''Ricky မပြီးသေးဘူးလား ခုထိ ဘာလုပ်နေလို့အဲ့လောက်ကြာရတာလဲ?''
အောက်ထပ်ကနေလှမ်းအော်နေတဲ့ Daddy အသံကြောင့် Ricky အမြန်ပြင်ဆင်ရတော့သည် အကြောင်းကတော့ သူ့မိတ်ဆွေ
တစ်ယောက်နဲ့ညစာအတူစားရန်လိုက်ခဲ့ဖို့ အတင်းခေါ်ထားခြင်းဖြစ်သည်ပုံမှန်ဆို Ricky Daddy စကားနားထောင်ပေမယ့် ဒီညမှာတော့ Gyuvin တို့နဲ့အပြင်သွားဖို့ချိန်းထားတာကိုဖျက်လိုက်ရသည်မို့ အောင့်သက်သက်ဖြစ်နေခြင်းပင်
လှေကားပေါ်ကဆင်းလာသည့်တစ်ခေါင်းလုံး
ဖြူပြီး နားပေါက်တွေမှာနားကပ်အပြည့်နဲ့ သားကို
ကြည့်ရင်း ရှန်သူဌေးကြီး သွေးတက်နေတော့သည်''အမြန်လာ နောက်ကျနေပြီ''
တစ်ဦးတည်းသောသားလေးဖြစ်သည့်အပြင် ငယ်ငယ်တုန်းတည်းက မိတဆိုးလေးလဲဖြစ်
စိတ်ဒဏ်ရာရခဲ့တဲ့အတိတ်တွေလဲရှိနေတာမို့ ရှန်သူဌေးကြီး သားဖြစ်သူကို အလိုလိုက်ပြီး ဘာမှသိပ်မပြောပဲလွှတ်ထားခြင်းသာဖြစ်သည်Ricky စူပုတ်နေတဲ့ရုပ်နဲ့ပဲအဖေ့ကားပေါ်တက်လိုက်လာသည် တစ်လမ်းလုံးလဲ Daddy ကိုစကားမပြောပဲနေလိုက်သည်
''Ricky ရောက်ပြီ''
Daddy ပြောသံကြားမှအပြင်ကိုကြည့်မိတော့ အရမ်းကိုခမ်းနားတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာညစားစားကြမယ်လို့ထင်ထားတဲ့ Rickyရဲ့အတွေးတွေတစ်စစီ လွင့်ပျောက်သွားသည်
သာမာန်လမ်းဘေးဆိုင်လေးတစ်ဆိုင်ဖြစ်ပြီးလူတွေလဲရှုပ်နေသည်မို့ Ricky ပိုအံ့သြသွားရသည်
Daddy သူငယ်ချင်းကဘယ်လိုလူပါလိမ့်ဟုတွေးမိသည်အထိပင်
ဆိုင်ထဲကိုရောက်တော့ Daddy မိတ်ဆွေကို အသည်းသန်ရှာကြည့်မိသည်
Daddy ကတောင်မေးယူရသည်အထိ ပြာယာခတ်နေတဲ့ Rickyအဖြစ်''Ricky ဘာတွေအဲ့လောက်အသည်းသန်ရှာနေရတာလဲ''
''Daddy ပဲ Daddy သူငယ်ချင်းနဲ့ညစာစားမလို့ဆို ဘယ်မှာလဲအဲ့သူငယ်ချင်းက ပြီးတော့ဆိုင်အကြီးကြီးမှာလဲမဟုတ်ဘူး''
''ဟားဟား ဒီကောင်လေးကတော့ Daddy ပြောပြမယ် Daddy က သူဌေးဖြစ်တယ်ဆိုတိုင်း သူဌေးနဲ့ပဲပေါင်းရမယ်ဆိုတဲ့သတ်မှတ်ချက်မရှိဘူးလေ ဘယ်လိုလူတန်းစားဖြစ်နေပါစေ သူငယ်ချင်းကသူငယ်ချင်းပဲ Ricky ရဲ့ ''