part (7)

23 2 0
                                    

Unicode:

တောက်ပြောင်နေတဲ့မှန်နံရံတွေရယ်ပြောင်လက်လက်ခြေနင်းစရာနေရာတွေနဲ့
အဆောက်အုံအကျယ်ကြီးတစ်ခုမှာ သီးသန့်ဆန်စွာရောင်းချနေကြတဲ့ အကောင်းစားဘရမ်းတွေ၊ဖိနပ်တွေကငေးမောလောက်စရာကောင်းသည်...
မန္တလေးမှာမေမေနဲ့ဒီလိုနေရာတွေလည်ဖူးပေမယ့်၊ ဒီနေရာကပိုမိုက်တယ်လို့တော့ခံစားမိတယ်
မန္တလေးမှာတုန်းက အပြင်မကြာမကြာသွားရပေမယ့်ရန်ကုန်ရောက်တော့ နေရာသစ်မို့မေမေကအပြင်တော့သိပ်လိုက်မပို့တော့ဘူး... အပြင်ထွက်ခဲ့တာလွန်ခဲ့တဲ့နှစ်လလောက်ကဖြစ်မယ်ထင်တယ်
ရွှေတီဂုံဘုရားကိုနောက်ဆုံးရောက်တာပဲ ဖေဖေဆုံးသွားတာ တစ်နှစ်ပြည့်မို့အဲ့တုန်းကမေမေနဲ့သားက ကုသိုလ်ကောင်းမူ့တွေသွားလုပ်ခဲ့တယ်

မေမေကသားကိုကြင်ကြင်နာနဲ့အမြဲဂရုစိုက်တယ် "ကလေးလေး"ဒါမှမဟုတ် "oceanလေး" လို့ခေါ်ရင်သား အရမ်းပျော်တယ်...ဖေဖေမရှိတော့တဲ့နောက်ပိုင်း အခု့လိုအပြင်သွားလည်ရင်မေမေက သားလက်ကိုသေချာကိုင်ထားပြီး တူတူလမ်းတွေလျောက်ကြတယ်အခုတစ်ခါအပြင်ထွက်လည်တော့သားလက်ကိုကိုင်ပြီးလမ်းလျောက်နေတာကိုကိုလေ
ကိုကို ကမေမေ့လိုပဲ သားကို oceanလေးလို့ခေါ်တယ်၊ သူကပင်လယ်ပြာပြာကြီးတွေကိုသဘောကျလို့ သားနာမည်ကိုမေမေခေါ်သလို ocean လို့ပဲခေါ်တယ်

ခပ်မိုက်မိုက်အင်္ကျီဆိုင်တစ်ခုမှာ အန်တီသူဇာက ‌oceanနဲ့နေနေ့ကို အင်္ကျီဆင်တူဝယ်ပေးတယ်...
အန်တီသူဇာကနတ်သမီးလေးလိုပဲ၊ သားကိုအမြဲဂရုစိုက်တယ် သားကြိုက်တာတွေလဲလုပ်ပေးတယ်၊ ပြီးတော့သားကိုသူ့သားလေးလိုချစ်တယ်လို့လဲပြောဖူးတယ်

တိရိစ္ဆာန်ဥယျာဉ်ကိုလဲသွားလည်ခဲ့တယ်
တစ်မိသားစုလုံးပျော်ရွှင်ရွှင်နှင့်ပြုံးရွှင်နေကြတယ်၊ အဝင်လက်မှတ်ဝယ်ဖြတ်ပေးပြီးတာနဲ့ နေနေနဲ့oceanက လက်ချင်းတွဲကာရှေ့ကနေပြေးထွက်သွားတော့သည်။ လမင်းကအနောက်ကပြေးလိုက်ပြီး နှစ်ယောက်လုံးကိုမိသွားတော့သုံးယောက်အတူတူလမ်းလျောက်ရတော့တာပေါ့
အရင်ဆုံးတွေ့ရတဲ့ကောင်က ကြံကြီး သူကရေကန်ထဲကနေ ပါးစပ်ကြီးဟကာအစာတောင်းတယ် နှာခေါင်းနေရာမှာ အစွယ်ကြီးရှိတယ်
လမင်းကကြံပါးစပ်ထဲကိုကန်စွန်းရွက်တွေပစ်ချတော့ ကလေးနှစ်ယောက်ကပါ ကြံကြီးရဲ့ပါးစပ်အကျယ်ကြီးထဲကိုကန်စွန်ရွက်တွေပစ်ချတော့သည်
ကန်စွန်ရွက်တွေအများကြီး ကြံ့ကြီးပါးစပ်ထဲရောက်သွားတော့သူက တကျွတ်ကျွတ်ဝါးစားလေတော့သည်...
စပို့ရှပ်အင်္ကျီအဖြူ၊ဒူးခေါင်းအထက်ဂျင်းဘောင်းဘီတိုလေးတို့နှင့် နေနေက လက်နှစ်ဖက်မှာကန်စွန်းရွက်တွေကိုင်ထားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေ မှိတ်ကျသည်အထိ သဘောတကျရယ်နေတော့သည်။

significant other Where stories live. Discover now