part (3)

53 2 2
                                    

Uni

မဒီ~မဒီ~
သမီးသတိရလား အန်တီမြပါ~

မှုန်ဝါးဝါးမြင်ကွင်းကိုဖြိုခွင်းလိုက်သောအခါ
အန်တီမြ~ ocean လေးရော

ရှိတယ်သမီး~မင်းမြတ်သားလေးရေ
မေမေသတိရလာပြီ

မေမေ~ နေကောင်းသွားပြီလား

မေမေနေကောင်းသွားပါပြီကလေးရယ်~

မဒီ~သက်သာရဲ့လား
ဘုန်းမြတ်!

အန်တီမြ ကျွန်မဖုန်းရော~

အော်~မောင်ဘုန်းမြတ်ဆီမှာ

မဒီဖုန်းကကွဲနေပြီ၊ ကိုယ်လွှတ်ပြစ်လိုက်ပြီ၊ နောက်နေ့မှအသစ်ဝယ်လာပေးမယ်နော်

ဘာ!

လူယုတ်မာ!ရှင်ဘာလုပ်ထားလဲဆိုတာကျွန်မအားလုံးသိပြီးပြီ၊ ရှင့်ကိုရဲတိုင်ပြီးအမှု့ဖွင့်မယ်~

မဒီ~ကိုယ်ရှင်းပြမယ်စိတ်ကိုအေးအေးထားပါကွာ၊ အဲ့တာတွေအားလုံးကထွန်းရှိန်အကွက်ချပြီး သက်သက်ချောက်ချခံရတာပါ

ရှင့်မျက်နှာကိုကျွန်မမြင်ချင်ဘူးထွက်သွား

မဒီ! ကိုယ့်ကိုအဲ့လိုမနှင်ပါနဲ့

မောင်ဘုန်းမြတ်~မဒီကနေကောင်းတာမဟုတ်ဘူး နှစ်ယောက်သားစိတ်လျော့ပြီးပြောကြပါကွယ်

မင်းမြတ်~လာဖွားဖွားအိမ်မှာ ငါးလေးတွေသွားကြည့်ရအောင်နော်

ဟုတ်ကဲ့~ဖွားဖွား
------
မဒီ~ကိုယ်မှားတယ်ဆိုပေမယ့်၊ဖြစ်ပြီးတာအားလုံး ပြီးသွားပြီ၊ ကိုယ်တာဝန်ယူပါရစေ၊ မင်းကိုကိုယ်ချစ်တယ်

ဖြန်း!

ဘုန်းမြတ်ပါးကိုအားကုန်လွှဲရိုက်ချလိုက်သည်။

မဒီ~ကိုယ့်ကိုရိုက်ပါ၊ မင်းစိတ်ကျေနပ်တဲ့ထိ ရိုက်နိုင်တယ်~

ရှင်!ဘာလို့ကိုမင်ခ အပေါ်အဲ့လိုလုပ်ရက်ရတာလဲ၊ ကျွန်မသားလေးနဲ့ ကျွန်မဘဝကိုရှင်ဘယ်လိုအကြံစည်တွေနဲ့ရောက်လာပြီး ရက်စက်ရတာလဲ မဒီအဖြစ်ပျက်တွေအားလုံးအတွက်မျက်ရည်တွေအဖြစ်ငိုချလိုက်တော့သည်.....

မဒီ~ကိုမင်းခ မင်းနဲ့မိတ်ဆက်ပေးခဲ့တဲ့နေ့ထဲက ကိုယ်မင်းကိုမြတ်မြတ်နိုးနိုးနဲ့ချစ်မိခဲ့တာပါ၊ မင်းရဲ့အလှ၊မင်းရဲ့မာန၊ မင်းရဲ့သဘောထားအားလုံးမှာ ကိုယ်နစ်မွန်းခဲ့တယ် မင်းအနားမှာရှိနေတဲ့ ကိုမင်းခအပေါ် ကိုယ်မနာလိုမိတယ်၊ ကိုယ်သူကိုရှင်းထုတ်ခဲ့ပေမယ့်~ အားလုံးကကိုယ့်အပစ်ပဲ မဟုတ်ဘူး ကိုယ့်အမှားကိုပြန်ပြင်ဖို့
ကိုမင်းခကိုတားဖို့ကျိုးစားခဲ့ပေမယ့် မမှီတော့ဘူး၊သူက သွားရမယ့်အချိန်ထက်စောထွက်သွားခဲ့တာ၊ ကိုယ်ရောက်သွားတဲ့အချိန်မှာ အားလုံးကဖြစ်ပြီးနေပြီ

significant other Where stories live. Discover now