part(8)

23 3 2
                                    

Uni

ဆောင်းညအေးအေးမှာအတွေးတွေကကိုယ့်ကမ္ဘာတစ်ခုလုံးကိုစိုးမိုးထားသလိုဖြတ်တောက်လို့လဲမရ၊စိုးရိမ်ပူပန်ခြင်း
တို့နှင့်စမ်းတဝါးဝါးလျှောက်လှမ်းနေရခြင်းမှဦးတည်ချက်ရှိတဲ့လမ်းကရောလမ်းမှန်ဖြစ်လိမ့်မလား.....
ပထမဆုံး johnနဲ့ ကျွန်မတွေ့ဆုံခဲ့တာ ရန်ကုန်က ကျွန်မအလုပ်လုပ်နေတဲ့ရုံးချုပ်မှာပေါ့၊ လုပ်ငန်းရှင်ကြား စကားအသယ်အဆောင်ကောင်းတဲ့ကျွန်မကြောင့် သူဠေးက သူ့ရဲ့ VIP လုပ်ငန်းရှင်ဧည့်သည်ကိုကျွန်မနှင့်သာအပ်သည်၊ John ကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဲ့ကတည်းက
ကျွန်မတို့မိတ်ဆွေတွေဖြစ်သွားကြတယ်....

ဒီလိုနဲ့ကျွန်မcompany ရဲ့ project အတွက် စကားပြန်လုပ်ပေးဖို့ ဘန်ကောက်ကိုရောက်လာခဲ့တယ်၊ တစ်ဖက်ကလုပ်ငန်းရှင်ကကျွန်မနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ johnပါပဲ johnက England နိုင်ငံသားတစ်ယောက်ပေါ့ သူ့ကသူ့ရဲ့ design agency ကို ဘန်ကောက်မှာထပ်ဖွင့်ဖို့အတွက်လေ
ပြီးတော့ဒီတစ်ခေါက် johnအနားမှာ ocean လေး အရွယ်လောက်ကလေးတစ်ယောက်လဲပါတယ်ဒီလိုနဲ့သူက single father တစ်ယောက်ဖြစ်တယ်ဆိုတာသိခဲ့ရတယ်၊ ဒီproject အတွက် ကျွန်မနဲ့ John ကအနီးကပ်အလုပ်လုပ်ခဲ့ရတာကြောင့်သူနဲ့ ကျွန်မပိုပြီးရင်းနှီးကြသလို လုပ်ငန်းပြင်ပအထိအတူစကားပြောဖြစ်အောင် John နဲ့ကျွန်မက အစပ်ဟပ်တည့်လွန်းသည်

Johnကကျွန်မကို လှပပြီး ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်လို့ အမြဲချီးကျူးတယ်၊ ပြီးတော့ coffee dataတစ်ခုမှာသူနဲ့ကျွန်မလုပ်ငန်းအကြောင်းဆွေးနွေးရင်း
ကျွန်မကိုလက်ထပ်ခွင့်တောင်းခဲ့တယ်၊ အခုချက်ချင်းကြီးလက်မခံသေးပဲ ကျွန်မအဆင်သင့်ဖြစ်တဲ့အထိသူအမြဲစောင့်နေ
မယ်လို့လဲ‌ဆိုတယ်....
သူကကျွန်မထင်ထားတာထက်ပိုပြီး ကျွန်မကိုနားလည်ပေးနိုင်တယ်ကျွန်မတို့ကဘဝချင်းအတော်နီးစပ်တယ်၊ John ရဲ့ အမျိုးသမီးက Edward လေးကိုမွေးပြီးထဲက သူတို့သားအဖကိုစွန့်ပစ်သွားခဲ့တာ.....
အဲ့ကတည်းက johnက business အတွက်သာသူ့အချိန်တွေကိုသုံးခဲ့ပြီး အခုလိုအောင်မြင်တဲ့ design agency founder တစ်ယောက်ဖြစ်လာခဲ့တာပေါ့....
project ပြီးသွားတော့ကျွန်မမြန်မာပြည်ကိုပြန်ရောက်လာပြီး John နဲ့ကျွန်မကတော့
အဆက်သွယ်ရှိနေတုန်းပဲ ကျွန်မJohnနဲ့လက်ထပ်ပြီးရင်
UK ကိုလိုက်သွားရမည်၊ ကျွန်မအနေနဲ့ John လိုလူမျိုးကိုငြင်းစရာမရှိပါဘူး ဒါပေမဲ့ ကျွန်မကမိခင်တစ်ယောက်ဖြစ်နေတော့သားအတွက်အများကြီးတွေးပေးမိတယ်သားအတွက်ရောကျွန်မအတွက်ရောယုံကြည်အားကိုးရတဲ့ johnနဲ့လက်ထပ်ပြီး UK ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်
ကျွန်မကိုယ်တိုင်လဲ John အပေါ်မေတ္တာရှိနေတာကြောင့်ရောပေါ့..............

significant other Where stories live. Discover now