်က လွှတ်ခနဲအော်ပစ်လိုက်ပြီး သူ့ရဲ့ ပြင်းထန်တဲ့စိတ်ဝိဉာဉ်စွမ်းအားတွေက ပတ်ပတ်လည်မှာ ပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုလိုပဲ ရိုက်ခတ်သွားတော့တယ်။ ကင်းစောင့်တွေက ရုတ်တရက် ပြင်းထန်စွာ ထိတ်လန့်မှုကို ခံစားလိုက်ရပြီး သူတို့ရဲ့ စိတ်ဝိဉာဉ်အကာအကွယ်တွေကို ဖွင့်ကာ ယိုးနစ်ရဲ့ စိတ်ဝိဉာဉ်အကျပ်ကိုင်ချိန်းခြောက်မှုကို ခုခံလိုက်ကြရတော့တယ်။

*[ ယိုးနစ်ပြောတဲ့ နာမည်မရှိ A,B,C,D ဖြတ်လျှောက်အုပ်စုဆိုတာက ဝတ္ထုထဲမှာ စာရေးဆရာက အဖက်လုပ်နာမည်ပေးခြင်းတောင် မရှိတဲ့ စာကြောင်းတစ်ကြောင်းစာလောက်သာပါတဲ့ Aပုဂ္ဂိုလ်၊ Bပုဂ္ဂိုလ် စသဖြင့် အခေါ်ခံရတဲ့ ဖြတ်လျှောက်လေးတွေကို ဆိုလိုတာပါ]*

ဟမ့်!

ယိုးနစ်က ရှန့်ခယ်ရဲ့ ခါးလေးကို ဆွဲဖက်လိုက်ပြီး စိတ်ဆိုးစွာဖြင့် ကြက်သေသေနေကြတဲ့ ကင်းစောင့်တွေကို ဖြတ်ကျော်သွားလိုက်တယ်။ ကင်းစောင့်တွေအကုန်လုံးက ယိုးနစ် သူတို့ကို ဖြတ်ကျော်သွားပြီး တော်တော်ဝေးဝေးကို ရောက်သွားခါမှသာ အသက်ရှုနိုင်ကြတော့တယ်။

အိုင်း၊ လမ်းပြတစ်ယောက်ဆိုတာ သူတို့လို လူတိုင်းအတွက် မွေ့လျော်စေရာ အာရုံခံစားဖွယ်ရာလေးဆိုပေမယ့်လည်း ရှန့်ခယ်ကတော့ လူတိုင်းက တတ်နိုင်တဲ့အရာလေးမဟုတ်ဘူးပဲ။

ဒါပေမယ့်လည်း ဒါက သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေကို မတားဆီးနိုင်ပါဘူး!

အဲ့ဒီ့ညမှာပဲ၊ အင်တာနက်ပေါ်မှာ ရှန့်ခယ်ရဲ့ သတင်းအချက်အလက်တွေ ပေါ်ပေါက်လာခဲ့တယ်။ သူက အမှောင်ကင်းစောင့်တွေရဲ့ ပထမဦးဆုံး တစ်ဦးတည်းသော အထူးသီးသန့်လမ်းပြလေး၊ ပြီးတော့ သူက အသန်မာဆုံး ယောင်္ကျားနှစ်ယောက်ဖြစ်တဲ့ ယိုးနစ်ရယ် မစ်ချယ်ရယ်နှင့် လိုက်ဖက်ညီမှုနှုန်း ၉၉% နဲ့ ၉၆% အသီးသီး ရခဲ့တဲ့သူလေးပဲ။ အဲ့ဒီ့အချိန်မှာပဲ အမှောင်ကင်းစောင့်တွေက ရှန့်ခယ်ကို သူတို့ရဲ့ နတ်ဘုရားအဖြစ် မှတ်ယူလိုက်ကြတယ်။ တချို့လူတွေဆိုလျှင် ရှန့်ခယ်နဲ့ ကင်းစောင့်တစ်ယောက်ရဲ့ မပြောအပ်တဲ့ ဖန်ဖစ်ရှင်(စိတ်ကူးယဉ်ဇာတ်လမ်း) တွေကိုတောင် ရေးကုန်ကြတယ်။

အမှောင်ကင်းစောင့်များက အနှစ်သာရမဲ့၊ အထီးကျန်ပြီး အေးတိအေးစက်ကြီးတွေ ဆိုတဲ့ နာမည်ဆိုးနဲ့ကျော်ကြားကြတယ်။ အခုတော့ သူတို့မှာ အရှေ့ကိုဆက်လျှောက်လှမ်းဖို့ ပန်းတိုင်ရှိနေကြပြီ။ သူတို့ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားကြပဲ နေနိုင်မှာလဲ? ထပ်ပေါင်းပြောရလျှင် အခုအချိန်မှာ ပထမဆုံးတစ်ယောက်ရှိနေပြီဆိုရင် နောက်ဆို ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်ဆိုပြီး ရှိမလာနိုင်ဘူးလား? သူတို့ ရှန့်ခယ်ကို မရနိုင်ရင်တောင်မှ သူတို့တွေ ရှန့်ခယ်မွေးလာမယ့် သားသမီးတွေကိုစောင့်နိုင်သေးတယ်လေ!

ကင်းစောင့်တွေက ရှန့်ခယ်ကို ကလေးမွေးဖို့၊ ဖြစ်နိုင်လျှင် ၆လတစ်ကြိမ် မွေးပေးဖို့ တောင်းဆိုကြတယ်!

