part (5)

38 2 0
                                    

Uni

‌ဆေးလဲဝင်ပြီရေပတ်တိုက်ထားသည်မို့အဖျားတော့အနည်းငယ်သာကျန်တော့သည်။ နေနေလေးဘေးမှာပဲထိုင်ကာသူဇာစောင့်နေပေးသည်...သားကတော့ဆေူအရှိန်ကြောင့်အိပ်နေရှာလေသည်၊နိူလာရင်တော့ကောင်းသွားလောက်ပြီ...

မမသူဇာ၊ နန်းမူပြောစရာရှိလို့

အင်းပြောလေနန်းမူရဲ့~

မနက်ဖြန်တောင်ကြီးဈေးနေ့လေ၊အဲ့တာနန်းမူသွားချင်လို့၊ အန်တီမြိုင်ကအပြင်မထွက်တာ တစ်လလောက်ရှိပြီ၊သူနေမကောင်းတော့နန်းမူလဲဘယ်မှမသွားဖြစ်ဘူးလေ၊ဈေးလဲမသွားဖြစ်ဘူး အန်တီမြိုင်ကလူလွှတ်ပြီးပဲတစ်ပတ်စာဝယ်ဝယ် ခိုင်းနေတာ အဲ့တာအကိုလေးကျော်စွာကို ဈေးနေ့သွားလည်ရအောင်ပြောကြည့်မလားမမသူဇာ

မေမေကသူလုပ်ချင်မှလုပ်သည်သွားချင်မှသွားသည်။ သုါဆန္ဒမပါလျှင်ဘာမှမလုပ်ဆိုတာသူဇာသိပေမယ့်၊ နန်းမူလိုမိန်းကလေးတစ်ယောက်မေမေ့အနားမှာနေနိုင်တာတော့ချီးကျူးမိသည်...

"ဟုတ်လားနန်မူ၊နန်းမူပျင်းနေတာပေါ့၊ မမသူဇာလဲသွားချင်တယ် ဝယ်စရာလေးတွေရှိတယ်လေ"

"မမသူဇာကသဘောကောင်းလိုက်တာ၊
နန်းမူလေမမသူဇာနဲ့နေချင်လိုက်တာ၊ဒါနဲ့
နေနေလေး ကမမနဲ့နေတာ နှစ်နှစ်ကျော်လောက်ရှိပြီဆိုတော့ ပုံစံလေးပြန်ပြောင်းသွားတယ်နော်"

နန်းမူကနေနေလေးကိုချစ်သည်မို့မေမေရိုက်ရင်တောင်ကာဆီးကာဆီးလုပ်လွန်းလို့သူပါရောအရိုက်ခံရတာသူဇာသိသည်။
ဆယ်ကျော်သက်အရွယ်ထဲက ဒီအိမ်မှာတွေ့ခဲ့ရတဲ့နန်းမူက အခုတော့အရွယ်အတော်ရောက်လာပြီး...

"‌မေမေကမြေးနှစ်ယောက်ရှိတာကိုတစ်ဦးကိုပိုပြီးဘက်လိုက်နေသလိုဖြစ်နေသလားနန်းမူ"

နန်းမူကဒီအိမ်မှာအနီးကပိဆုံးနေရသူမို့သာသူဇာတည့်တိုးမေးလိုက်တော့သည်

"အဲ့လိုတော့မဟုတ်လောက်ပါဘူးမမရယ်~နေနေကအရမ်းလိမ္မာတာ
ဒါပေမယ့်လေအန်တီမြိုင်ကအမှားမခံဘူး အဲ့တာကြောင့်တစ်မျိုးဖြစ်နေတာပါ"

တွေဝေနေတဲ့မမသူဇာမျက်နှာကိုနန်းမူသိသည်

မေမေနဲ့နေတုန်းကသားလေးအပေါ်အရမ်းစည်းကမ်းတင်းကြပ်တာတွေ ရိုက်နှက်ဆုံးမတာတွေလုပ်တယ်လို့နေနေလေးကမမကိုပြောပြဖူးတယ်၊ နေနေကတကယ်တော့လိမ္မာတဲ့ကလေးပါကွယ် ဘာကြောင့် မေမေကဒီကလေးကိုအပြစ်မြင်နေလဲ မမသူဇာလဲမသိတော့ပါဘူးနန်းမူရယ်~

significant other Where stories live. Discover now