part (6)

35 1 0
                                    

Uni:

မီဖိုးချောင်မှာချက်ပြုတ်ရင်းခြံတခါးဖွင့်သံကြားမိတာနဲ့အိမ်ရှေ့ကိုအန်တီမြထွက်လာသည်နှင့် မမျှော်လင့်ထားတဲ့သူက ‌‌အိမ်ထဲရောက်ရှိနေလေသည်...

"ဒေါ်ခင်မြရင်**

နာမည်ကိုအလုံးရင်းခေါ်ခံလိုက်ရခြင်းကမသိစိတ်ထဲကိုအနည်းငယ်တုန်လှုပ်စေသည်..

"ဟင်! မောင်ဘုန်းမြတ်! အန်တီ့အိမ်ထဲဘယ်လိုဝင်လာတာလဲ"

"အန်တီကခြံတံခါးကိုသော့မှမခတ်ထားပဲ၊ ဆိုတော့လွယ်လွယ်ကူကူ လမ်းလျောက်ဝင်လာတာပါဗျာ"

ထိုအခါမှဈေးကပြန်လာပြီးအမှတ်မထင်သော့ခတ်ဖို့မေ့ခဲ့သည်ကိုဒေါ်မြသတိရတော့သည်...

"ဒါနဲ!ခင်ဗျား...ဟိုရက်ကရန်ကုန်ကိုဘာသွားလုပ်တာလဲ"

"ဟို~ဟို~
ဘုရားဖူးသွားတာပါကွယ်"

ဘုရား!ဘုရား!ငါရန်ကုန်သွားတာသူဘယ်လိုသိသွားတာပါလဲနော်၊မထိပ်သာမလန့်သာရှိလွန်းလှသော်လည်း ဒေါ်မြ
ကိုယ့်ကိုကိုယ်ဟန်မပျက်သာနေလိုက်သည်

"ဟွန့်!
ကျွန်တော်မေးတုန်းကမဒီကမော်လမြိုင်မှာဆို၊ မော်လမြိုင်မှာမဒီ့ဆွေမျိုးတွေမရှိပါဘူး၊ဒေါ်ခင်မြရင်ရဲ့...
ကျွန်တော့်ကိုလိမ်နေတာလား‌ခင်ဗျား!"

Formula suit ကိုရိုးရိုးရှင်းရှင်းသာဝတ်ထားပြီးခပ်ညိုညိုအသားရည်နှင့်ထောင်ထောင်မောင်းမောင်း ယောက်ျားသားတစ်ယောက်မို့ ဒေါ်မြလဲ တစ်ယောက်ထဲရှိနေချိန်မို့ကြောက်မိသည်။ သို့သော် မဒီတို့သားအမိကိုတက်နိုင်သလောက်ကူညီပေးဖို့ကတိပေးထားပြီးပြီပဲ...ဆက်သည်းခံပေးဖို့သာတွေးထားသည်။

ဘုန်းမြတ်အိတ်ကပ်ထဲကစီးကရက်ဘူးကိုထုတ်ကာမီးငြိလိုက်ပြီး အငွေ့တွေကိုဝင်သက်အတိုင်းရှုရိုက်လိုက်သည်.....
"လူဆိုတာကိုယ်တန်ဖိုးထားတာလေးထိမှနာတက်ကြတာမလားအဲ့တော့ ကျွန်တော်ကောင်းကောင်းမွန်မွန်ဘဲပြောမယ်

"အန်တီမြသားရဲ့မိန်းမမှာကိုယ်ဝန်ရှိနေပြီဆို၊ ဆိုတော့ မြေးလေးကိုဖေဖေလို့ခေါ်
စရာရှိချင်သေးရင်၊ ကျွန်တော်နဲ့ပူးပေါင်းပေးမလား"

significant other Where stories live. Discover now