လမ်းပြအမျိုးသားများရဲ့ မွေးဖွားမှုနှုန်းနဲ့ သန္ဓေသားလောင်းရှင်သန်မှုနှုန်းမှာ မမြင့်မားသော်လည်း မျိုးစေ့သန္ဓေတစ်ခု သန္ဓေတည်ရန် သုံးလသာလိုအပ်ပေတယ်။ သုံးလကြာပြီးနောက်မှာတော့ မျိုးစေ့သန္ဓေလေးကို သဘာဝအတိုင်းတုပပြုလုပ်ထားတဲ့ မွေးမြူရေးသိုလှောင်ကန်လေးထဲသို့ ထည့်ထားပြီး လမ်းပြများကတော့ မျိုးစေ့သန္ဓေသားလောင်းလေးများကို ဆက်လက် ကိုယ်ဝန်ဆောင်နိုင်ကြတယ်။

ရှန့်ခယ်ရဲ့ တည်ရှိမှုက အလွန်ထူးခြားတဲ့အတွက် သူ့ရဲ့ ကလေးမွေးဖွားနိုင်မှုကလည်း အထုံပါရမီပါလာတာမျိုး ဖြစ်နိုင်ပြီး နှစ်ဝက်တစ်ကြိမ်ဆိုတာ လုံးဝကို အိပ်မက်မက်နေတာမဟုတ်ဘူး!

ယိုးနစ်က အင်တာနက်ပေါ်က မှတ်ချက်တွေကိုကြည့်ပြီး ရယ်နေပေမယ့် ရှန့်ခယ်ကတော့ မျက်နှာကြီး မဲမှောင်လို့နေတယ်။ ဒီလူကြီးက စောစောကလေးတင် ဗျစ်တောက်ဗျစ်တောက်လုပ်ပြီး စိတ်ဆိုးနေတာလေ။ ဒါပေမယ့် အခုတော့ ရှန့်ခယ်တစ်ယောက်သာ ‘နှစ်ဝက်တစ်ကြိမ်’ဆိုတာကို တွေ့တိုင်း ကူကယ်ရာမဲ့စွာ မျက်နှာလေးက ရှုံ့မဲ့လို့နေတော့လေတယ်။

“ခယ့်ခယ့်၊ တွေ့လား၊ တစ်နိုင်ငံလုံးက ကိုယ်တို့မှာ မကြာခင်မှာပဲ ကလေးလေးရနိုင်ဖို့ မျှော်လင့်နေကြတယ်” ယိုးနစ်က ရှန့်ခယ်ကို ဖက်ထားပြီး ပျော်ရွှင်စွာနဲ့ ပြောပြနေတယ် “ကိုယ်တော့ ကိုယ်တို့တွေ အမိမြေနဲ့ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေအတွက် တာဝန်မကျေပျက်ကွက်လို့မဖြစ်ဘူးလို့ ထင်တာပဲ”

…ဟီးဟီး။

‘အလွန်အမင်းပျော်ရွှင်ခြင်းက ဝမ်းနည်းမှုကိုဖြစ်စေတယ်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ဒီအဖြစ်မှာလည်း တစ်ယောက်သောသူကတော့ အရင်လို မပျော်ရွှင်နိုင်တော့ဘူးဆိုတာကို သက်သေပြလို့နေတယ်။

ယိုးနစ်က ရည်မှန်းချက်ကြီးစွာနဲ့ ရှန့်ခယ်ကို လက်ထပ်မှတ်ပုံတင်ရန် ခေါ်လာတဲ့အခါမှာတော့ လက်ထပ်ထိမ်းမြားခြင်း သက်သေခံရုံးက ယိုးနစ်ကို ရှန့်ခယ်က နိုင်ငံ့ရတနာအဖြစ် စာရင်းဝင်သွားခဲ့ပြီး ဆက်ဆံရေးတစ်ခုထားရှိလို့ရပေမယ့်(ချစ်သူ/ရည်းစား ထားလို့ရပေမယ့်) တစ်စုံတစ်ယောက်နဲ့ အတည်တကျချည်နှောင်ဖို့(အိမ်ထောင်ပြုဖို့)ကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောကြားခဲ့တယ်။ ထပ်ပြီးတော့ အနာဂတ်မှာလည်း ရှန့်ခယ်ကို နှစ်ယောက်(သို့) နှစ်ယောက်ထက်ပိုတဲ့ အမှောင်ကင်းစောင့်တွေနဲ့ တာဝန်ပေးအပ်ခြင်းခံရနိုင်ခြေကိုလည်း ချန်လှပ်ထားလို့မရကြောင်းကိုပါ ပြောကြားခဲ့တယ်။

ယိုးနစ်ရဲ့ ပုံစံက သူ့ကို မိုးကြိုးအထပ်ထပ် အပစ်ခံလိုက်ရသလိုပဲ ဖြစ်သွားတော့တယ်။
ပြန်ပြောပါဦး၊ ဘာပြောလိုက်တယ်?!

ရုတ်တရက် ‘နိုင်ငံတော်ပိုင်ပစ္စည်း’ ဖြစ်လာကြောင်း သိလိုက်ရတဲ့ ရှန့်ခယ်ခင်မျာမှာတော့၊ ဇာတ်ကြောင်းတိုးတက်မှုကြီးက တစ်ခုခုတော့ မှားနေပြီထင်တယ် …

သူရဲကောင်းဆန်စွာသေဆုံးခြင်းစနစ်Where stories live. Discover now